တောင်ပြုန်း

ဆုတောင်းပြည့်ဘုရား

ဒေါ်ခင်မျိုးချစ် ရေးသည်

 

TAUNGPYONE

" WISH-FULFILLING PAGODA"

By

Khin Myo Chit

A Wonderland of Burmese Legends

The Tamarind Press

 

မန္တလေးမြောက်ဘက် ကိုးမိုင်ကွာမှာ တောင်ပြုန်းဆိုတဲ့ရွာလေးတစ်ရွာရှိတယ်။ ဇူလိုင် အောဂုတ်လတွေမှာ နှစ်စဉ် နတ်ပွဲရှိတတ်လို့ လူသိများတဲ့ ရွာလေးပေါ့။ အဲဒီပွဲတော်က သောက်ချင်တိုင်းသောက်၊ ကချင်တိုင်းက စိတ်လွတ်ကိုယ်လွတ် ပျော်ချင်တိုင်းပျော်ကြတဲ့ ပွဲကြီးကိုး။ ရွာလယ် ကုန်းလေးတစ်ကုန်းပေါ်မှာ ဘုရားတစ်ဆူတည်ထားတယ်။ ပုဂံဘုရားပုံစံကို ယူထားတဲ့ ကူဘုရားပေါ့။ ဘုရားနဲ့မနီးမဝေးမှာက နတ်ကွန်းလေးတစ်ခု။ ဒီနတ်ကွန်းလေးက ဒေသက ကိုးကွယ်တဲ့ မင်းကြီးမင်းလေး နတ်ကွန်းပေါ့။ နှစ်စဉ် ပွဲတော်ကြီးလုပ်နေတာကိုက အဲဒီနတ်တွေကို ပူဇော်တဲ့အနေနဲ့လေ။

Taungpyone, a village 9 miles north of Mandalay is well known for the annual ritual feast held in July-August, an occasion for unrestrained merry-making, drinking and dancing, here people just let themselves go. In the middle of the village is a hillock with a pagoda on top. It is a cave temple after the style of pagodas in Pagan. Not far from the pagoda is a Nat-shrine, a shrine for local deities Min Gyi and Min Lay, in whose honor the annual feast is held.

မင်းကြီးမင်းလေးဇာတ်လမ်းက "ဆုတောင်းပြည့်ဘုရား" နဲ့သာ ဆက်နွယ်နေတာမဟုတ်ဘူး။ ဟိုးတောင်ပိုင်း တနင်္သာရီကမ်းခြေက မွန်မြို့တော် သထုံတို့၊ ပုပ္ပါးတို့၊ မြန်မာ့ပထမဆုံးမင်းနေပြည် ပုဂံတို့လို ရပ်ဝေးဒေသတွေနဲ့လဲ ဆက်နွယ်နေသေးတယ်။ တောင်ပြုန်းဘုရားကို တည်ခဲ့တာက မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓဘာသာကို အခြေချပေးခဲ့တဲ့ ဘာသာရေး လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့ မင်းနေပြည်တော်ကြီးကို တည်ထောင်ခဲ့တဲ့ ပုဂံက အနော်ရထာမင်း (၁၀၄၄ - ၁၀၇၇ အေဒီ) ပေါ့။

The story of Min Gyi and Min Lay is closely associated not only with the "Wish-fulfilling pagoda", but also with faraway places like Thaton, an ancient Mon city down south on the Tenessarim coast, Mount Popa, and Pagan, the capital of the first Burmese kingdom. Taungpyone Pagoda was built by King Anawrahta of Pagan(ruled 1044-1077 A.D.), the builder of the first Burmese kingdom and also a religious and social reformer who firmly established Theravada Buddhism in the land.

အနော်ရထာမှာ သူရဲကောင်းစစ်သည်တော်တွေရှိတယ်။ တချို့ဆို ဆင်ပြောင်ငါးစီး အားမာန်ကြီးတယ်လို့တောင် ဆိုတယ်။ မှုန်တီးမှုန်မွှား သမိုင်း စာမျက်နှာတွေမှာက အနော်ရထာမင်းရယ် သူ့သူရဲကောင်းတွေရယ်နဲ့ ပတ်သက်တဲ့ စစ်ဇာတ်လမ်း အချစ် စွန့်စားခန်းဇာတ်လမ်းတွေ ရောင်စုံ ခြယ်ထားတာ။ သူတို့နာမည်တွေက ရိုးရာပုံပြင်ထဲမှာသာ မဟုတ်ဘူး။ သီချင်းတွေ ပြဇာတ်တွေ ရုပ်ရှင်တွေ ဒါ့ပြင် မြန်မာလူထုရဲ့ နှလုံးသားထဲမှာပါ အခုထိ စွဲကျန်ရစ်နေသေးတယ်။ တောင်ပြုန်းတို့၊ မင်းကြီးမင်းလေးနတ်တို့၊ အဲဒီအကြောင်းတွေ ပြောဖို့ဆိုတာက တောင်ပိုင်း ပင်လယ်ဘက်က မွန်နေပြည်တော် သထုံဇာတ်လမ်းကို နောက်ကြောင်းပြန်ဖို့ လိုပါလိမ့်မယ်။ ပြီးတော့ ပုဂံမှာ ဗုဒ္ဓသာသနာပြုစုဖို့ ပဓာနလိုအပ်တဲ့ ဗုဒ္ဓပိတကတ်တော်တွေ ရအောင် အနော်ရထာမင်း စစ်ချီပုံကိုလဲ ပြောဖို့လိုပါလိမ့်မယ်။

A colorful patchwork of romantic stories is woven around Anawrahta and his hero-knights whose physical prowess - some of them had the strength of five elephants - and exploits in the battlefield and romantic adventures shimmered through the somber pages of history. Their names live today not only in folk-lore but also in songs, drama, films, and above all, in the hearts of the people. To tell the story of Taungpyone, and local deities Min Gyi and Min Lay, we must start with a flash-back to Thaton, the ancient Mon City down south by the sea, and King Anawrahta's campaigns to obtain the Buddhist Scriptures, an essential element for the establishment of Buddhism in Pagan.

သထုံက အသားမည်းသူစိမ်းနှစ်ယောက

Two Dark Strangers at Thaton

ဇာတ်လမ်းအစက ဗျတ်ဝိဗျတ္တဆိုတဲ့ အိန္ဒိယသားသူစိမ်းနှစ်ယောက်။ တနင်္သာရီကမ်းရိုးတန်းမှာ သင်္ဘောပျက်တဲ့အထဲပါတဲ့ သူတို့နှစ်ယောက်ကို ဆရာတော်ကြီးတစ်ပါးက ကယ်ဆယ်ပြီး ကျောင်းကို ခေါ်လာသတဲ့။ ဘုန်းကြီးကျောင်းမှာ ဆရာတော်ကြီးကို ပြုစုရင်း စားသောက် နေထိုင် ကြသတဲ့။

The story begins with the brothers Byatwi and Byatta, the two dark strangers from India, who were shipwrecked off the Tenessarim coast and picked up bye a venerable monk and taken to his monastery. There they live and earned their keep by attending to the needs of the monk.

တစ်နေ့မှာတော့ ဆရာတော်ကြီးက ညီအကိုနှစ်ယောက်ကို သစ်သီးသစ်ဥရှာဖို့ တောထဲ ခေါ်သွားသတဲ့။ လျှောက်သွားကြရင်း သစ်ပင်တစ်ပင်အောက်မှာ ထူးထူးဆန်းဆန်းတစ်ခု တွေ့သတဲ့။ ပထမတော့ ကလေးအသေကောင်လေးလို့ ထင်ရတယ်။ ဒါပေမယ့် ရွှေရောင်တောက်ပြီး လှလှပပလေး။ ငှက်ပျောနံ့က သင်းနေသေးတယ်။

One day the monk took the two brothers into the forest to collect fruits and faggots. Wandering around, they came upon something strange under a tree. At first, it look like a body of a baby, but it had a beautiful golden color and it smelled like a bunch of luscious bananas.

ဆရာတော်ကြီး အဲဒါ ဇော်ဂျီဖိုလ်ဝင်သားဆိုတာ ချက်ချင်း သိတယ်။ ဖိုလ်ဝင်သားဆိုတာက ဇော်ဂျီဖြစ်သွားတဲ့ လူတစ်ယောက်ရဲ့ ကျန်ခဲ့တဲ့ ရုပ်ကြွင်းပါပဲ။ ဇော်ဂျီဖြစ်ချင်တဲ့လူတစ်ယောက်ဟာ တောထဲကသွား၊ ကျင့်စဉ်တွေကျင့်ရတယ်။ အစွမ်းထက်တဲ့ ဆေးမြစ်တွေစုဆောင်း၊ မန္တန်တွေရွတ်ပြီး ကျောက်ပြင်ပေါ်မှာ ကြိတ်တယ်။ မင်္ဂလာရှိတဲ့အချိန်မှာ ဆေးမြစ်တွေလိုသလောက်ရပြီးပြီဆိုရင် အောင်ပွဲခံနိုင်တော့တာပါပဲ။ အဲဒီအခါ အနီရောင်အဝတ်အစားတွေနဲ့ အသွင်ပြောင်းသွားတယ်။ မြေလျှိုး မိုးပျံနိုင် ရေမှာမြူးနေနိုင်တဲ့ တန်ခိုးသတ္တိတွေလဲ ရလာတယ်။   ဇော်ဂျီရဲ့ ကိုယ်အဟောင်းက နည်းနည်းလေးပဲကျန်တော့တာကို အခု တွေ့ရတာဆိုတဲ့အကြောင်း ဆရာတော်က ညီအကိုနှစ်ယောက်ကို ရှင်းပြတယ်။ ဇော်ဂျီ ဖိုလ်ဝင်သားကို စားရင် တန်ခိုးသတ္တိတွေရှိလာမယ်၊ ဇော်ဂျီလောက်မဟုတ်တောင် ဓားလှံလက်နက်ပြီးတဲ့ အားကောင်းမောင်းသန် လူသားတစ်ဦး ဖြစ်လာမယ်ဆိုတာ ဆရာတော်က သိတာပေါ့။ ဒါကြောင့် ကျောင်းကို ဇော်ဂျီဖိုလ်ဝင်သားသယ်လာခဲ့ဖို့ ညီအကိုနှစ်ယောက်ကို ခိုင်းတယ်။ အချိန်တန်ရင် စားမယ် စိတ်ကူးနဲ့ပေါ့။

The venerable monk at once knew what it was: a left-over shell of a man who had changed himself into a zawgyi or demi-god. The monk explained to the brothers that a man who wished to be a zawgyi took to the woods and practiced austerities and contemplation; he also collected herbs that had magic qualities crushed them on a stone slab chanting appropriate mantras. The triumphant moment came when he had taken the right amount of herbs at the auspicious time; he then took a new form, a demi-god in red flaming robes, endowed with super-normal powers, like flying into the air, slipping into the dark bowels of the earth, and travelling under water like an amphibian; above all he would have longevity that could only be measured in thousands. Of this old body, only small remains were left, and it was what the monk and the two brothers found in the woods. The monk knew that whoever ate up the remains would be endowed with some super-normal powers, though not as much as the zawgyi himself, but enough to be a super-man of great strength and possessing immunity against death-dealing weapons. So he told the brothers to carry the remains to the monastery, intending to eat it in good time.

