ရွှေတိဂုံဘုရား

ဒေါ်ခင်မျိုးချစ် ရေးသည်

Shwedagon

By

Khin Myo Chit

A Wonderland of Burmese Legends

The Tamarind Press

 

ဘုရားမြောက်ဘက်စောင်းတန်း လှေကားအတိုင်း ဘုရားဖူးဟာ အေးအေးမြမြ အုတ်ကြွပ်မိုးအောက်က ဖြေးဖြေးလေး တက်သွားတယ်။ လက်ရန်းတလျှောက် တပြန့်လုံး စန့်စန့်ကြီး ဝပ်နေတာကတော့ မိတ်ဟောင်းဆွေဟောင်း ငမိုးရိပ်မိချောင်းရုပ်ကြီးပေါ့။ စေတီတော်ရှိရာ ချောမွတ်နေတဲ့ ကြွေပြားတွေခင်းထားတဲ့ ဘုရားရင်ပြင် တောင်ထိပ်ကို ဘုရားဖူး ရောက်ပါပြီ။ ခေါင်းပေါ်က ရုပ်တုတွေကြည့်ရင်း ကုန်သည်ညီနောင်နှစ်ယောက်ဇာတ်လမ်း အတွေးမျှင်တန်းမိသေးရဲ့။

Under the cool shelter of the graval roof, the pilgrim slowly ascends the stairway on the northern side of the pagoda. Stretched full length on the balustrade is the huge sculptured likeness of Nga Moe Yeik the Crocodile, an old friend. The pilgrim reaches the top of the hill where a smooth tiled platform opens out under the sky, where the great stupa stands. The pilgrim has yet to pick up the threads of the story of the two merchant brothers right there from the carving overhead.

တိုင်ကြီးနှစ်လုံးကြားမှာ သစ်သားပန်းပုတွေ တစဉ်တတန်းကြီး ချိတ်ဆွဲထားတာကဖြင့် တံခါးဝကခန်းဆီးကြီးမှာ အပြောက်အမွမ်းတွေ ခြယ်ထားသလိုပါပဲ။ လူရုပ် တိရစ္ဆာန်ရုပ်တွေ ဆိုတာလည်း ပန်းပွင့်တွေ၊ အရွက်တွေ ပုရစ်ဥလေးတွေ အထပ်ထပ်ရံလို့။ ပြတင်းပေါက်က ခန်းဆည်းစလေးတွေ အလိပ်လိပ်ဖြစ်နေသလိုပါပဲ။

Between the two massive pillars, a series of wood carvings hangs like a heavily embroidered drapery at a doorway. Groups of human and animal figures are surrounded by the layers of delicately chiselled flowers, leaves and foliage, which fall gracefully like folds of a scalloped edge of a window curtain.

ညာဘက်မှာတော့ လှည်းတန်းကြီးပုံထုထားပါတယ်။ ပုံမှာက သောနနဲ့ဥတ္တရကုန်သည်ညီနောင် ဦးစီးလာတဲ့ လှည်းတွေကို နတ်က ရပ်ခိုင်းထားပါတယ်။ ကုန်သည်ညီနောင်ရဲ့ အရင်ဘဝက ဆွေမျိုး နတ်ကောင်းနတ်မြတ်ပေါ့။ သကျသာကီဝင် သိဒ္ဓတ္ထမင်းသား ဗုဒ္ဓဘုရားရှင်အဖြစ် ဖြစ်ပွင့်တော်မူပြီ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးပါတယ်။ ပြီးတော့ ဘုရားရှင် စံနေတော်မူရာ ဗောဓိပင်ကိုလည်း လမ်းညွှန်လိုက်ပါတယ်။

To the right is the curving that shows a caravan of bullock carts led by two merchant brothers Sona and Uttara being stopped by a nat. He is a good nat who had been a kinsman of the brothers in their formal birth. He gaves thems the glad news of Prince Siddattha of the Sakkya clan attaining Enlightenment as the Buddha. the nat then guides them to the place where the Budha sits under the Bodhi tree.

ဇာတ်လမ်းဆက်တဲ့အခါမှာတော့ ကုန်သည်ညီနောင်နှစ်ယောက် ဘေးမှာထားပြီး ဗောဓိပင်အောက်မှာ စံနေတဲ့ မြတ်စွာဘုရားပုံတော်ကို ထုထားပါတယ်။ ညီနောင်က ပျားမုန့်ဆွမ်းကို ကပ်လို့။ မြတ်စွာဘုရားမှာက ပျားမုန့်ဆွမ်းကို ခံယူဖို့ ပရိက္ခရာက မရှိသေး။ မြတ်စွာဘုရားတို့ထုံးစံက အလှူပစ္စည်းကို လက်နဲ့ခံယူရိုးမရှိတော့ သိကြားမင်းက ကျောက်သပိတ်တစ်လုံး လာလှူပါတယ်။

The story then moves to a carving which shows the Buddha sitting under the Bodi tree with the merachant brothers by his side. The brothers are offering honey cakes to the Buddha, who has not got a receptable to recieve them. Since it is not ment that the Buddha should receive the gift with his bare hands, Thagyarmin came and made an offering of a bowl made of stone.

သမိုင်းပုံပြင်

The Legend

ရွှေတိဂုံဘုရားသမိုင်းအစက ဒီလိုပါ။ မြတ်စွာဘုရားဟောကြားတဲ့ ဒုက္ခချုပ်ငြိမ်းရာ လမ်းစဉ်ကို နာကြားပြီးတဲ့အခါ် ညီနောင်နှစ်ဦးဟာ ဘုရားရှင်ထံပါးက မခွါချင်အောင်ကို ပီတိတွေ ဖြစ်ကြသတဲ့။ မြတ်စွာဘုရားက ဆံတော်ဓာတ်ရှစ်ဆူကိုပေးပြီး ရွှေတိဂုံဘုရားတည်ဖို့ သာသနာ့တာဝန် အပ်နှင်းလိုက်တော့မှပဲ ပြန်လာကြတယ်။

This is the beginning of the Shwedagon pagoda. The brothers hearing the Buddha teach the Path to Cessation of Suffering, were so filled with ecstasy that they could not besr to come away, until the Buddha gave them the 8 Hair relics and an important mision for them to fulfil, namely to be instrumental in the building of  the Shwedagon Pagoda.

