သင်ခန်းစာ ၁၄

ယုန်နှင့်လိပ်

       တနေ့သ၌ ယုန်နှင့်လိပ်တို့ တွေ့ဆုံကြရာ ယုန်က "အဆွေလိပ်၊ သင်သည် အသွားနှေးသည်" ဟု ကဲ့ရဲ့၏၊၊ ထိုအခါ လိပ်က "အဆွေယုန် သင်နှင့်ငါအပြေးပြိုင်ဝံ့သည်၊၊ သင့်ကိုငါမကြောက်" ဟု ဆို၏၊၊

        ယုန်ကလည်း "ကောင်းပြီ၊ ငါတို့အပြေးပြိုင်ကြမည်" ဟု ပြော၏၊၊

        နောက်နေ့နံနက်၌ ယုန်နှင့်လိပ်တို့သည် အပြေးပြိုင်ကြလေ၏၊၊

        ယုန်သည် လျင်မြန်စွာ ပြေးလေသည်၊၊ လိပ်မှာမူကား မရပ်နားဘဲ တရွေ့ရွေ့ သွား၏၊၊ ယုန်သည် မြက်ခင်းတခုသို့ ရောက်သောအခါ ငါသည် ပန်းတိုင်နှင့် နီးကပ်လာပြီ၊ လိပ်ကိုစောင့်ရန်နားဦးမည်ဟုဆိုကာ တရေးအိပ်လေ၏၊၊

        ယုန်သည် အိပ်နေရာမှနိုးလတ်သော် ထ၍တဟုန်တည်းပြေးလေ၏၊၊ သို့ရာတွင် လိပ်သည် ပန်းတိုင်သို့ ရှေးဦးစွာ ရောက်နှင့်ပြီးဖြစ်လေသတည်း၊၊