ခရီးကပြန်လာတော့ မောမောနဲ့ ကျိန်းလိုက်တာ ဆရာတော်ကြီးခမျာ ဆန်းဆန်းပြားပြား ဘောဇဉ်ကို မှီဝဲခွင့်တောင် မရလိုက်ပါဘူး။ အသားနံ့က တအားမွှေးတော့ ညီအကိုနှစ်ယောက်ဟာ ဘယ်လိုမှ အောင့်အည်းလို့မရတော့ဘဲ ဆရာတော်ကြီး ကျိန်းနေတုန်း ဇော်ဂျီဖိုဝင်သားကို ဝေစားပစ်လိုက်ကြရောတဲ့။

It so happened that the venerable monk never managed to have his fabulous snack, because he fell asleep tired from the journey; while he was asleep, the two brothers, unable to resist the appetizing aroma, ate the whole thing between them.

ညီအကိုနှစ်ယောက်ဟာ တန်းခိုးသတ္တိတွေပြည့်လာသတဲ့။ ခုန်လိုက်ရင် လေထဲမှာ အမြင့်ကြီးတဲ့။ သစ်ပင်တစ်ပင်ပင်ကို မှီလိုက်ရင် တုတ်ကလေးတစ်ချောင်းလို လဲကျသွားရောတဲ့။ ဘုန်းကြီးကျောင်းကို မလိုက်တဲ့အခါမှာတော့ ဘုန်းကြီးကျောင်းကြီးဟာ ကလေးကစားစရာ လေးလို လက်ထဲမှာ ပါလာသတဲ့။ နောက်တော့ ဆရာတော်ကြီးကို စဖို့ စိတ်ကူးရကြတာနဲ့ ဆရာတော်ကြီးကျိန်းနေလျက်နဲ့ ဘုန်းကြီးကျောင်း ကို တောနက်ကြီးထဲ သယ်သွားကြသတဲ့။ ဆရာတော်ကြီး နိုးလာတဲ့အခါ အိပ်မက်ဆိုးများ မက်နေသလား အောက်မေ့တာပေါ့။ အထူးသဖြင့် ညီအကိုနှစ်ယောက်က ကျောင်းကြီးကို နေရာဟောင်းပြန်ပို့တဲ့အခါမှာပေါ့။ ဘာတွေဖြစ်ကုန်ပြီဆိုတာ ဆရာတော်ကြီး သိလိုက်ပါပြီ။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ ညီအကိုနှစ်ကောင် ဆော့သမျှ ခံရုံပေါ့။

The two brothers suddenly found themselves in possession of super-normal powers. When they jumped, they rose high up into the air; when they leaned on a tree it fell down like a stick. When they tried lifting the monastery building, it came away in their hands like a plaything. They then decided to play a trick; they lifted the monastery building with the sleeping monk inside and transported it into a dark corner of the forest. When the monk woke up he thought he was in a terrible nightmare, especially when the brothers lifted the building again and returned it to old place. The venerable monk realized what had happened but he could do nothing. He only to put up with the brothers' mischievous tricks.

ညီအကိုနှစ်ယောက် လူဆိုးဖြစ်လာပြီ

The Brothers became bandits

နောက်တော့ လောဘဇောတိုက်နေတဲ့ ကိုယ်ကျိုးရှာသမားတွေက လူဆိုးဖြစ်အောင် မြှောက်ပင့်ပေးကြတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တာပေါ့။ နောက်လိုက်ငယ်သားတွေကများလာပြီး ဗျတ်ဝိဗျတ္တဂိုဏ်းဟာ အဲဒီနေမြေမှာ ချောက်ချားစရာ ဖြစ်လာပါရော။ တစ်ဘစ်နိုင်ငံလုံးမှာ မွှေနှောက်နေ တော့ လူတွေဆိုတာ ကျီးလန့်စာစားပေါ့။

Later, things went out of hands when avaricious self-seeking people flattered the brothers into becoming bandits. They had a large following and the band of Byatwi and Byatta became the terror of the land. They scourged the country and people lived in fear of their life and limb.

သထုံ မနုဟာမင်းကြီး ညီအကိုနှစ်ယောက်ကို အသေဖမ်းမိရင် ဆုကြီးတွေ ချီးမြှင့်မယ့်အကြောင်း ကြေညာတော့တယ်။ ဒါပေမယ့် ဒီလောက် ထူးထူးခြားခြား ခွန်အားဗလရှိနေတဲ့ ညီအကိုကို ဘယ်မှာ ဖမ်းလို့ရပါ့မလဲ။ တစ်နေ့တော့ ဘုရင့်အရာရှိတစ်ယောက်က အကြံတစ်ခု ရပါရော။ နှစ်ယောက်လုံးကို မမိတောင် ဗျတ်ဝိကို ဖမ်းမိဖို့ လမ်းတော့ ရှိတယ်ပေါ့။ ညညမှာ ဗျတ်ဝိက မအိုဇာဆိုတဲ့ ချစ်သူတစ်ယောက် မြို့ထဲမှာ ရှိတာကိုး။ ဗျတ်ဝိရဲ့ အစွမ်းသတ္တိတွေဟာ မိန်းမထဘီလှန်းထားတဲ့အောက်က ဖြတ်သွားတာနဲ့ ပျောက်ပျက်ကုန်မယ်ဆိုတာ ပညာရှိတွေက အဲဒီ အရာရှိကို ပြောထားသတဲ့။ ညပိုင်းမှာ ဗျတ်ဝိ ဘယ်လိုသွားလာနေတာကို သတင်းရထားတဲ့ အဲဒီအရာရှိအတွက် ဒါက လွယ်ပါတယ်။ ဗျတ်ဝိ ဖြတ်သွားနေကျလမ်းမှာ သူ့လူတွေကို လိုအပ်သလို လုပ်ခိုင်းထားတာပေါ့။ အဲဒီည အဲဒီနေရာကို ဗျတ်ဝိဖြတ်သွားလိုက်တာနဲ့ ဗျတ်ဝိတစ်ကိုယ်လုံး ယားယံကုန်သတဲ့။ မဟုတ်တာတစ်ခုခုတော့ ဖြစ်ပြီဆိုတာ ချက်ချင်း နားလည်လိုက်သတဲ့။ မကြာပါဘူး။ သူ့ကို လူတွေ ဝိုင်းထားကြပြီ။ အရင်ကလို ခုန်ဖို့ ကြိုးစားကြည့်ပေမယ့် ရန်သူတွေလက်က ဘယ်လိုမှ ရုန်းမထွက်နိုင်ဘူးတဲ့။

King Manuha, ruler of Thaton, set a high reward on the heads of the brothers, but, what with their extraordinary powers, they could not be sized until one day one of the commanders hit upon a plan. Perhaps he could get hold of Byatwi the elder brother, if not both. Byatwi had a mistress in the city, a girl named Ma Oh Zar, whom he visited at night. The commander was told by wise men that Byatwi's super-normal powers could be destroyed by defilement, that is by making him walk where women's nether garments were hung overhead. That was quite easy, since the commander had been informed of Byatwi's movement at night. The commander's men secretly did what was necessary where Byatwi was wont to pass. That night, as soon as Byatwi passed the spot, he was seized with a horrible spasm of itching. He at once knew that something evil was afoot. The next moment the men were upon him. When he tried to leap as of old, he found that he could no longer rise out of the reach of his captors.

ဗျတ်ဝိ မသေပါဘူး

Byatwi would not die

ဒါပေမယ့် ဗျတ်ဝိ မသေသေးပါဘူး။ သူ့ကို တိုင်မှာချည်ပြီး တုတ်တွေနဲ့ရိုက်၊ ဓားတွေနဲ့ ခုတ်၊ လှံတွေနဲ့ထိုးကြပေမယ့် ဗျတ်ဝိမှာ အရာတောင် မထင်ဘူးတဲ့။ သူ့ သိဒ္ဓိတွေက ပြယ်သွားပေမယ့် သူ့စိတ်ဓာတ်က အလျှော့မပေးသေးဘူးလေ။

However, it was not the end of Byatwi. When the men tied him to the stake and tried to beat him with clubs, hack him with swords, and stab him with spears, they could not so much as give him a scratch. Even though his super-normal powers were gone there was something that would not give way: his undaunted spirit.

နာနာကျင်ကျင် ဝေဒနာ ခံရပေမယ့် သူ့သဘောနဲ့သူ အသက်ကိုမစွန့်သေးသမျှ ဗျတ်ဝိ မသေနိုင်သေးဘူးလေ။ သူ့ကို နှိပ်စက်နေတဲ့လူတွေ နောက်ဆုံးတော့ လက်လျှော့ကြရမှာပဲဆိုတာ သိထားတော့ နာသမျှ အောင့်ခံတာပေါ့။ ဒါက စိတ်ဓာတ်ခွန်အားပြိုင်ပွဲ မဟုတ်လား။ သထုံမင်းရဲ့ အရာရှိကလဲ နည်းလမ်းရှာရတာပေါ့။ ဒါနဲ့ ဗျတ်ဝိကို မခံချင်အောင် စတယ်။ မအိုဇာက ဆုလာဘ်လိုချင်လို့ သူ့ကို သစ္စာဖောက်သွားပြီးတဲ့နောက် ဘာအတွက်များ အနာခံအသက်ရှင်နေချင်တာလဲ ပေါ့။ အခုဆို မအိုဇာမှာ ထိုက်ထိုက်တန်တန် အသွင်းတွေဘာတွေ ပေးနိုင်ပြီဆိုတော့ မနုဟာမင်း နန်းတော်က ဘယ်အရာရှိမဆို ခေါင်းခေါက်ယူနိုင်နေပြီတဲ့။ ဗျတ်ဝိက ပြောတိုင်း မယုံပါဘူး။ ဒီတော့ အရာရှိက မအိုဇာကိုယ်တိုင်က ဗျတ်ဝိကို သေစေချင်နေတယ်ဆိုတာ သက်သေပြမယ်တဲ့လေ။ အမူအရာနဲ့ပေါ့။ အဲဒီဒေသထုံးစံအတိုင်း သေခါနီးလူတွေကို မအိုဇာက ဗျတ်ဝိဆီ လာပြီး ကွမ်းတစ်ရာ ရေတစ်မှုတ် ပေးမယ်တဲ့။

Until and unless Byatwi voluntarily gave up his life he would not die, even though suffered pain. He bore the pain knowing full well that his tormenters would have to give up; it was the battle of the wills. The commander had to think of a ruse. He taunted Byatwi, saying how foolish he was to suffer pain when he had nothing to live for, his mistress Ma Oh Zar having betrayed him for the reward. With the ample dowry she had, she could choose any nobleman in King Manuha's court. Byatwi did not believe the story. Then the commander told Byatwi that he could produce proof; his mistress Ma Oh Zar herself would tell Byatwi that she wanted him to die - this she would do by a gesture. Ma Oh Zar would come to Byatwi with a quid of betel and a cup of water, which, the commander explained, was, according to the local custom, a gift to a dying man.