ဆံတော်ရှစ်ဆူဟာ ဘုရင့်နိုင်ငံတော်ကြီးဖြစ်တည်လာရာမှာလည်း ပဓာနကျ၊ ပြည်သူတွေရဲ့ လားရာစခန်းကို ဦးဆောင်ပေးတဲ့ သစ္စာတရားရဲ့ အုတ်မြတ်လည်း ဖြစ်ခဲ့ပြီဆိုတော့ တကယ့် အခါကောင်း အခါမြတ်ပါပဲ။ ဆံတော်ဓာတ်တွေကလည်း ညီနောင်နှစ်ပါးလက်ထဲ ရောက်တာနဲ့ ရောင်ခြည်တော်တထောင်လွှတ်လိုက်တာ တောတောင်တစ်ခုလုံး လင်းထိန်သွားတာပါပဲ။ မဟာပထဝီ မြေကြီးကလည်း ကောင်းခြီးပေး တုန်ဟီးလို့။ ပင်လယ် သမုဒ္ဒရာတွေ ဝမ်းမြောက်ဝမ်းသာ ခုန်ပေါက်လို့။ သိကြားနတ်တွေစံရာ မြင်းမိုတောင်ကြီးကလည်း ဦးညွတ် အရိုအသေပြုသတဲ့။ နတ်အပေါင်းကလည်း ရွှင်ရွှင်ပျော်ပျော် သာဓုခေါ်ကြတယ်။

It was a great moment, for, the Eight Hairs were to be the making of a kingdom and an ever enduring foundation of faith that would shape the destiny of a people. As the brothers took the Hairs in their hands, the Hairs shone forth in a thousand brillient hues that illumined the woodlands. The earth trembled with joy and wonder and the resounding clamour arose as the seas and oceans leapt forth in exultation. Mount Meru, the abode of Thagarmin and his nats, bowed its heads in reverence. All the nats let forth a joyous "Well done, Well done."

ညီနောင်နှစ်ပါး မပြန်ခင် မြတ်စွာဘုရား အမိန့်တော်ရှိလိုက်တာက သူတို့ ဇာတိမြေမှာပဲ ရှိတဲ့ ရှေးဘုရားသုံးဆူရဲ့ ဓာတ်တော်မွေတော်တွေရှိရာ သိင်္ဂုတ္တရတောင်ပေါ်မှာ ဆံတော်တွေကို ထာပနာဖို့ပဲ။

The Budha's parting mandate for the brothers was that the Hairs must be enshrined on a hill called Singuttara Hill, in their own native land; because it was on that hill that the possessions of the three preceeding Buddha had been enshrined.

ညီနောင်နှစ်ပါး ဒဂုံကို ပြန်လာပြီ

The brothers return to Dagon (Rangoon)

ှိညီနောင်နှစ်ဦးဟာ ဦးထက်မှာ ရိုရိုသေသေလက်ရှက်ပြီး ဘုရားသခင်ရှေ့တော်က နောက်ဆုတ်ထွက်ခွာလာကြတယ်။ ဘုရားသခင်ရှေ့တော်က အဝေးကြီးရောက်တဲ့အထိ နောက်ပြန် လျှောက်လာဆဲပါ။ နောက်ထပ် သူတို့ တွေးမိသတိထားမိလာတာက ဆံတော်ဓာတ်တွေကိုထည့်စရာ ထိုက်ထိုက်တန်တန် မရှိတဲ့အချက်ပါပဲ။ ဆံတော်ဓာတ်တွေစံပယ်ဖို့ဆိုတာ လူလုပ်ထားတဲ့ ပစ္စည်းတွေထဲက ဘယ်ပစ္စည်းနဲ့မှ မထိုက်တန်တာကို သတိထားမိတဲ့ သိကြားမင်းဟာ မြတွေနဲ့ခြယ်ထားတဲ့ ကြုတ်တစ်ခု ယူလာပါတယ်။ ညီနောင်နှစ်ပါးလည်း ဆံတော်ဓာတ်တွေကို ဝမ်းသာအားရ ကြုတ်ထဲကို ထည့်ကြတယ်။ ကြုတ်ကိုတင်ဖို့ ပတ္တမြားထောက်ကလေးလည်း သိကြားမင်းက ဖန်တီးပေးသတဲ့။ သိကြားမင်းရဲ့စေတမန် ဝိသုကြုံနတ်သားကလည်း ညီနောင်နှစ်ပါးရဲ့ နွားလှည်းတွေသွားဖို့ အဆန်းတကြယ်ပြင်ဆင်ထားတဲ့ လမ်းကြီးလည်း ဖန်တီးပေးထားသတဲ့။ နောက်ပြီး သိကြားမင်းကပဲ ညီနောင်နှစ်ပါးတို့ စီးဖို့ ရွှေသင်္ဘောကြီး ဆိုက်ကပ်ထားတဲ့ ဆိပ်ကမ်းကို ဦးဆောင်လမ်းပြသွားသတဲ့။ ဒါနဲ့ ဓာတ်တော်တွေကို ကြိုဆိုဖို့ ဥက္ကလာပမင်းကြီး တခမ်းတနားပြင်ဆင်ထားတဲ့ ဆိပ်ကမ်းကို ဦးတည် ရွက်လွှင့်လာကြရောတဲ့။

The brothers tore themselves from the Buddha's presence with hands raised reverently above their heads; they walked without turning their backs until the Buddha was Buddha was well beyond their thoughts. The next thing that came to mind was that they did not have a receptable worthy of the Hair Relics. That moment Thagyarmin, realizing that no man-made thing would be good enough for the Relics, brought a casket inlaid with emeralds. The brothers joyfully placed the Hairs in it. A stand of rubies was created by Thagyarmin to receive the casket. Thagyarmin's servant Vissakamma, the architect, created a decorated pathway for the brothers' caravan of bullock carts and Thagyarmin himself guided the way as they journeyed towards the seashore where a golden ship awaited them, as arranged by the Thagyarmin. So the brothers set sail for the seaport town where King Ukkalapa had made splendid preparations to welcome the Relics.

တရားဒေသနာဟောပြဖို့ ဗုဒ္ဓဖြစ်ပွင့်တော်မူလာပြီဆိုတာ ကြားတာနဲ့ ဥက္ကလာပမင်းကြီး ဝမ်းသာမဆုံးတော့ဘူးပေါ့။ ဘုရားတရားဆိုတဲ့စကားတွေက ဥက္ကလာပမင်းကြီးအတွက်တော့ ခပ်ဝေးဝေးတစ်နေရာက ကြားနေရတဲ့ ငွေဆည်းလည်းသံလို သာယာလှပါသတဲ့။ ရှေးရှေးဘဝဘဝက ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီတွေက ပွင့်လန်းလာပြီဆိုတော့ မင်းကြီးရဲ့နှလုံးသားက နိုးကြားလာပြီလေ။ သူဖြည့်ဆည်းရမယ့်အလုပ်ကို ဥက္ကလာပမင်းကြီးသိပါတယ်။ ဆံတော်ဓာတ်တွေထာပနာဖို့ ထိုက်ထိုက်တန်တန် ဘုရားတစ်ဆူတည်ရတော့မယ်။ ဘုရားက နှစ်ပေါင်းများစွာ ဗုဒ္ဓသာသနာရေးရာ အချက်အချာအဖြစ် တည်တံ့မယ့် ဘုရားကြီးပေါ့။ ဘုရင်ကြီးဟာ နန်းမြင့်ပေါ်ကနေပြီး သင်္ဘောအလာကို မျှော်ရင်း ပင်လယ်ဆီကို ကြည့်နေသတဲ့။ ဒဂုံမြို့တော်က ပင်လယ်ကမ်းခြေအထိ တစ်လမ်းလုံး ငှက်ပျောတွေ ကြံတွေ ပန်းတွေ စိုက်ထားလို့။ ပန်းကုံးတွေ သင်းပျံ့နေတဲ့ ပန်းတွေလည်း ချိတ်ဆွဲလ

King Ukkalapa was already beside himself with joy, even as he heard the news of the Buddha's coming forth to teach His law. Such wards as the Buddha, the Enlightened one, His Law were to him like the sweet chimes of the silver bells from a distant land. His heart was awakened as if some great potential he had built up all through his former lives had suddenly blossomed forth. King Ukkalapa realized the mission he had to fulfil. He must build a stupa worthy of enshrining the Hairs Relics. A stupa that would stand throughout the centuries, center of activities in the cause of Buddhism. From his high tower, the king looked towards the sea waiting for the ship to come. He had the road from the royal city of Dagon to the seashore decorated with banana and sugar cane stalks and flowering shrubs; and festoons of scented flowers hung overhead.

သင်္ဘောရောက်လာပြီဆိုတာ အချက်ပေးတဲ့ စည်သံ လင်းကွင်းသံတွေကိုလည်းကြားရော နောက်လိုက်နောက်ပါမှူးမတ်အခြံအရံတွေနဲ့ မင်းကြီးဟာ ဆင်ဖြူတော်စီးပြီး ကမ်းခြေကို ထွက်ခဲ့သတဲ့။ သင်္ဘောပေါ်ရောက်တဲ့အခါ မြကြုပ်ထဲမှာ စံပယ်နေတဲ့ ဆံတော်ဓာတ်တွေကို ဖူးသတဲ့။ ဆံတော်ဓာတ်တွေက ကွန့်မြူးနေတဲ့ ရောင်ခြည်တော်တွေကို ဖူးရတဲ့အခါ ဥက္ကလာပမင်းကြီးဟာ ဘယ်လောက်တောင် ဝမ်းမြောက်ဝမ်းသာဖြစ်သလဲဆိုတော့ သူ့ခေါင်းကိုတောင်သူဖြတ်ပြီး ပူဇော်ချင်တဲ့ သဒ္ဓါတရားတွေ ပေါက်သတဲ့။ ဒါထက်တော့ လျော့လို့ ဘယ်ဖြစ်မလဲလို့လည်း စဉ်းစားသတဲ့။ မိဘုရားကြီးနဲ့ အမှူးအမတ်တွေက အရေးကြီးတဲ့သာသနာပြုလုပ်ငန်းတွေ လုပ်စရာရှိပါသေးတယ်လို့ တားကြရတယ်။ မင်းကြီးကလွဲလို့ ဘယ်သူများ သိင်္ဂုတ္တရတောင်တော်ကို ဖော်ထုတ်ပြီး ဓာတ်တော်တွေထာပနာနိုင်မှာလဲလို့ လျှောက်ထားကြတာပေါ့။ ဒါနဲ့ မင်းကြီးလည်း ကျောက်မျက်ရတနာ ၁၆၀၀၀ စီခြယ်ထားတဲ့ မကိုဋ်တော်ကိုလှူလုက်သတဲ့။

As the news of ship's coming was announced by the sounds of drums and cymbals, the king rode on his caparisoned white elephant to the seashore attended by his couriters. The king boarded the ship viewed the Hairs as they lay in the emerald casket. So great was the king's joy to see the beams of iridescent light letting forth from the relics that he desired to cut off his head to make an offering. Nothing less would do, he thought. The queen and the courtiers stayed his hand, reminding him that he had yet a greater mission to fulfil. Who else but he, agreat king could be able to discover the Singuttara Hill and enshrine the Relics? The king, therefore made an offering of his crown studded with 16000 gems.