နိုင်ငံခြားသားဆိုတော့ ဗျတ်ဝိခမျာ ဒီဒေသထုံးစံဆိုတာ အဲဒီအရာရှိက အခုမှထွင်လိုက်တဲ့ အကြံအဖန်မှန်း ဘယ်သိမလဲ။ ပြီးတော့ မအိုဇာကသာ ဗျတ်ဝိ အသက်ဆက်ရှင်ဖို့ဆန္ဒရှိတဲ့လက္ခဏာပြရင် လွှတ်ပေးမယ်လို့လဲ အရာရှိက ပြောသတဲ့။ ဒါပေမယ့် မအိုဇာကသာ ကွမ်းတစ်ရာ ရေတစ်မှုတ်သာ ပေးရင်တော့ ယောက်ကျားပီပီ သူ့ဆန္ဒကိုလက်ခံပြီး သေရမယ်ပေါ့။

Byatwi, being a foreigner, did not know that the 'custom' was invented by the commander on the spur of the moment to suit his purpose. The commander said that if Ma Oh Zar did indicate a wish that Byatwi should live, he would let him go free. But if, on the other hand, Ma Oh Zar should bring a quid of betel and a cup of water, then he should be man enough to read the message and meet his death.

နောက်တော့ အရာရှိက မအိုဇာကို တစ်မျိုး ပြောပြန်သတဲ့။ ဗျတ်ဝိကို ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီမို့ မအိုဇာကို စောင့်နေတဲ့ အကြောင်းပေါ့။ သတင်းကြားတာနဲ့ မအိုဇာက ဝမ်းပန်းတသာ သူ့ချစ်သူဆီ သွားတော့မလို့။ အရာရှိက အခုမှ သတိရဟန်နဲ့ "ဟဲ့ လက်ချည်း သွားမှာလား။ ကွမ်းတစ်ယာ ရေတစ်မှုတ်လောက်တော့ ယူသွားမှပေါ့" လို့ ပြောသတဲ့။ ပြောတဲ့အတိုင်း မအိုဇာက လုပ်တာပေါ့။

Then the commander told Ma Oh Zar a different story. He said that Byatwi had been pardoned by the king and that he was waiting for her. The woman, overjoyed by the news, was about to rush to her lover. The commander, as if in an afterthought, said: was she going to him empty-handed? Why, she might take him a quid of betel and a cup of water. And Ma Oh Zar did.

အမင်္ဂလာလက်ဆောင်တွေကိုင်ပြီး သူ့ဆီကို လာနေတဲ့ မအိုဇာကိုလည်း ဗျတ္တမြင်ရော စိတ်ဓာတ်က အဆုံးတိုင်ကျတော့တာပဲ။ လူသတ်သမားရဲ့ ဓားထက် ချစ်သူရဲ့ သစ္စာဖောက်သွားတာက သူ့ကို အနိုင်ယူနိုင်တာမို့ သူ့နှလုံးသားက ပေါက်ကွဲကြေမွသွားပါတော့တယ်။ သူ့ချစ်သူရဲ့ ချစ်လွန်းလို့ တားမြစ်လိုက်တဲ့အသံကိုလည်း သူ မကြားနိုင်တော့ပါဘူး။ သူ့ကို ဖက်ထားတဲ့ နူးနူးညံ့ညံ့လက်ကလေးတွေရဲ့ အထိအတွေ့ကိုလည်း မရတော့ပါဘူး။

When Byatwi saw Ma Oh Zar coming toward him with the ominous gift, he was completely overcome; his loved one's betrayal stronger than the executioners' swords quite vanquished him and his mighty heart burst. He scarcely heard his mistress's protestations of love nor did he feel her tender arms around him.

ကိုင်း ဗျတ်ဝိတော့ သေသွားပြီ။ မြို့တော်လုံခြုံရေးအတွက် ဗျတ်ဝိရဲ့အလောင်းကို အကျိုးရှိရှိ အသုံးချဖို့ ပညာရှိကြီးက မင်းကို အကြံပြုပြန် ပါတယ်။ မြို့ရိုးမှာ သွေးတွေဖျန်းပြီး မြို့လေးထောင့်မှာတော့ ဗျတ်ဝိရဲ့အသားတွေ ကလီဇာတွေကို မြှုပ်ထားသတဲ့။။ ဒီလိုဆိုတော့ ဗျတ်ဝိရဲ့ ဝိဉာဉ်က ကျူးကျော်လာမယ့်သူတွေကို ကာကွယ်မယ်ပေါ့။

Now that Byatwi was dead, the wise man suggested to the king to make good use of his remains for the defence of the city. Byatwi's flesh and insides were buried at the four corners of the city walls, which were then sprinkled with his blood. In this way, Byatwi's spirit would have to guard the city against invaders.

ဒီအချိန်မှာ ဗျတ်ဝိရဲ့ညီ ဗျတ္တက ပုဂံကို ထွက်ပြေးပြီး အနော်ရထာမင်းဆီမှာ ခိုလှုံသတဲ့။ ဘုရင့်လူယုံတော်ဖြစ်လာပြီး စစ်သည်တော်တွေကို မြင်းစီးအတတ်နဲ့ ကိုယ်ခံပညာတွေ သင်ကြားလေ့ကျင့်ပေးရတာပေါ့။ ဌာနချုပ်က ပုပ္ပါးတောင်တဝိုက်ပေါ့။ တကယ့်အလုပ်က လျှို့ဝှက်ထားရမယ့် နန်းတွင်းရေးရာမို့ မိဘုရားကြီးနဲ့ နန်းတွင်းသူတွေအတွက် ပန်းတော်ဆက်အဖြစ်ပဲ လူသိများကြတာပေါ့။ အဲဒီပုပ္ပါးမှာပေါ့။ ပန်းတွေကိုပဲ အဟာရပြုနေတဲ့ တောစောင့်နတ်သမီး မယ်ဝဏ္ဏဆိုတဲ့ချစ်သူကို တွေ့တာ။ သားလေးနှစ်ယောက်မွေးတဲ့အခါ မင်းကြီးက ရွှေဖျင်းအိုးတစ်လုံးစီပေးပြီး ဂုဏ်ပြုသတဲ့။ ဒါကြောင့် ရွှေဖျင်းကြီး ရွှေဖျင်းလေးလို့ ခေါ်ကြတာပေါ့။ နောက်တော့ မင်းကြီး မင်းလေးလို့ တွင်တာပေါ့။

Meanwhile, Byatwi's brother Byatta had escaped to Pagan and taken asylum at Anawrahta's court. He became a trusted henchman of the king and his assignment was to train the king's men in horsemanship and other martial arts. His headquarters was the area around Mount Popa. Since his real commission was a guarded royal secret, he was only known as the supplier of rare flowers to the queens and ladies of the court. It was at Popa that Byatta met his love, Mai Wunna, a forest nymph who lived on flowers. When their two sons were born, the king honored them by giving a solid gold pot to each; they were known as Shwe Phyin Gyi and Shwe Phyin Lay, "Gold Pot the Elder" and "Gold Pot the Younger". Later they were called Min Gyi and Min Lay, "the Elder Lord" and "the Younger Lord".

အနော်ရထာမင်းနဲ့ သထုံ

King Anawrahta and Thaton

အနော်ရထာက သထုံကို စိတ်ဝင်တစားဖြစ်နေတယ်။ စစ်ရေးအရ အနိုင်ယူဖို့ရယ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံတော်ကြီးစည်းရုံးရေး အတွက် သူ့စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုရေးရာတွေမှာ နောင်ပူးပေါင်းလုပ်ဆောင်ရမယ့် မဟာမိတ် ဖြစ်ဖို့ စိတ်ကူးတာပါ။

Anawrahta was interested in Thaton, not so much as a potential for military conquest but as a future alliance in cultural and religious works which were part of his plan for the unification of Burmese kingdom.

အနော်ရထာ့ဘေးမှာက မောက်မောက်မာမာသူရဲကောင်းတွေသာ ရှိတာမဟုတ်ပါဘူး။ နောင် သူ့ကို ဆက်ခံမယ့် ကျန်စစ်သားလို အမြော်အမြင်နဲ့ ပြည့်စုံတဲ့ တိုင်းချစ်ပြည်ချစ်တွေ၊ မင်းကြီးအတွက် စိတ်ဓာတ်ရေးရာ အတိုင်ပင်ခံဖြစ်တဲ့ ပညာတတ် ရှင်အရဟံလို ပုဂ္ဂိုလ်တွေလည်း ရှိတာပါပဲ။ နိုင်ငံတော်မှာ ထေရဝါဒဗုဒ္ဓဘာသာ ပြန့်ပွားစေချင်ရင် မြတ်စွာဘုရားရဲ့ပိဋကတ်စာပေတွေရယ်၊ ဒီစာပေတွေကို ရှင်းလင်းပို့ချနိုင်မယ့် ရဟန်းတော်တွေရှိဖို့လိုတယ်လို့ ရှင်အရဟံက အနော်ရထာမင်းကို ရှင်းလင်းပြောပြထားပြီးသားပါ။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ သထုံဟာ ဗုဒ္ဓစာပေရဲ့အချက်အချာပေါ့။ ပိတကတ်စာပေတွေနဲ့ ပညာတတ်ရဟန်းတော်တွေကိုရဖို့ အနော်ရထာမင်းဟာ မနုဟာမင်းကို အကူအညီတောင်းဖို့ လိုလာပြီပါပြီ။

 It was not only swash-buckling heroes that Anawrahta had around him but also sagacious statesman like Kyansittha, later his successor, and Shin Arahan, a learned monk, his spiritual adviser. Shin Arahan had explicitly told Anawrahta that in order to introduce Theravada Buddhism into the land, he must have authentic writings of Buddhist Scriptures and learned monks to teach them. At that time Thaton was the center of Buddhist learning in Burma. It was essential that Anawrahta seek the help of King Manuha to get the Scriptures and the learned monks from Thaton.

နိုင်ငံတော်တစ်ရပ်လုံး ထေရဝါဒဗုဒ္ဓသာသာနာပြန့်ပွားအောင် ပိဋကတ်နဲ့ ပညာတတ်ဆရာတွေ တောင်းခံဖို့ အနော်ရထာမင်းက သထုံကို ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လွှတ်တယ်။ အဲဒီအချိန်က ပထဝီဝင်အနေအထားအရ ဝေးကွာတာရယ် လမ်းပန်းဆက်သွယ်ရေး မကောင်းတာရယ်ကြောင့် တစ်ဦးကိုတစ်ဦး နားမလည်တာတွေ ဖြစ်ကုန်တာပေါ့။ မနုဟာအမြင်မှာ မြန်မာပြည်အလယ်ပိုင်းကလူတွေ ဟာ ဘုရားတရားတော်နဲ့ မတန်အောင် စစ်တိုက်နေတဲ့ မျိုးနွယ်တွေပဲ။ ဒါနဲ့ အနော်ရထာမင်းရဲ့ကိုယ်စားလှယ်တွေကို ဒီလိုပဲ ပြောလွှတ်လိုက်သတဲ့။

Anawrahta duly sent a mission to Thaton requesting King Manuha send him the Scriptures and some of the learned teachers to Pagan, so that Theravada Buddhism would be well propagated throughout the land. In those days, geographical distance and lack of proper communications bred misunderstanding. To King Manuha of Thaton, the men of central Burma were but warring tribes, not worthy of the Buddha's teaching; and he said so in no uncertain terms to the men of Anawrahta's mission.

သထုံ တိုက်ပွဲ

Campaign against Thaton

စစ်ကိုမရှောင်သာတော့ အနော်ရထာရဲ့တပ်တွေ သထုံကိုချီပြီး မြို့ကိုဝိုင်းရပြီပေါ့။ အဲဒီမှာ ရင်ဆိုင်လိုက်ရတာက မြို့ရိုးကို စောင့်ကြပ်နေတဲ့ ဗျတ်ဝိ ဝိဉာဉ်ရဲ့ စွမ်းအားပါပဲ။ အနော်ရထာမင်းရဲ့လူတွေဆိုတာ မြို့ရိုးနဲ့ ခဲတစ်ပစ်အကွာတောင် မကပ်နိုင်ကြဘူး။ မြို့အကာအကွယ် လုပ်ထားတာနဲ့ပတ်သက်လို့ သတင်းစုဆောင်းဖို့ နယ်ကျွမ်းတဲ့ ဗျတ္တကို အနော်ရထာ လွှတ်ရတယ်။ တစ်ညမှာ ဗျတ္တဟာ နောက်လိုက်တွေကိုထားခဲ့ပြီး သူ့လူတွေကို ထူးထူးဆန်းဆန်း တွန်းလှန်ထုတ်နေတဲ့နေရာကနေ မြို့ရိုးနား ကပ်သွားသတဲ့။ စစ်ချီရာက ပြန်လာမှဖြင့် သူ့လူတွေဆိုတာ စိတ်ကယောက်ကယက်နဲ့။ ခေါင်းမပါတဲ့သတ္တဝါကြီး ဇာတ်လမ်းတွေက ပါသေး။ သွေးရူးသွေးတန်း ပြောချင်ရာ ပြောနေတာတွေလဲ ပါသေး။ မကောင်းဆိုးဝါး တစ်ခုခု ရှိနေပြီဆိုတဲ့ သံသယနဲ့ ဗျတ္တဟာ စူးစမ်းဖို့ ထွက်လာတာပေါ့။

War became inevitable and Anawrahta's forces marched to Thaton and laid siege to the city. But they were up against the super-normal powers of Byatwi's spirit who guarded the city walls. Anawrahta's men could not come within a stone's throw of the city walls. Anawrahta sent Byatta who knew the terrain well, to gather information regarding the city's defences. One night, Byatta left his attendants behind and approached the city walls from which his men were repulsed by some mysterious forces. They had come back from their offensive operation with attacks of hysteria and stories of headless monsters and other creations of the heat-oppressed brain. Byatta suspected something evil and he had to find out what it was.

ထူးထူးဆန်းဆန်း လျှို့လျှို့ဝှက်ဝှက်ဟာတွေကိုစွန့်လွှတ်ဖို့ မြို့ရိုးကြီးကို အမိန့်ပေးနေတဲ့ဟန်နဲ့ ဗျတ္တက စူးစူးစိုက်စိုက် ကြည့်နေတုန်း တစ်ခုခု ဆန်းဆန်းပြားပြား ကပ်လာသလို ခံစားရပြီး ထိတ်ကနဲ ဖြစ်သွားသတဲ့။ နောက်တော့ သူ့ညီဗျတ်ဝိလို့ ကွဲကွဲပြားပြား သိနိုင်တဲ့ မည်းမည်းသည်းသည်း တစ္ဆေလို သဏ္ဌာန်ကြီးကို ငေးကြည့်နေမိတာပေါ့။ ဗျတ္တ ကောင်းကောင်းမှတ်မိနေတဲ့ ဗျတ်ဝိရဲ့ အသံနဲ့ပဲ သူကတော့ ဘုရင့်အမိန့်အတိုင်း မြို့ရိုးကိုကာကွယ်ရမှာပဲဆိုတာ ဗျတ်ဝိရဲ့ ဝိဉာဉ်က ပြောပြသတဲ့။ သူ့တစ်ကိုယ်လုံးက မြို့ရိုးတွေကို ကာကွယ်ဖို့ အစီအမံ ခံထားရပြီဆိုတော့ လုံးဝကို ပြောလို့ဆိုလို့ မရတော့ဘူး။ အနော်ရထာရဲ့တပ်သားတွေ ဝင်ဖို့ တစ်နေရာရာတော့ ရှိရမှာပေါ့၊ ဗျတ်ဝိ မကူနိုင်ဘူးလားဆိုပြီး ဗျတ္တကလည်း ထပ်ပြောတာပေါ့။ ဗျတ်ဝိကလည်း သူ့သွေးမရောက်လို့ သူဘယ်လိုမှ မကာကွယ်နိုင်မယ့် ကြက်မတစ်ဝပ်စာ နေရာလေးတစ်နေရာတော့ ရှိတဲ့အကြောင်း ပြန်ပြောသတဲ့။

Byatta was looking hard at the city wall as if commanding it to give up its secrets when he was startled by some mysterious presence. He suddenly found himself gazing at a wraith-like apparition, shadowy but recognizable as his late brother Byatwi. Byatta shuddered, unwonted goose-pimples arose all over his body. In the well-remembered voice of his brother, the spirit of Byatwi told him that he could not but guard the city walls as commanded by King Manuha. He had been completely enthralled as his body had been used to guard the city walls. Byatta insisted that there might be a chance of Anawrahta's forces penetrating the city walls; could Byatwi help? Byatwi replied that the weakest point in the city's defences was a space not covered by his blood, for he would be powerless over that area, though it was but "a sitting hen's gap in the wall".

အဲဒီ လျှို့ဝှက်ချက်လည်း အနော်ရထာရဲ့လူတွေ လက်ထဲ ရောက်သွားရော သထုံမြို့ကြီးလည်း ကျရော။ ပိဋကတ်တွေ ဘုန်းကြီးရဟန်းတွေနဲ့အတူ မနုဟာမင်းနဲ့ နန်းတွင်းသူ နန်းတွင်းသားတွေကိုပါ ပုဂံကို သယ်သွားသတဲ့။ အဲဒီနောက်တော့ တမ္ပဒီပလို့ ခေါ်ကြတဲ့ အနော်ရထာမင်းရဲ့နိုင်ငံတော်မှာ ထေရဝါဒဗုဒ္ဓသာသာနာကြီးကို အခိုင်အမာ ထူထောင်နိုင်လိုက်တာပေါ့။

Once the secret was in the hands of Anawrahta's men, the city fell. Buddhist Scriptures, learned monks and the royal family of King Manuha were brought back to Pagan and Theravada Buddhism became firmly established in the land of Tampadipa, as Anawrahta's kingdom was called.

သထုံတောင်ဘက်မြို့ရိုး အပျက်အစီးအကြွင်းအကျန်တွေနဲ့ ကပ်လျက်ကနေ မြို့ထဲကို စီးဝင်နေတဲ့ ချောင်းကလေးတစ်ချောင်း အခုထိ ရှိပါသေးတယ်။ အဲဒီနေရာကို အနော်ရထာမင်းစစ်သားတွေ ဝင်တိုက်ခဲ့တဲ့ ကြက်မတစ်ဝပ်စာနေရာပေါ့လို့ နယ်ခံလူတွေက ဧည့်သည်တွေကို ပြတတ်ကြတယ်။ အဲဒီနေရာအပေါ်မှာတော့ စစ်ပွဲအတွင်းက ဆုံးသွားတဲ့ ဗျတ္တရယ်၊ ဗျတ်ဝိရယ် နောက်တော့ သေလွန်ပြီးတဲ့နောက် ဝိဉာဉ်ဘဝနဲ့ ချစ်သူကို ပြန်ဆုံခွင့်ရတဲ့ မအိုဇာရုပ်တုတွေကို ထုထားတယ်။

Today, close by ruined remains of the southern wall of the city of Thaton is a small brook running into the city. Local people point out to visitors that it is the "sitting hen's gap in the wall" where Anawrahta's forces made their assault. Right on the place are sculptured likeness of Byatwi, and Byatta who died during the siege, and Ma Oh Zar, Byatwi's mistress, whose spirit had been reconciled to that of her lover.

မန္တလေးကိုအပြန် ဆုတောင်းဘုရားတည်

Back to Mandalay:

the building of "Wish-fulfilling Pagoda"

 

ဗျတ္တ သထုံတိုက်ပွဲမှာ ကျသွားတဲ့အခါ မင်းကြီး မင်းလေးဆိုတဲ့ သားတွေကို အနော်ရထာမင်းက သူ့ဆီမှာ အမှုထမ်းခိုင်းသတဲ့။ ယူနန်ကို ချီတက်ပြီးအပြန်မှာ ရလာတဲ့ မြဘုရားထာပနာဖို့ ရည်ရွယ်ချက်နဲ့ တည်နေတာကို ကွပ်ကဲဖို့ မန္တလေးနားက တောင်ပြုန်းဆိုတဲ့အရပ်မှာ မင်းကြီးမင်းလေးကို တာဝန်ချထားသတဲ့။

Now that Byatta had given his life during the Thaton campaign, Anawrahta took his two sons Min Gyi and Min Lay into his service. They were stationed at Taungpyone near Mandalay to see to the Building of a pagoda wherein the emerald Buddha image, a trophy from a campaign to Yunan, was to be enshrined.

ယူနန်ကိုစစ်ချီရာမှာ မင်းကြီးမင်းလေးကလည်း အစွမ်းပြခဲ့ကြပြီလေ။ သူတို့စွန့်စားခန်း ဇာတ်လမ်းတွေကို လူတွေ မမောတမ်း ပြောနေကြတဲ့အချိန် ပေါ့။ လူတွေရဲ့အမြင်မှာ တန်ခိုးရှင်လူသားထက်မနည်း စွမ်းအားရှိတယ်လို့ ယုံကြည်ထားတဲ့ ဗျတ္တရဲ့သားတွေ ပီသပါတယ်ဆိုတာ ညီနောင်နှစ်ယောက်က သက်သေထူပြီးပြီလေ။

Min Gyi and Min Lay had distinguished themselves during the Yunan campaign, and the fantastic stories of their exploits were the talk of the town. The two brothers had proved themselves to be worthy sons of Byatta who was nothing less than a super-man in the eyes of the people.