နောက်နေ့မှာ မင်းကြီးက သိင်္ဂုတ္တရကုန်းတော်တည်ရာ ပြောနိုင်တဲ့သူကို ဆုတော်လာဘ်တော်များ ချီးမြှင့်မယ့်အကြောင်း စည်လည်စေသတဲ့။ ခုနစ်ရက်ကြာအထိ ဆုယူနိုင်တဲ့သူရယ်လို့ တစ်ယောက်မှ မပေါ်လာဘူး။ မင်းကြီးရော ညီနောင်နှစ်ပါးရော အကြီးအကျယ် စိတ်ဓာတ်ကျဆင်းကြတယ်။ မြတ်စွာဘုရားသခင်ရဲ့ အမိန့်တော်ကို သွေဖည်ရာရောက်မှာမို့ ဆံတော်ဓာတ်တွေကို တခြားနေရာမှာထားဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ဒီတော့ ကြံရာမရ ဖြစ်နေကြတာပေါ့။

The next day, the king ordered the city criers to beat the drum with the proclamation that anyone who could tell where the Singuttara Hill  would be richly rewarded. For seven days no one came forth to claim the reward. The king and the merchant brothers were greatly afflicted. They could not place the Hairs in any place since it would be contrary to the Buddha's word. Now they found themselves at the end of their means.

သိင်္ဂုတ္တရကုန်း

Singuttara Hill

အဲဒီအချိန်မှာ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာဟာ တင်းလာသတဲ့။ လူ့ပြည်ကို ကြည့်လိုက်တဲ့အခါ သူ့အကူအညီ လိုနေပြီဆိုတာကို သိတယ်။ သူ့စေတမန် ဝိသုကြုံနဲ့ တခြားနတ်တွေက ဒဂုံမြို့တော်နားက တောရိုင်းကြီးကို ရှင်းကြလင်းကြရတာပေါ့။ ဒီတော့မှ သိင်္ဂုတ္တရကုန်းကြီးက အထင်အရှားပေါ်လာတော့တယ်။

It was an occasion for the Thagyarmin's downy couch to harden like a stone. He looked down on the human abode and knew that his help was now required. His trusty servant Vissakkama and other nats cleared the untamed jungle around the city of Dagon, so that the Singuttara Hill stood prominent for all to see.

အဲဒီညမှာပဲ ကုန်သည်ညီနောင်က သိင်္ဂုတ္တရကုန်းကို တွေ့ပြီလို့ အိပ်မက်မက်ကြသတဲ့။ အရုဏ်ကျင်းတာနဲ့ နတ်တွေရဲ့လမ်းညွှန်ချက်နဲ့ အဲဒီနေရာကို သွားကြတော့ ကုန်းတော်ကို တွေ့တာပေါ့။ ဘုရင်ကြီးဆီကို ဝမ်းသာအားရ သတင်းစကားပါးသတဲ့။ ညတွင်းချင်း နတ်တွေက တောရိုင်းကြီးကို ရှင်းသွားတာ မင်းကြီးခမျာ မယုံနိုင်လောက်အောင် ဖြစ်နေတာပေါ့။ လူ့လက်နဲ့သာဖြင့် နှစ်တွေ ရာချီကြာမှာလေ။

That night the merchant brothers dreamed that they saw the Singuttara Hill. At dawn, guided by good nats, they went to the place, and sure enough they could see the hill. They joyfully sent wards to the king, who could not believe that the clearing of the jungle had been done in one night by the nats. It would take centuries if done by human hands.

မင်းကြီးဟာ ပူဇော်ကတော့တဲ့အနေနဲ့ ကုန်းတော်ကို ဆင်ဖြူကြီးစီးပြီး လက်ယာရစ် သုံးကြိမ်လှည့်သတဲ့။ သိင်္ဂုတ္တရကုန်းတော်ကို ရှေးယခင်ဘုရား သုံးဆူ စံပယ်တော်မူခဲ့ရာမို့ ထူးခြားတဲ့အကြောင်း နတ်ကောင်းနတ်မြတ်တွေက မင်းကြီးကို လျှောက်ကြားထားတာကိုး။ ကုန်းတော်မှာက အမည် ခုနစ်မျိုး ရှိပြီး နာမည်တစ်ခုချင်းကိုက စိတ်ဝင်စားစရာကောင်းလှပါတယ်။ နမူနာတစ်ခု ပြောရရင် နာမည်တစ်ခုအဓိပ္ပာယ်က ရတနာဆန်စပါး ပေါများခြင်း တဲ့။ ပျော်စရာအကောင်းဆုံးနာမည်ကတော့ တစ်ယောက်ကိုတစ်ယောက် တူးတူးခါးခါးမုန်းပြီး လိုက်ရန်ရှာနေတဲ့ ရန်သူတွေဟာ ဒီကုန်းတော်ပေါ်ရောက်တာနဲ့ မိတ်ဆွေ ဖြစ်ကုန်ကြမတဲ့။ ငြိမ်းချမ်းရေးနဲ့ မေတ္တာကသာ ဦးဆောင်ပါလိမ့်မယ် တဲ့။ ဂေါတမဘုရားရှင်ရဲ့ ဆံတော်ဓာတ်တွေနဲ့အတူ ထာပနာဖို့ ကုန်းတော်ပေါ်မှာ မြှုပ်ထားတဲ့ ရှေးဘုရားသုံးဆူရဲ့ ပရိဘောဂတွေကိုလည်း ပြန်ဖော်ဖို့ လိုလာပါတယ်။ ဒါကလည်း လူသားတွေ မတတ်နိုင်တဲ့အရာ ဖြစ်နေပြန်ပါတယ်။ သိကြားမင်းကိုယ်တိုင်လာကူပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ နည်းနည်းပါးပါးပဲ ကူနိုင်ပါတယ်။

The king rode his white elephant round the hill clockwise three times as a mark of reverence. He had been told by the good nats that Singuttara Hill was a distinguished hill santified by the praise of three former Buddhas. The hill had seven names; and each name bespeak of some wonder, like for instance, the abudance of grain, flowers and treasures. The most hopeful and cheering name of all says that bitter enemies chasing each other for a kill would be loving friends, once they came upon the hill, and that nothing prevails but peace and loving kindness. The personal possessions of the three former Buddhas were buried on the hill and they had to be unearthed, to be enshrined together with the hair relics of the Gotama Buddha. again it was beyond human effort. Thagyarmin did come to help but this time he could do but little.