ဘုရားတည်ရာမှာ လူတန်းစားမရွေးပါနိုင်အောင် ဘုရားတည်တဲ့နေရာကို လူတစ်ယောက်အုတ်တစ်ချပ် ယူခဲ့ကြဖို့ ဘုရင်က အမိန့်ထုတ်သတဲ့။ သူရဲကောင်းမင်းကြီးမင်းလေးရဲ့ အရှိန်အဝါကြောင့်ရော၊ ကိုယ့်အရပ်ကိုယ့်ဒေသတင့်တယ်မယ့် ဘုရားတည်တာကို ဂုဏ်ယူတာကြောင့်ရော လူတွေက တက်တက်ကြွကြွ ဝိုင်းကြဝန်းကြတာပေါ့။ ဘုရားတည်တဲ့ နေရာကို အုတ်တစ်ချပ်စီကိုင်ပြီး အစုလိုက်အဖွဲ့လိုက်လာကြ၊ ဆိုကြ ကကြ တီးကြမှုတ်ကြနဲ့ဆိုတော့ ပျော်စရာကြီးပေါ့။ ဒီအထဲ ဘုရားပြီးရင် ဘုရင်ကိုယ်တိုင် ကြွရောက်ချီးမြှင့်မယ်ဆိုတဲ့ သတင်းက ထွက်လာပြန်တော့ ဆထက်ထမ်းပိုး ဝမ်းသာကြသတဲ့။

So that the people of all levels could participate in the building of the pagoda, the king had decreed that each person must bring a brick to the building site. Attracted by the glamour of the gallant heroes, Min Gyi and Min Lay, and inspired by the honor of having a pagoda to grace the locality, the people rallied round with heart and soul. It was a happy time for all people coming to the site in groups, each carrying a brick, accompanied by music troupes, dances and songs. Everyone had a sense of belonging to the pagoda and the news that the king himself would be favoring the place with a visit when the pagoda was completed delighted them all the more.

တည်နေတဲ့ဘုရားက လူတိုင်းအတွက် မင်္ဂလာတစ်ပါးလို ဖြစ်နေပြီး ကိုယ့်လိုရာဆန္ဒတွေပြည့်တော့မယ်လို့ မျှော်လင့်နေကြတာပေါ့။ သူတို့ယုံကြည်ချက်က ဘယ်လောက်ပြင်းထန်သလဲ ဆိုရင် လူတိုင်းဟာ တစ်နည်းမဟုတ်တစ်နည်း ဆန္ဒတွေ ပြည့်သွားကြသတဲ့။ ဒါကြောင့် ဘုရားကို ဆုတောင်းပြည့်ဘုရားလို့ ဘွဲ့တော် တွင်သွားသတဲ့။

The pagoda under construction became something special to each and everyone and each felt his or her own wish be fulfilled. So fervent was their faith that the wish of each person was fulfilled in some way. So the pagoda came to be called "Wish-fulfilling pagoda".

ဒါပေမယ့် ပျော်စရာတွေကြားထဲမှာပဲ မလိုလားအပ်တဲ့ ထိတ်စရာလန့်စရာက ပေါ်လာသေးတယ်။ အဲဒါကတော့ ဒေသကို အုပ်ချုပ်နေတဲ့ မင်းကြီးမင်းလေးရဲ့ တန်းခိုးအာဏာ သိပ်ကို ထက်နေတဲ့ အချက်ပေါ့။ ရုပ်ကလေးတွေက လှ၊ ဖျတ်ဖျတ်လတ်လတ် သတ္တိရှိရှိဆိုတော့ သူတို့နားမှာ ကပ်ဖားရပ်ဖားတွေက အများကြီးပေါ့။ အဲဒီလူတွေကြောင့်ပဲ မင်းကြီးမင်းလေးလည်း ပျက်စီးလာသတဲ့။ ငြိမ်ငြိမ်ဆိမ်ဆိမ်နေတတ်တဲ့ အကို မင်းကြီးက ညီငယ်ကို ကွပ်ကဲ ထိန်းသိမ်းဖို့ အားထုတ်ပေမယ့် မအောင်မြင်ပါဘူး။ မင်းလေးရဲ့ သောက်စား ရမ်းကားတဲ့ အပြုအမူတွေအကြောင်းကို တီးတိုးတီးတိုး ပြောနေကြသတဲ့။ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက သူတို့ကို ခပ်ရှောင်ရှောင်နေကြပြီး သမီးရှင်တွေကဆို မင်းလေးရောက်လာမယ်ဆိုတဲ့အသံ ကြားရင် သမီးတွေကို အိမ်ထဲဝှက်ထားကြတာပေါ့။

Yet there was an ominous shadow of fear amidst the festivities - it was the dominant power of the brothers Min Gyi and Min Lay who ruled the place. Endowed with good looks, gallant and dashing, they were courted and flattered by hangers-on who led them into corruption. Min Gyi, the elder brother, who was the quieter of the pair, often tried to pay mentor to his younger brother albeit with something less than success. Stories of Min Lay's drinking bouts and licentiousness were whispered around. Respectable people tried to avoid them and folk locked up their daughters when they heard that Min Lay was around.

အပျိစင်လေး မရွှေဥ

Ma Shwe Oo, a maiden chaste and pure

မင်းကြီး စိတ်အရှုပ်ဆုံးအလုပ်က တစတစ ဆိုးရွားလာတဲ့ ညီမင်းလေးကို မတော်တလျော်တွေ မလုပ်မိအောင် ထိန်းနေရတဲ့အလုပ်ပဲ။ နောက်ဆုံး မင်းလေးက မရွှေဥဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့အချစ်ကို အရယူတော့မယ်လို့သိရတဲ့အခါမှာတော့ မင်းကြီးအစိုးရိမ်မိဆုံးပေါ့။ ဒီမိန်းကလေးဟာ မင်းလေးအတွက် နောက်ထပ်ကစားစရာလေး မဟုတ်ဘူး ဆိုတာ မင်းကြီး ကောင်းကောင်း သဘောပေါက်တာပေါ့။ ပထမအချက်က ဒီမိန်းကလေးက စိတ်သဘောမြင့်မြတ် စင်ကြယ်သူကလေး။ မင်းလေးပျော်ပါးဖူးတဲ့ မြူးမြူးတူးတူး တောင့်တောင့်တင်းတင်း တခြားမိန်းကလေးတွေနဲ့ တူမှ မတူပဲ။ ဒုတိယအချက်က မရွှေဥအဖေဟာ လူထုက ချစ်ကြရိုသေကြတဲ့ အင်ကြင်းရော်ရွာသူကြီး လေ။

One of the most irksome of Min Gyi's responsibilities was to keep his brother from amorous adventures which were becoming increasingly vicious. Thus when Min Lay set himself upon winning a girl named Ma Shwe Oo, Min Gyi feared the worst. Min Gyi knew only too well that she was not just another girl to be trifled with. First, she was virtuous and pure, not at all like the blithe and buxom maids Min Lay was used to. Second, she was the daughter of the headman and administrator of Inkyinyaw village, a man respected and loved by the people.

မင်းလေးက ကိုယ့်ဆန္ဒလေးဖြည့်ပြီး အောင်ပွဲခံလိုက်မယ်လို့များ ခပ်ပေါ့ပေါ့တွေးရင်တော့ မင်းလေး အကြီးအကျယ်မှားပြီပေါ့။ မိဘက သဘောတူထားတဲ့ ချစ်သူလည်း မရွှေဥမှာ ရှိနေပြီဆိုတော့ ယဉ်ယဉ်ကျေးကျေး ပြတ်ပြတ်သားသားပဲ မင်းလေးကို ငြင်းလွှတ်လိုက်သတဲ့။

If Min Lay thought for a moment that he could satisfy a whim and ride away in triumph, he was greatly mistaken. He was politely but firmly put off, because Ma Shwe Oo already had a lover, who had been accepted by her parents.

အိမ်ထောင်ရှိမိန်းမတစ်ယောက်၊ လက်မထပ်ရသေးတောင် တယောက်ယောက်နဲ့ ပြောဆိုထားတဲ့ မိန်းမတစ်ယောက်ကို စော်ကားတာဟာ လူသတ်မှုထက်တောင် အပြစ်ကြီးတဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်လောက်ပဲ တန်ခိုးအာဏာတွေထက်နေနေ မင်းလေးလည်း မတော်တလျော်လုပ်လို့ ဘာရမလဲ။ မင်းကြီးက သတိပေး ဆုံးမပေမယ့် မင်းလေးက နားမဝင်ပါဘူး။ မရွှေဥရဲ့ကနွဲ့ကယအလှက မင်းလေးကို အားကောင်းမောင်းသန် ပြည့်တန်ဆာမတစ်ယောက်ထက် မင်းလေးစိတ်ကို မွှေနှောက်နေပြီလေ။ မရွှေဥရဲ့အိမ်ကို သွား၊ မရွှေဥရဲ့ ယက်ကန်းစင်နားမှာ မထတမ်းထိုင်ပြီး ချစ်ခွင့်ပန်နေသတဲ့။

In a society that considered seduction of a woman married, or promised to another, as a crime worse than murder, Min Lay, notwithstanding his popularity, glamour and power, with not be get away with it. Min Gyi tried to warn and reason, but his brother would not listen. Ma Shwe Oo modesty had stirred Min Lay more strongly than any strumpet with all her vigor. Min Lay visited Ma Shwe Oo's home, planted himself at the loom where the girl worked, and pressed his suit.

ပထမတော့ မရွှေဥက မြောက်ဘက်က သစ်ခုတ်ဖို့ တက်သွားတဲ့ ကိုရင်မောင်ကို လက်ခံပြီး ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် မင်းလေးက ဒီလိုအတွေးမျိုး ထားတောင် မထားသင့်တဲ့ အကြောင်း ဖျောင်းဖျောင်းဖျဖျ ရှင်းပြပြီး မင်းလေးကို ခါချသေးတာပေါ့။ ဒါပေမယ့် မင်းလေးပိုးပန်းတာ တစ်စတစ်စ လွန်လာတော့ မရွှေဥလည်း ဘယ်မှာ ယဉ်ကျေးနေနိုင်ပါတော့ မလဲ။ ကြမ်းကြမ်းတမ်းတမ်း ပြောမိဆိုမိတော့တာပေါ့။ ကလေကလွင့်၊ အခြေမဲ့အနေမဲ့၊ အုတ်ကြားမြက်ပေါက်၊ ရေမျောကမ်းတင်၊ ဆွေမစစ်မျိုးမစစ် ဘာညာပေါ့။ ပြီးတော့ ဘုရင်က မျက်နှာသေးပေးလို့ ရနေတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေဆိုတာလည်း လူပုလေးကိုယ်မှာ ဘီလူးဝတ်ရုံဆင်ထားသလို မတော်တလျော်ဖြစ်နေတဲ့အကြောင်း၊ သူ့ထဘီနားကို ထိဖို့တောင် မတန်တဲ့ အကြောင်း ဘာညတွေလည်း ပြောတာပေါ့။

At first, Ma Shwe Oo put him off, gently explaining that she was already offered to Ko Yin Maung, a forester who was then away on a logging expedition up north, and that it was unseemly for Min Lay to harbor such a thought. When Min Lay became more and more vehement in his wooing, Ma Shwe Oo could no longer be courteous. She hurled abuses at him: she called him homeless wandered, rootless, not belonging to any respectable clan, a man without a country, the progeny of the trash of a man who was washed ashore from nowhere; an alien of unknown breed; a mongrel; and just because the king had favored him with honors - honors which sat on him as a giant's robe on a miserable dwarf - he was giving himself airs; a man who was not worthy of touching the hem of her skirt, and so on and so forth.