လူ့သက်တမ်းနဲ့စာရင် သိကြားမင်းသကတ်တမ်းက သန်းချီပြီ ရှည်တာတော့မှန်ပါရဲ့။ ဒါပေမယ့် ရှေးဘုရားရှင်သုံးဆူကို မှတ်မိလောက်အောင်တော့ သက်တမ်းက မရှိသေးဘူးလေ။ ဘုရားတည်တဲ့ပွဲတော်မှာ ဆံတော်ဓာတ်ကို ပူဇော်ဖို့ရောက်လာကြတဲ့ နတ်တွေဆီမှာ စုံစမ်းရပါတော့တယ်။ နတ်တွေထဲမှာတောင် ရှေးဏေရှးဘုရားတွေကို မီလိုက်တဲ့ နတ်ကိုတွေ့ဖို့ မလွယ်ပါဘူး။ မီလိုက်တယ်ထားဦး၊ မှတ်လည်း မှတ်မိဦးမှ။

Though Thagyarmin's lifespan runs into millions in terms of human life, he had not been around long enough to remember the three Buddhas; the only thing he could do was to make enquiries among the goodly company of nats who had come for the great occasion of the building of the stupa and paying homage to the Hair Relics. Even among nats, it was no easy thing to find someone old enough to have seen the preceeding Buddhas, and more important than that, to have remember them.

ဆူးလေနတ်

Sule Nat

နောက်ဆုံးတော့ ရှေးကျလှတဲ့ နတ်ကြီးလေးပါးကို တွေ့ပါသတဲ့။ တစ်ပါးက ဆူးလေနတ်ကြီး။ ဆူးလေနတ်ကြီးပုံကို ရန်ကုန်မြို့လယ်က ဆူးလေဘုရား ပရဝုဏ်မှာ သူ့ရုပ်တုကို တွေ့နိုင်တယ်လေ။ ဆူးလေ ဘုရားဆိုတာကိုက သူ့ကို အစွဲပြုပြီး ပေးထားတဲ့ နာမည်ပဲ။ ကကုသန်ဘုရားလက်ထက်က ဆူးလေနတ်ကြီးက အလွန်တန်ခိုးရှိတဲ့ ဘီလူးတဲ့။ တနေ့ကို ဆင်အရှင်တစ်ကောင် စားလေ့ရှိသတဲ့။ တစ်နေ့တော့ အစာရှာရင်း ဘုရားကို တွေ့တဲ့အခါ အဲဒီနေ့အတွက် စားစရာတော့ရပြီလို့ အောက်မေ့သတဲ့။

Finally, Thagyarmin came upon four very ancient nats; one of them was Sule Nat whose likeness one sees on the precints of Sule Pagoda in the centre of Rangoon, a pagoda named after him. Sule Nat was a powerful ogre in the time of Kakusanna Buddha; his daily fare was a live elephant. Once hunting for his food, he came upon the Buddha, who he thought would have to do for his meal that day.

ဆင်တစ်ကောင်ဖမ်းဖို့ မခက်စဖူးအခက်ကြုံခဲ့ရတဲ့နေ့မို့ မောဟိုက်နေတဲ့ ဘီလူးကြီးဟာ စားစရာမြင်တော့ အငမ်းမရပေါ့။ ရှေ့မှာရောက်နေတဲ့ လူသားဟာ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်မို့ ဒီသားကောင်ကိုတော့ လွယ်လွယ်လေးနဲ့ရမှာပါ။ ဒါပေမယ့် လက်တစ်ကမ်းတောင် ဘုရားအနား ကပ်သွားလို့ မရပါလား။ အနိုင်ယူဖို့ ထားပါဦး။ အနားတောင်ကပ်လို့ မရတဲ့ လူသားတစ်ယောက် ဖြစ်နေပါရော့လား။ ကိုယ့်ရန်ဘက်က ကလန်ကဆန် လုပ်နေလို့ဆိုရင်လဲ ထားပါတော့။ ခုဟာက ရသေ့ရဟန်းလိုလိုပုံနဲ့။ လျှော်တေသင်္ကန်း အဟောင်းအနွမ်းနဲ့။ လက်ထဲမှာကလဲ တောင်ဝှေးကလွဲလို့ ဘာမှ မပါ။ ဘုရားအနားသူမကပ်နိုင်တာ အဲဒီတောင်ဝှေးထဲမှာ တန်ခိုးဣဒ္ဓိရှိလို့ နေမှာပေါ့လို့ ဘီလူးကြီးက တွေးသတဲ့။ တောင်ဝှေးကို လိုချင်တဲ့အကြောင်း ပြောတာပေါ

Exhausted after an uncommonly hard day hunting for an elephant, the ogre was impatient for his meal. The quiet, calm human who was in front of him would be an easy prey. But he found that he could not come within arm's length of the Buddha. The ogre found himself up against someone he could not approach, let alone overcome. Not that his adversary put up any resistance, the figure of an ascetic, clad only in his worn robes of jute, and with nothing in hand but a staff. The ogre thought that it must be some uncanny power in the staff which prevented him from coming near the Buddha. So he expressed a desire to have that staff.