ငယ်ငယ်ရွယ်ရွယ် ရူးရူးမိုက်မိုက် မင်းလေးရဲ့ဘဝတလျှောက်မှာ ဒီလို အစော်ကားခံမှမခံရဖူးပဲ။ သူ့ထုံးစံအတိုင်း အစတော့ ဒီကလေးမကို သတ်ပစ်ချင်လိုက်တာ။ ဒါပေမယ့် တကယ့် အချစ်သမားတစ်ဦးအတွက် ကိုယ့်ချစ်သူကိုယ်သတ်တယ်ဆိုတာ ဟုတ်မှမဟုတ်တာ။ လူရယ်စရာတွေ ဖြစ်ကုန်တော့မှာပေါ့။ နည်းနာလေး ပြောင်းဦးမှ။

Min Lay in all his young errant life had never had such a dressing down. Used to having his own way, Min Lay for a moment wanted to kill this slip of a girl. But then, it would not do for the great lover to kill a girl who refused him. He would the laughing-stock. He must change his tactics.

ဒါနဲ့ မင်းလေးက မရွှေဥပြောစကား တစ်လုံးတစ်ပါဒမျှ မကြားသလို နေလိုက်ရော။ ရယ်ရယ်မောမောနဲ့ မရွှေဥကို ချော့လိုက် စလိုက်၊ ကပြက်ကချော် လုပ်ပစ်တယ်။ နောက်ဆုံး မရွှေဥကိုမှ မရရင် သေရပါတော့မယ်ဆိုပြီး မရွှေဥခြေရင်း ဝပ်စင်းတော့တာပေါ့။ မရွှေဥမှာ ပျစ်ပျစ်နှစ်နှစ် ဆဲပစ်လိုက်တာ အဆဲမျိုးစုံ ကုန်သွားတဲ့အထိ။

Min Lay acted as if he did not hear a word of Ma Shwe Oo's words. He laughed, cajoled and teased the girl, playing the buffoon. He fell at her feet declaring that he would die then and there for the love of her, until Ma Shwe Oo ran out of her colorful expletives.

မရွှေဥ ထွက်ပြေးပြီ

Ma Shwe Oo took flight

အခြေအနေက ဆိုးသထက်ဆိုးလာတော့ မိတ်ကောင်းဆွေကောင်းတွေအကူအညီနဲ့ ကိုရင်မောင်ရဲ့မိဘများနေရာ ရေကြည်ဆိုတဲ့ရွာလေးကို မရွှေဥရဲ့မိဘတွေ ထွက်ပြေးသွားပြီး မထင်မရှား နေကြသတဲ့။ စီမံထားတဲ့အတိုင်း ကိုရင်မောင်နဲ့မရွှေဥကိုလဲ အချိန်မဆိုင်းဘဲ လက်ထပ်ပေးလိုက်သတဲ့။ နောက်ပြီး ဆုတောင်းဘုရားတည်ပြီးသွားတာကို အဖူးရောက်လာမယ့် ဘုရင်ကို အကြောင်းစုံ လျှောက်ကြားဖို့ မိဘတွေက စီစဉ်နေကြသတဲ့။ မရွှေဥနဲ့မိဘတွေကို မင်းလေးရဲ့အစော်ကားကို အလိုမတူခံရဖူးတဲ့ သမီးရှင် မိဘတွေကလည်း ဝိုင်း ထောက်ခံကြတာပေါ့။ ဘုရင်ကို လျှောက်ထားဖို့ အားလုံး ပြင်ဆင်ထားကြသတဲ့။

As the situation worsened, Ma Shwe Oo's parents, helped by loyal friends, took flight and tried to lie low in a village called Ye-gyi where the parents of Ko Yin Maung, Ma Shwe Oo's intended lived. The family lost no time in having the marriage of Ko Yin Maung and Ma Shwe Oo contracted. Then the parents made arrangements to report the matter to the king, who would arrive soon to witness the completion of the "Wish-fulfilling Pagoda". Once the matter was known to the king, they would be safe. Ma Shwe Oo and her family were helped and supported by other families whose daughters had been unwilling victims of Min Lay's debaucheries. They all prepared cases to be reported to the king.

ရုတ်တရက် ပျောက်သွားတဲ့ မရွှေဥကို မင်းလေးက အချိန်တိုင်း ရှာနေတာပါ။ ကလေးမ ပုန်းနေတဲ့နေရာကို နောက်လိုက်ကပ်ပါးတွေ ရှာမတွေ့နိုင်လေ မင်းလေး ဒေါသထွက်လေ။ ဘယ်တွေ့မလဲ။ မရွှေဥပုန်းတဲ့နေရာကို အပေါင်းအသင်းတွေက သစ္စာရှိရှိ စောင့်ကြပ်နေကြတာပဲ။ အရက်တွေပဲ သောက်နေလိုက်တာ တာဝန်တွေတောင် ပျက်ကွက် လစ်ဟင်းကုန်ပါရော။

All the time, Min Lay looked for Ma Shwe Oo who seemed to have disappeared altogether. He became more and more enraged, as his hangers-on were unable to pry into the secret of the girl's hiding place, which was loyally guarded by their friends. He threw himself into drinking bouts so completely that he became careless and negligent of his duties.

အဲဒီအချိန်မှာပဲ ဘုရားတည်ရာကို လူတစ်ကိုယ်အုတ်တစ်ချပ်သည်လာတဲ့ အလုပ်က ရှေ့ဆက်သွားနေတာပေါ့။

Meanwhile, the building of the pagoda went on, each person bringing a brick to the site.

တောင်ပြုန်းရောက် အနော်ရထာမင်း

King Anawrahta at Taungpyone

နောက်ဆုံးတော့ ဘုရင်ကြီး ဘုရားလာဖူးမယ့်နေ့ ရောက်လာပါရော။ ဘုရားထဲမှာက ဘုရင်ကြီးကို ခရီးဦးကြိုပြုတဲ့ နယ်ခံအရာရှိတွေရယ်၊ ဘုရင်ကြီးရဲ့ နောက်လိုက်နောက်ပါတွေရယ်။ အပြင်မှာက အခုလိုကိုယ့်ရပ်ကိုယ့်ရွာကို ကြွချီချီးမြှင့်တဲ့ ဘုရင်ကြီးနဲ့မှူးမတ်တွေကို ဖူးမြင်ချင်စိတ်စောပြီး ဝမ်းပန်းတသာ ဖြစ်နေကြတဲ့ လူစုလူဝေးကြီး။

Finally, the day came for the king to visit the pagoda. Inside the temple were local officials to welcome the king and his entourage. Outside the temple was huge cheering crowd eager to get a glimpse of the king and his court who had honored them with the visit.

ဘုရင်ကြီးက ထွက်တော်မူလာတဲ့အခါများ အသံဗလံတွေ သောင်းသောင်းညံသွားပြီး လူတွေက ဘုရင်ကြီးကို ကန်တော့ဖို့ ဒူးလေးတွေ တုပ်လိုက်ပါရော။

There was a tumult of cheering as the king made his appearance and the people fell on their knees to pay homage.

ဘုရင်နဲ့မှူးမတ်တွေလည်း ဘုရားထဲကိုဝင်ပြီး အစစပြည့်ပြည့်စုံစုံ ရှိမရှိ လှည့်ကြည့်ကြတာပေါ့။ လူစုလူဝေးကြီးရဲ့အသံတွေက ရုတ်တရက် တထိတ်တလန့်ဟန်နဲ့ တိတ်သွားပါလေရော။ တစ်ယောက်ကိုတစ်ယောက် အထိတ်တလန့် ကြည့်လို့။ ဆင်းတုတော်နောက်နံရံ ဘုရင်ကြီး ကြည့်တော်မူနေတဲ့နေရာကို သူတို့မျက်စိတွေက လိုက်သွားတာပေါ့။ အုတ်နှစ်ချပ်က လပ်လို့ပါကလား။ အုတ်သယ်လာဖို့တာဝန်ကို ဘယ်သူများ ရူးရူးမိုက်မိုက်နဲ့ ပျက်ခဲ့ပါလိမ့်။ ဒီနေရာမှာ ပျက်ကွက်တာ မင်းကြီးမင်းလေးဆိုတာ လူတိုင်း သိကြတာပေါ့။

The king and his courtiers entered the temple and looked around to see if everything were perfect. All of a sudden a fearful hush fell on the crowd; each looked at the other in consternation. They then followed the king's graze up the wall of the shrine. There were two spaces left unattended for two bricks. Who had dared to fail  in the duty of bringing the bricks? Everyone knew that it was Min Gyi and Min Lay who had failed the site.

တယောက်မှ ပါးစပ်မဟရသေးခင်မှာပဲ ဘုရင့်လူတွေက အင်းရွာသူကြီးနဲ့မိသားစု ဘုရင့်ရှေ့မှောက် အဖူးမြော်ဝင်ဖို့ အမိန့်ပြန်ပါလေရော။

Even before anyone could utter a word, the king's men came in with the request that the headman of Inywa village and his family sought royal audience.

ဘုရင့်ခွင့်ပြုမိန့်အရ မရွှေဥရယ် မိဘနှစ်ပါးရယ် ခင်ပွန်းကိုရင်မောင်ရယ်ကို ဘုရင်ကြီးရှေ့မှောက် ခေါ်လာကြသတဲ့။ မရွှေဥဖခင်က အုတ်နှစ်ချပ် လပ်နေတဲ့နေရာကို ထိုးပြပြီး အခုလို လပ်တဲ့အတွက် မင်းကြီးမင်းလေးမှာ အပြစ်ရှိတဲ့အကြောင်း လျှောက်တာပေါ့။ ဒါနဲ့ကိုပဲ ပြစ်မှုက ကြီးလှပြီ။ ဒါပေမယ့် မင်းလေး မဟုတ်တာ လုပ်သမျှ ခံထားရတဲ့ မိသားစုတွေက အသေအချာ ပြင်ဆင်ပြီး မင်းလေးမကောင်းကြောင်း လျှောက်ကြသေးသတဲ့။ ညီနောင်နှစ်ပါးကို သတ်စေ လို့ ဘုရင်က အမိန့်ထုတ်တော့ သတ်လိုက်ကြတော့တာပေါ့။

With the king's permission, Ma Shwe Oo, her parents and her husband Ko Yin Maung were brought into the king's presence. Ma Shwe Oo's father pointed to the space of missing bricks and said that the two brothers Min Gyi and Min Lay were responsible for the omission. This was a serious crime in itself. But there were other charges against Min Lay, carefully prepared and supported by families who were dishonored by Min Lay's misadventures.  The king ordered the brothers to be executed, which was duly done.

နတ်ညီနောင်နှစ်ပါးက ဘုရင်ကို အသနားခ

The Brothers' Spirits beg a favor from the king

On the day the king was to leave for Pagan, the royal barge would not move from its moorings; it stayed stuck as if held by an unseen hand. The king suspected evil and at once struck the water with his sword. And there on the surface of the river appeared the two brothers Min Gyi and Min Lay; they were kneeling, with their hands clasped in supplication.