တောင်ဝှေးကို လိုချင်ရင် ခုနစ်နှစ် ငါးပါးသီလမြဲရမယ်လို့ ဗုဒ္ဓဘုရားရှင်က မိန့်တော်မူသတဲ့။ ငါးပါးသီလထဲမှာက ဘီလူးကြီးမရှောင်နိုင်တဲ့ သူ့အသက်သတ်ခြင်း ဆိုတာ ပါနေတယ်လေ။ ခုနစ်နှစ်တောင် အစာမစားဘဲ နေရမှာတော့ သူ့အတွက် များလွန်းပါတယ်လို့ လျှောက်သတဲ့။ တောင်ဝှေးကိုလိုချင်တော့ ဈေးဆစ်တာပေါ့။ ဘုရားရှင်ကလဲ ဘယ်မှာ လွယ်လွယ်နဲ့ လိုက်လျောမလဲ။ ဘီလူးကြီးမှာ ဗိုက်ဟောင်းလောင်းနဲ့ အကြာကြီး ငြင်းလိုက်ခုံလိုက် ပြောဆိုပြီးမှ မြတ်စွာဘုရားက ဘီလူးကြီး အသားခုနစ်ရက်ရှောင်ဖို့ သဘောတူလိုက်သတဲ့။

The Buddha told him that he must keep five precepts for seven years if he wanted that staff. Among the five precepts was taking life from which the ogre did not have any inclination to abstain. He said seven years was too long for him to go without food. He wanted the staff, so he bargained. The Buddha did not give in too easily. it was only after a long parley of arguing and protestations, which the ogre had to bear on an empty stomach, that the Buddha agreed upon the ogre's abstinence for seven days.

ဘီလူးကြီးဟာ ငါးပါးသီလကို ခုနစ်ရက်ထိန်းပြီးတဲ့နောက်မှာတော့ ဘုရားရှင်ရဲ့အဆုံးအမမှာ ကောင်းကောင်းကြီးတည်လာပါတယ်။ အစွယ်တွေလဲ မြေကြီပေါ် ကျွတ်ကျပြီး ရက်စက်ကြမ်းကြုတ်တဲ့စိတ်ဓာတ်တွေလဲ ပါသွားတာပေါ့။ မြတ်စွာဘုရားကလဲ ကတိပေးထားတော်မူတဲ့အတိုင်း တောင်ဝှေး ချီးမြှင့်သတဲ့။ ဒါပေမယ့် ဘီလူးကြီးက အစာရှာတဲ့နေရာမှာ မသုံးတော့ပါဘူး။ မွန်မြတ်လှတဲ့ ဓာတ်တော်မွေတော်တစ်ရပ်အနေနဲ့ပဲ ပူဇော်ထားသတဲ့။

The ogre kept the precepts  for seven days, at the end of which he became well established in the teaching of the Buddha. His enormous fangs fell to the ground and with them his ferocity. The Buddha gave him the staff as promised, but the tamed ogre received it as a relic to be revered and not as something he could use to hunt for his food.

ယောဟနီနတ် နှင့် အခြားနတ်များ

Yohani and other Nats

အသက်အလိုက်တွက်ရင် နောက်တစ်ပါးက ယောဟနီနတ်ကြီးပေါ့။ ဒီနတ်ကြီးကလဲ ကောဏ္ဍညဘုရားရှင်လက်ထက်က ဘီလူးကြီးပေါ့။ ဆူးလေနတ်ကြီးလိုပဲ ဘုရားရှင်အဆုံးအမ ခံရပြီး ရေစစ်တော်ကို ရခဲ့တဲ့ ဘီလူးကြီးလေ။ ဒက္ခိနဆိုတဲ့ တတိယနတ်ကြီးကတော့ ကသပဘုရားလက်ထက်က ဘီလူးကြီးပေါ့။ သူလဲ တခြားဘီလူးတွေလိုပဲ နောင်မှ ဘုရားရှင်ရဲ့ သာဝက ဖြစ်လာတာပေါ့။ သူ့ကိုတော့ မြတ်စွာဘုရားက ရေသနုပ်တော် သနားတော်မူခဲ့သတဲ့။ ဘီလူးဘဝကနေ ဘဝပြောင်းလာတဲ့ နတ်ကောင်းနတ်မြတ်သုံးပါးက စတုတ္ထမြောက် မှော်ဘီနတ်ကြီးကို ဓာတ်တော်တွေ စောင့်ရှောက်ဖို့ လွှဲအပ်သတဲ့။ မှော်ဘီနတ်ကြီးကလဲ သိင်္ဂုတ္တရကုန်းတော်မှာ မြှုပ်ထားရောတဲ့။

Next in seniority of age was Yohani Nat, who during the time of Konagunna Buddha was an ogre. He too was likewise tamed and he received a water dipper from the Buddha. The third one, Dekkhina Nat, was an ogre during the time of Kassapha Buddha, and he in the same manner became a devotee of Buddha. He was given the Buddha's bathrobe. The three ogres, now very good nats, commissioned the fourth nat, Hmawbi Nat, to look after the relics. So he took them and buried them on the Singuttara Hill.

ဒီအကြောင်းတွေ ကြားရတော့ လူနတ်အားလုံးက အံ့အားတသင့်ဖြစ်ကုန်ကြတာပေါ့။ သိကြားမင်းကလဲ အခုတော့ ရှေးဘုရားတွေရဲ့ ဓာတ်တော်တွေကို ဘယ်မှာရှာရမလဲဆိုတာ သိပြီလေ။ သူ့နတ်တွေကို သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ လိုင်ခေါင်းကြီးတူးခိုင်းတော့တာပေါ့။ အနက်ရော အလျားရော အနံရောက ၆၆ပေစီရှိတယ်လေ။ တောင်ဝှေးရယ်၊ ရေစစ်ရယ်၊ ရေသနုပ်တော်ရယ်ကို တွေ့တော့ နတ်လူကြည်ညိုနိုင်ဖို့ အပြင်မှာ ပြထားသတဲ့။

All the nats and men were wonder struck by the news. Now that Thagyarmin knew where to look for the relics of the former Buddhas, he directed his nats to dig a tunnel on top of the Singuttara Hill. The tunnel was 66 feet in depth, length and breadth. The staff, the water dipper and bathrobe were discovered and brought out for nats and men to see and revere.

ပိုပျော်စရာတွေက ထပ်လာသေးတယ်။ လူတွေက ဓာတ်တော်သုံးဆူကို တစ်ချိန်တည်း တစ်နေရာတည်းမှာ နေ့တိုင်း မဖူးနိုင်သေးဘူးလေ။ ဒီတော့ သိကြားမင်းက ကျောက်ဖျာကြီး ခြောက်ချပ်သယ်လာတယ်။ တစ်ချပ်က စိန်ရောင်တွေ တလက်လက်နဲ့။ တခြားကျောက်တွေက ငွေရောင် ပုလဲရောင် ရွှေရောင် နီလာရောင်တွေပေါ့။ အဲဒါတွေက နံရံလုပ်ဖို့။ နောက်ဆုံးကတော့ ပတ္တမြားရောင်။ ဒါကိုတော့ နောက်ဆုံး ထိပ်က ပိတ်ဖို့ အနေနဲ့ ထားသတဲ့။

More rejoicing followed; it was not every day that people could see the relics of the three Buddhas in one place at the same time. Thagyarmin brought the six slabs of stone; one was of diamond color and sheen; other were of the color of the silver, pearl, gold and sapphire; they were for walling; and the last, the ruby colored one was reserved for the final touch, the closing on the top.

The creation of the pagoda

နေ့ထူးနေ့မြတ်ကြီးကတော့ နတ်တွေလူတွေ လိုင်ခေါင်းကြီးကို ကျောက်မျက်ရတနာတွေ ဒူးဆစ်ရောက်အောင် ဖြည့်တဲ့ရက်ပေါ့။ ရွှေအတိတိုင်ကြီးတွေကို ကျောက်မျက်ရတနာအခင်းပေါ်မှာ စိုက်ကြသတဲ့။ ရွှေသလွန်တော်ကြီးအတွက် ခြေထောက်လုပ်နေကြတာ။ ပတ္တမြားတွေစီခြယ်ထားတဲ့ သလွန်တွေ တင်ထားတဲ့ ရွှေသလွန်ကိုတော့ အဲဒီပေါ်မှာတင်၊ ဒီအပေါ်မှာမှ ရွှေသင်္ဘောတစ်စင်း။ အဲဒီရွှေသင်္ဘောဆိုတာက ကုန်သည်ညီနောင်ဓာတ်တော်တွေ တင်လာတဲ့ သင်္ဘောနဲ့ တစ်ပုံတစ်စံတည်း။

Jubilant days followed, as nats and men filled gems knee deep in the tunnel. Solid gold pillars were planted on the bed of gems; they formed a support for a gold couch. Four smaller gold couches, each with a ruby-studded couch on top, were put on it to form a base for the gold ship, which was the exact replica of the one in which the merchant brothers carried the relics.

သင်္ဘောပေါ်မှာတော့ ပတ္တမြားတွေခြယ်ထားတဲ့ ဗိမာန်လေးဆောင်၊ ပြသာဒ်အမိုးတွေနဲ့ပေါ့။ ရှေးဘုရားတွေရဲ့ ဓာတ်တော်တွေက တစ်ဆောင်စီ စံပယ်လို့။ စတုတ္ထအဆောင်ကတော့ ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်ဓာတ်စံပယ်ရာပေါ့။ အဆောင်အလယ်မှာက ဆံတော်ဓာတ်ကိန်းဝပ်ရာ ပတ္တမြားကြုတ်ရှိတယ်လေ။ ရွှေထမ်းပိုးမှာ ချိတ်ဆွဲထားပြီး ကုန်သည်ညီနောင်က ထမ်းထားတဲ့ဟန်။ သူတို့ဘေးမှာက ရွှေနဲ့လုပ်ထားတဲ့ ဥက္ကလာပ မင်းကြီးတို့၊ မယ်တော် မယ်လမုတို့၊ သိကြားမင်းတို့၊ နန်းတွင်းသူနန်းတွင်းသားတွေတို့ရဲ့ ပုံတွေလေ။

On board the ship were four pavilions studded with rubies; and each was fitted with a tiered roof; relics of former Buddhas were placed one in each pavilion. The fourth pavilion was for the Hair Relics of the Gotama Buddha. The center piece in the fourth pavilion was the ruby casket holding the Hair Relics; it hung on a solid gold pole carried on the shoulders of the figures of the merchant brothers. Around them were gold figures of King Ukkalapa, his mother Mai Lamu, Thagyarmin, and lords and ladies of the court.

သိကြားမင်းက ဆံတော်ကို ကြုတ်ကထုတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆံတော်တွေက ထန်းပင်ခုနစ်ဆ လေထဲကို ပျံတက်သွားရောတဲ့။ ဆံတော်ဓာတ်က ရောင်ခြည်တော်တွေဟာ ကျောက်မျက်ရတနာအရောင်တွေကို လွှမ်းသွားတာပေါ့။ နောက်တော့ ဆံတော်ဓာတ်တွေဟာ ကြုတ်ထဲမှာ ပြန်ပြီး ကိန်းဝပ်တော်မူတယ်။ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ တူးထားတဲ့တွင်းက ရေတွေနဲ့ သိကြားမင်းက ရိုရိုသေသေ သွန်းလောင်းသတဲ့။

Then Thagyarmin took out the Hair Relics. That moment the Hairs rose up into the air to the height of seven times the height of a palm tree. The scintillating beams from the Hairs surpassed all the gems and jewels. Then the Hair Relics descended again on the casket. Thagyarmin reverently poured cleansing waters from the well specially dug on the Singuttara Hill.