ပုဂံကို ဘုရင်ကြီး ပြန်ကြွတော့မယ့်နေ့ကျ ဖောင်တော်က ရေပြင်က မရွေ့တော့ဘူး။ မမြင်ရတဲ့လက်တွေက ဆွဲထားသလို ဖောင်တော်ကြီးက ရပ်နေတော့တာ။ မကောင်းဆိုးဝါး တကောင်ကောင်တော့ အနှောင့်အယှက် ပေးပြီလို့ သံသယဝင်တာနဲ့ ဘုရင်ကြီးက ရေပြင်ကို ဓားနဲ့ ခုတ်သတဲ့။ အဲဒီအခါ မင်းကြီးမင်းလေး ညီနောင်နှစ်ပါးက ရေပြင်ပေါ်က ပေါ်လာတယ်။ ဒူးလေးတွေ တုပ်၊ ပူဇော်တဲ့ဟန်နဲ့ လက်ကလေးတွေ ယှက်လို့။

ဘုရင်ကြီးက လိုရာဆန္ဒပြောကြလို့ မိန့်တော်မူတော့ တာဝန်ပျက်ကွက်တာနဲ့ ပတ်သက်လို့ ခွင့်လွှတ်ဖို့ ညီနောင်နှစ်ပါးက မင်းကြီးကို တောင်းပန်ကြသတဲ့။ နောက်ပြီး အရင့်အရင်က ဘုရင့်အမှုတော်ထမ်းခဲ့တာတွေကို ထောက်ထားညှာတာပြီး နေစရာတစ်နေရာပေးဖို့လည်း အသနားခံကြသတဲ့။ ဘုရင်ကြီးကလည်း ညီနောင်နှစ်ပါးရဲ့အဖြစ်ကို သနားတာနဲ့ တောင်ပြုန်းနယ်ကို အပိုင်စားပေးလိုက်တယ်။ အခွန်အတုတ်တွေ ခံစားခွင့်ရတဲ့ နယ်စားပယ်စားတွေ ပေါ့။

Commanded by the king to say what they wished, the brothers asked the king's forgiveness for their negligence of duty, but in consideration of their former services, would the king be so gracious as to grant them a place to live. The king , moved by the brothers' plight, decreed that the Taungpyone area should be theirs; they would be the vassal lords with all the feudal privileges of tithes and taxes.

ညီနောင်နှစ်ပါးရဲ့နောက်လိုက်တွေက သူတို့အထိမ်းအမှတ် ဘုရားတည်ပြီး ညီနောင်ကို သတိရတဲ့အနေနဲ့ နှစ်စဉ် ပွဲတော်ကိုလည်း ကျင်းပကြတယ်။ ဒီနေ့ထိ အစဉ်အလာ ဖြစ်နေတဲ့ ပွဲတော်ပေါ့။

Friends and followers of the brothers built shrines for them and held annual feasts in their honor, a tradition that lives on to this day.

လူသေတာနဲ့ မင်းလေးရဲ့အချစ်က သေမသွား

Death could not end Min Lay's love

လူသေပြီး နတ်ဖြစ်သွားပေမယ့် မင်းလေးရဲ့ မရွှေဥအပေါ်ထားတဲ့အချစ်ကဖြင့် သေမသွားသေးပါဘူး။ မရွှေဥရဲ့အချစ်ကို ရကိုရရမယ်လို့ သန္နိဋ္ဌာန်ချထားတုန်းပါပဲ။ မရွှေဥ သူ့ကို နားလည်လာအောင်လုပ်ပြီး အချစ်စကားတွေ ပြောနိုင်ရမှာပေါ့။ သူ့ကို ချစ်လို့ သေခဲ့ရပြီးတဲ့နောက် မရွှေဥက အချစ်မပြယ်သမျှ အခါတစ်ထောင်တောင် သေပါ့မယ်လို့လည်း ပြောသတဲ့။

Even though Min Lay had passed away to the existence of a spirit, his love for Ma Shwe Oo did not die. He was still determined to win her. He could manifest himself to her and say words of love. He said that he had died for love of her, and would die a thousand deaths before he stopped loving her.

အန္တရာယ်များလှတဲ့ ခရီးရှည်ကြီးသွားမှာကို ဇနီးမရွှေဥက မလိုလားပေမယ့် နောက်ထပ်သစ်ခုတ်သွားဖို့ ကိုရင်မောင် ပြင်ရဆင်ရပါတယ်။ အနာဂတ်အရေးက ရှိသေးတယ်လေ။ ကိုရင်မောင် ခရီးသွားတော့ မရွှေဥမှာ ယက်ကန်းနဲ့ အလုပ်များနေလိုက်တယ်။ အိမ်တွင်းအလုပ်က အိမ်သုံးတင်မဟုတ်ဘဲ ဈေးတင်ရောင်းလို့လည်း ရတာပေါ့။ မိန်းမများ ယက်ကန်း မတတ်ရင် အကျိုးလို့ အပြောအဆိုခံရတဲ့ ခေတ်ကြီးမှာ မရွှေဥ ယက်ကန်းအတတ်နဲ့ စိတ်ကူးစိတ်သန်းက နာမည်ကျော်ဆိုတော့ ကိုရင်မောင် ကံကောင်းတာပေါ့။ ယက်ကန်းယက်ရင်း ကိုရင်မောင် ပြန်လာမယ့်ရက်ကို မရွှေဥက လက်ချိုးရေတွက်နေသတဲ့။ မလိုလားစရာ မင်းလေးရဲ့ပိုးပန်းတာတွေ မခံရတော့ဘူးလို့ သူ့ကိုသူ ဝမ်းပန်းတသာ ပြောနေမိတာပေါ့။ အပြောက စောလွန်းပါတယ်။

Ko Yin Maung had made ready for another logging expedition, even though his young wife was loath to let him go on such a long and dangerous journey. But then, he had to proved for their future. When Ko Yin Maung left Ma Shwe Oo busied herself at the loom. Her small home industry was not only for domestic use but for the market. She was well known for her skill and artistry and Ko Yin Maung was a lucky man, especially in those days when a woman who could not weave was considered no better than a cripple. Ma Shwe Oo, working on her loom, counted on her fingers and waited for the day of Ko Yin Maung's return. She said to herself happily that she no longer had to fear the unwelcome attentions of Min Lay - but she said too soon.

ရုတ်ခနဲ ပုပ်ဟောင်ဟောင် စိမ်းရွှေရွှေ အနံ့ကြီး လေထဲမှာ လွင့်လာတော့ ဘယ်လိုကြီးမှန်းမသိ ထိတ်ခနဲဖြစ်သွားတာပေါ့။ ကြက်သည်းတွေတောင် ထလို့။ မကောင်းဆိုးဝါး အကောင်တစ်ကောင် အနားရောက်နေပြီလို့ ထင်မိသတဲ့။ ဘယ်သူဆိုတာတွေးမိပေမယ့် နာမည်ကိုစဉ်းစားမိတာနဲ့တောင် အထိတ်တလန့် ဖြစ်နေပါပြီ။ နောက်ဆုံး ကြည့်လိုက်ဖို့ သတ္တိလေးဝင်လာတာနဲ့ မင်းလေးကိုယ်တိုင်ကို အထင်အရှားမြင်ရတော့တာပဲ။ အခါတိုင်းလို ခံ့ခံ့ညားညား ဝတ်ရုံကြီးဝတ်လို့။ နီရဲနေတဲ့ ပဝါကြီးကို ခါးမှာ စည်းလို့။ ခုတ်တော့ မယောင် ဓားကြီးကို ကိုင်လို့။ ရတနာတွေစီထားတဲ့ ဓားအိမ်က ခါးမှာ ချိတ်လို့။ မရွှေဥ သိပ်မုန်းတဲ့ ဖြဲစပ်စပ် မျက်နှာပြောင်ပြောင်နဲ့။ ဒါပေမယ့် မတူတာတစ်ခုတော့ ရှိရဲ့။ မြင်လိုက်တာနဲ့ကို ခြောက်ခြားမိသတဲ့။ မင်းလေးရဲ့ ခြေရင်းမှာက သွားတွေဖြဲပြီး တဝေါင်းဝေါင်းဟိန်းနေတဲ့ ကြောက်စရာကျားကြီးက ဝပ်လို့လေ။ သခင်က ခိုင်းလိုက်တာနဲ့ ဘယ်သူ့ကိုမဆို ခုန်အုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မင်းလေးရဲ့ ကျွန်ယုံတော်ပေါ့။

Suddenly, there floated in the air a fetid smell of blood and green leaves and Ma Shwe Oo quaked with an unknown dread, breaking out in goose-flesh. She felt some evil presence nearby. Even though she guessed who it was, she was frightened even to think of that name. When she finally found enough courage to look she saw Min Lay in person. He was dressed as usual in gorgeous robes with a flaming red scarf tied round his chest; he held his sword in hand as if ready for action; the bejeweled scabbard hung on his waist band. He showed the same audacious face with the same lascivious leer which Ma Shwe Oo hated so much. Yet there was something different; and Ma Shwe Oo shuddered at the site of it. For, at Min Lay's feet crouched a huge tiger ferociously growling and baring his teeth. It was Min Lay's trusted servant ready to pounce on anyone at his master's bidding.

မင်းလေးစကားကြားတော့ မရွှေဥမှာ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ မရွှေဥကြောင့် သေခဲ့ရတာမို့ အနည်းဆုံး သနားတော့သနားဖို့ကောင်းပါသတဲ့။ သူ့ချစ်သူ နတ်အနနဲ့ တခါတလေ လာလည်ခွင့် စကားပြောခွင့်ဆိုခွင့်လေးများ မရနိုင်ဘူးလား တဲ့။ အဲသလိုသာဆို ယက်ကန်းယက်နေတဲ့ လက်လှလှလေးတွေလဲ ကြည့်ခွင့် ရမှာတဲ့။ ဘဝချင်း ခြားနေပြီပဲ ဘာကြောင့် မသနားနိုင်ရမှာလဲ တဲ့။ အဲဒီထဲမှာ အရေးအကြီးဆုံးကတော့ အခုလိုသေသွားရတဲ့သူ့ကို ဝမ်းနည်းစကားလေးတောင် မပြောတော့ဘူးလား၊ နည်းနည်းလေးဖြစ်ဖြစ် ချစ်ခင်ပါတယ်ဆိုတာလေးမှ မပြောတော့ဘူးလား ဆိုတဲ့ အမေးပါပဲ။

Ma Shwe Oo was struck dumb when Min Lay spoke. He said he had died for love of her, and she should at least be kind to him; could he not be her spirit lover coming to her sometimes and talking to her? He could her pretty hands work at the loom; as they were no longer in the same plane of existence, why should she not be kind to him? And the most important of all, could she not say that she was sorry that he had to die that way and that she cared for him just a little?