အခုတော့ ဓာတ်တော်တိုက်ဖြစ်နေတဲ့ လိုဏ်ထဲကိုလဲ နတ်လူတွေက ရတနာတွေ ပစ်ထည့်ကြသတဲ့။ သိကြားမင်းက ရတနာတွေစီခြယ်ထားတဲ့ သရဖူနဲ့ ကုသိုလ်ပါသလို မိဘုရားတွေ မင်းသားမင်းသမီးတွေနဲ့ အရပ်သူအရပ်သားတွေကလဲ အဆင်တန်ဆာ အမျက်ရတနာ ထည့်ဝင်ကြတယ်။ ဓာတ်တော်တိုက်ရဲ့ လေးဘက်လေးတန်မှာတော့ အမြဲလည်ပတ်နေတဲ့ မီးစကြာတွေ၊ ဓားလှံတွေ သိကြားမင်းက အရံအတားထားသတဲ့။ ဓာတ်တော်တိုက်ရဲ့ အပေါ်မှာက ဘယ်လိုမှ မထွင်းမဖောက်နိုင်တဲ့ သံလှောင်အိမ်တွေ အထပ်ထပ် ထားတယ်။ နောက်တော့ ထိပ်မှာ ပတ္တမြားကျောက်ပြားနဲ့ ပိတ်ထားလိုက်ရော။

Nats and men poured jewels into the tunnel, now the relic Chamber. Thagyarmin gave his Bejeweled crown, and queens, princes and princesses and commoners gave their jewels and ornaments. Thagyarmin had the Relic Chamber fortified on four sides with revolving swords and spears and fire wheels always in action. He placed layers of impenetrable iron meshes over the chamber. Then he closed the top with the stone slab of ruby color.

ကျောက်ပြားပေါ်မှာက ဘုရားအုတ်မြစ်ချတယ်။ ပထမ ရွှေဘုရား။ အဲဒီအပေါ်မှာ ငွေဘုရား။ ဒီနောက်တော့ သံဖြူ၊ ကြေးနီ၊ ခဲ၊ ကျောက်၊ သံ တစ်ဆင့်ပြီးတစ်ဆင့် ငုံပြီးတည်တယ်။ နောက်းမှာတော့ ရွှေအုတ်၊ ငွေအုတ်၊ သံဖြူအုတ်၊ ကြေးနီအုတ်၊ သံအုတ်၊ ကျောက်အုတ်၊ မြေအုတ်တွေနဲ့မံပြီး ထုံးတို့ ကော်စေးတို့၊ ဘိလပ်မြေတို့ ပလတ်စတာတို့နဲ့ ခိုင်အောင်တည်ပြန်တယ်။ နောက်ဆုံးဉာဏ်တော်က ၆၆ပေမြင့်တယ်။

On the stone slab was laid the foundations of the stupa. The first stupa was of gold, which was enclosed by a silver one; then layer upon layer of tin, copper, lead, marble and iron were built, one swallowing the other. Lastly, the structure was superimposed by a stupa built of bricks of gold, alloy, tin, copper, iron, marble and clay, strengthened with lime, glue, mortar and plaster. The final edifice was 66 feet high.

အခုတော့ ဥက္ကလာမင်းကြီးရဲ့ရုပ်တုက ဘုရားကြီးအနောက်မြောက်ထောင့်မှာ ရှိတယ်။ အနောက်တောင်ထောင့်မှာတော့ မင်းကြီးရဲ့ မိဘတွေယ်၊ သိကြားမင်းရယ် မယ်လမုရယ် ပုံတွေ ရှိတယ်။ သူတို့တတွေက အခုထိ လူတွေရဲ့ရင်ထဲမှာ၊ ရုပ်ရှင်ပြဇာတ်တွေမှာ သီချင်းအသစ်အဟောင်းတွေမှာ သူတို့ဇာတ်လမ်းတွေက ရှင်သန်နေဆဲပဲ။

Today, the figure of King Ukkalapa stands on the north west corner of the great pagoda; on the South West corner stand the figures of the king's parents, Thagyarmin and Mei Lamu.  Their story lives in songs new and old, on stage and in films, and in the hearts of the people.

ဒါက ရွှေတိဂုံဘုရားနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီပါ။ မင်း၃၂ဆက် စေတီတော်ကြီးကို မွမ်းမံပူဇော်ခဲ့ကြပါတယ်။ နောက်တော့ မေ့မေ့လျော့လျော့ ပစ်ထားလိုက်ကြတာ အသောကမင်းလက်ထက် ဘီစီ ၃၀၀ ကျတော့ ခြုံပုပ္ပေါင်းတွေထဲမှာ ပျောက်လုလုဖြစ်နေပါပြီ။ အသောကမင်းကြီး ကမ္မကထပြုတဲ့ တတိယသင်္ဂါယနာတင်ပွဲပြီးတဲ့နောက် ဆက်ဆောင်ရွက်ကြတဲ့အထဲမှာ တစ်ခုကတော့ ခြုံပုပ္ပေါင်းတွေရှင်းပြီး ရွှေတိဂုံဘုရားကို မွမ်းမံတဲ့ အလုပ်ပါပဲ။

Such is the legend of Shwedagon Pagoda. The line of 32 kings continued to revered and take care of the pagoda. Then followed a period of neglect, and the shrine was almost lost among threes and bushes, until 300 B.C., the time of King Asoka. Among many good works for the cause of Buddhism that followed the Third Buddhist Council under Asoka's patronage was the clearing of the jungle and the repair of the Shwedagon Pagoda.

ဒီနောက်တော့ မွန်မြန်မာဘုရင်တွေဦးဆောင်ပြီး အရင်ကအတိုင်း ဗုဒ္ဓသာသနာအချက်အချာဖြစ်အောင် ဆောင်ရွက်လိုက်ကြတဲ့အကြောင်း သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။ အပျက်တွေပြင်၊ မူလထက်ပိုပြီး ဉာဏ်တော်ကို ထပ်မြှင့်နဲ့ မင်းတွေ တစ်ပါးပြီးတစ်ပါးတည်လာလိုက်တာ မွန်ဘုရင်မရှင်စောပု (အေဒီ၁ရာစု) လက်ထက် အခုဉာဏ်တော်အမြင့်ကို ရောက်တဲ့အထိပါပဲ။

Then historical records began to mention the pagoda as it resumed its former eminence as a center of Buddhist activities patronized by Mon and Burmese kings. Repairs were made and original structure was raised by one king after another until it reached the present height in the time of the reigning Mon Queen Shin Saw Pu (14thCentury A.D.).