မရွှေဥ ဒေါတွေထတော့တာပေါ့။ မင်းလေးဆိုတာ ကိုရင်မောင်ရဲ့ခြေဖဝါးကိုတောင် ထိဖို့ မတန်တဲ့အကြောင်း၊ မင်းလေးအပေါ်အထင်သေးတာ မုန်းတာကလွဲပြီး တခြားစိတ်များ ထားခဲ့မိရင် ကိုရင်မောင်ကို သစ္စာဖောက်ရာရောက်မှာ ဖြစ်တဲ့အကြောင်း မရွှေဥက ပြောပစ်တာပေါ့။ လူလိုသူလိုမနေလို့ သေခြင်းဆိုးနဲ့ သေသွားတဲ့လူတယောက်က အနားလာပြီး အခုလို လာပြောနေတာ ရွံစရာကောင်းတဲ့အကြောင်းတွေလဲ ပါတာပေါ့။

Ma Shwe Oo was outraged; she said that any feeling she could spare for him except that of hatred and contempt would be a betrayal to her adored husband Ko Yin Maung, whose feet he did not deserved to touch; to think that such an accursed thing like him who had died like a baited animal at the stake - beastly death for one so beastly - should dare to come near her and speak like that!.

သူ့ဓားဖျားနားတောင် မလာဝံ့လောက်အောင် သူရဲဘောကြောင်တဲ့ယောက်ကျားကို သူ့ထက်ပိုချစ်တာများ အံ့သြစရာကောင်းတဲ့အကြောင်း၊ မိန်းမကို တင့်တောင့်တင့်တယ် ထားမယ့်အစား မနားတမ်းယက်ကန်းခတ်ခိုင်းတဲ့ယောက်ကျားကိုများ တဲ့။ မင်းလေးက စ သတဲ့။ သူနဲ့သာဆိုရင် မရွှေဥကို ပိုးဖဲတွေ ရတနာတွေ ပုံပေးပြီး ဘုရင်မကြီးလို ထားမှာမို့ ယက်ကန်းစင်မှာ ထိုင်စရာလဲ မလိုတော့ဘူး တဲ့။ စကားနဲ့တော့ ဘယ်လိုပြောပြော မရမှန်းသိတဲ့အခါ ကျားနဲ့တိုက်မယ်ဆိုပြီး မင်းလေးက ခြိမ်းခြောက်တော့တာပဲ။ ကျားကြီးက ဟိန်းဟောက်နေတာတောင် မရွှေဥက ကြိုက်သလိုလုပ်စမ်းဆိုပြီး ပြန်ပြောသတဲ့။ မင်းလေးက မရွှေဥကို မနာမကျင်စေချင်တော့ မရွှေဥကို ခါးစည်းကချီပြီး ရွာပြင်ကိုသယ်ခဲ့ဖို့ ကျားကြီးကို အမိန့်ပေးသတဲ့။

Min Lay taunted Ma Shwe Oo saying what a wonder that she preferred that milk-sop of a husband who would not dare to come anywhere near his sword point, a man who instead of keeping his wife in style, as she deserved, kept her at the loom working her fingers to the bone. Min Lay could shower her with silks and jewels and she would not have to sit at the loom, but live like a queen. When Ma Shwe Oo was not at all moved by his words, Min Lay threatened to set the tiger on her. Even as the tiger snarled and growled Ma Shwe Oo said he could do his worst. Min Lay did not wish to hurt her, so he commanded the tiger to seize her girdle and carry her out of the village.

ရွာထဲမှာ အုန်းအုန်းကျက်ကျက်ပေါ့။ မရွှေဥကလွဲလို မင်းလေးကို မမြင်ရတော့ တခြားလူတွေက ရိုးရိုးကျားလို့ပဲ ထင်တာပေါ့။ နတ်ကျားနောက် လိုက်လိုက်ကြတာ ခဏကြာတော့ သစ်ပင်တွေကြားမှာ ပျောက်သွားရောတဲ့။ မင်းလေးလဲ တောထဲအထိ ကျားနောက်က လိုက်သွားသတဲ့။ အချစ်စကားလေးတစ်ခွန်းနှစ်ခွန်း ပြောဖို့ရယ်၊ တခါတလေ အလည်လာခွင့် ပေးဖို့ရယ် တဖွဖွ ပြောနေသတဲ့။ မရွှေဥကလဲ အလျှော့မပေးပါဘူး။ မလိုတမာနှိပ်စက်ကလူ အခုလိုလုပ်တာကို အလျှော့ပေးမယ့်အစား ကျားစွယ်တွေကြား အသေခံမယ် ပေါ့။

There was a hue and cry in the village. Min Lay made himself invisible except to Ma Shwe Oo and the people thought that it was just an ordinary tiger. They give chase to the "spirit tiger" which soon disappeared among the trees. Min Lay followed the tiger into the woods, all the time pressing Ma Shwe Oo to say just a few words of love and give him permission to visit her sometimes. Ma Shwe Oo remained adamant. She would rather die in the fangs of the tiger than submit to such unwarranted violence.

မရွှေဥကို ကျားဆွဲသွားတဲ့ လမ်းကြောင်းကြီးက တောင်ပြုန်းတောင်ဘက်လယ်ပြင်တလျှောက် ထင်းကနဲပေါ့။ အခုအချိန်အထိ မရွှေဥလေးရဲ့ကျားဆွဲသွားတဲ့ခရီးနဲ့ ဆက်စပ်တဲ့ နာမည်တွေ တွင်နေတုန်း။ မရွှေဥ ခါးစည်း မြေပေါ်ကျသွားတဲ့နေရာမှာ ဘုရားတစ်ဆူရှိပြီး အဲဒီဘုရားနာမည်က "ခါးစည်းကျ" တဲ့။ အိုဟောင်းနေတဲ့ ဘုရားပြိုဘုရားပျက်တစ်ဆူက မရွှေဥရဲ့ သွေးတွေကျပြီး ဆုံးပါးသွားတဲ့နေရာမို့ "သွေးစက်ကျ" တဲ့။

The trail of the tiger carrying Ma Shwe Oo runs through the fields on the south of Taungpyone, and it is today marked by places bearing names that tell the story of the girl's macabre journey. On the spot where Ma Shwe Oo's girdle gave way and dropped to the ground is a shrine; it bears the name Khar-si-kya, which means "where the girdle dropped". An old broken down pagoda marks the place where the girl bled to death and it is called Thway-set-kya ("Blood drops fell").

မရွှေဥရဲ့ပန်းတွေကျတဲ့နေရာမှာတော့ အခု သရဖီပန်းတောကြီးဖြစ်လို့။ အေပြီလရောက်လို့ ပန်းတွေပွင့်တဲ့အခါ ဈေးမှာရောင်းဖို့ဖြစ်ဖြစ် ကိုယ်တိုင်ပန်ဖို့ ဖြစ်ဖြစ် ဘယ်သူမှ မခူးဝံ့ကြဘူး။ နောက်မှ ပန်းကောက်ပွဲတော်ကြီးကျင်းပပြီး မရွှေဥနတ်ဘုရားမှာ စုပေါင်းပြီးကပ်ကြရတာ။ ဒီသရဖီတောကြီးက တကယ့် အမွန်အမြတ်နေရာ။

The place where Ma Shwe Oo's flowers fell is marked by a grove of Tharapi flowering trees (Calophyllum Spp.). It is sanctified place; when the blossoms come forth in April, no one would pluck them for the market or personal use; instead, people celebrate a flower-picking festival where the flowers are gathered and offered at the shrine of Ma Shwe Oo's spirit.

မရွှေဥနတ်ဘုရားက သူ့ကိုဂုဏ်ပြုမှည့်ထားတဲ့ သခင်မတောင်တော်မှာပါ။ အဲဒီနယ်က သူ့ကို သခင်မလို့ သိထားတာကိုး။ လူတွေက သူ့ကို ရိုသေကြ မြတ်နိုးကြတယ်။ မန္တလေးတောင်ပေါ်မှာလဲ သူ့ရုပ်တုတစ်ခုထည့်ထားတဲ့ ဘုရားတစ်ဆူ ရှိသေးတယ်။ သခင်မတောင်ပေါ်မှာတော့ သူ့အရုပ်ရော ရင်ကွဲနာကျပြီး သေဆုံးရာက သူနဲ့လာနေတဲ့ ခင်ပွန်းကိုရင်မောင့်အရုပ်ရော ထားတဲ့ နတ်နန်းကြီးက တခမ်းတနားပါပဲ။ အောဂုတ်လကုန်မှာ မရွှေဥကို ပူဇော်တဲ့ ပွဲတော်ကြီး နှစ်စဉ်ကျင်းပကြတာပေါ့။

The shrine for Ma Shwe Oo's spirit is on what is known as Thakin-ma Taung ("Milady's hill") named in her honor. She is known in the area as Thakin-ma. She is very much respected and loved by the people. There is also a shrine on Mandalay hill with her image in it. On Thakin-ma Taung, a grand palace of shrine had been built with images of herself and her husband Ko Yin Maung, who died of broken heart and joined her there. An annual festival is held in her honor at the end of August.

မရွှေဥရဲ့ဇာတ်လမ်းကလဲ အခုထိ သီချင်းတွေ ပြဇာတ်တွေ ရုပ်ရှင်တွေထဲမှာ အခုထိ ရှိနေပါသေးတယ်။ မိဘတွေနေခဲ့ရာ မရွှေဥဇာတိ အင်ကြင်းရွာမှာ ကျောက်တုံးကြီးတစ်တုံးနဲ့ ထိမ်းမှတ်ထားတယ်။ မရွှေဥကို ပိုးပန်းနေတုန်း သူ့ခွန်အားသူ ပြချင်လို့ အနီးအနားတောင်ပေါ်က မင်းလေး သယ်လာပြီး အဲဒီမှာ ချထားတယ်လို့ ပြောကြတယ်။ အဲဒီမှာနေရင် ကံဆိုးမိုးမှောင်ကျမယ်လို့ ယုံနေကြတော့ ဒီနေ့အထိ လူမနေကြတော့ပါဘူး။

The story of Ma Shwe Oo lives today in songs, plays and in films. In the In-Kyin village, Ma Shwe Oo's birthplace, the place where her family had lived is marked by a huge stone boulder. It is said to be the stone Min Lay carried from the near by hill to show his strength when he was courting her. The place, up to this day, is not used for residence, as people believe that bad luck would attend whoever lived there.

ရန်ကုန်မြို့လယ်မှာရော တပြည်လုံးမှာ လုပ်ကြတဲ့ နတ်ပွဲတွေမှာ တစ်ယောက်ပြီးတစ်ယောက် နတ်ပူးတာကို လူတွေက တထူးတဆန်း ကြည့်နေကြတုန်းပါ။ နတ်တွေရဲ့ပယောဂနဲ့ နတ်ကတော်တွေက  ရိုးရာအကတွေ ကကြတာကိုး။ တတိယနဲ့ နောက်ဆုံးနေ့တွေမှာ အထူးစိတ်ဝင်စားစရာကတော့ မင်းလေးရဲ့ကျားဝင်ပူးနေတဲ့ လူရဲ့ အကပါပဲ။ ကြောင်လို ခုန်လိုက်၊ ဝပ်လိုက်နဲ့။ အုန်းသီးတစ်လုံးကိုများ လက်သည်းတွေ သွားစွယ်တွေနဲ့ ကုတ်ခြစ် ဖွင့်ပစ်တာ။ လူတွေဆိုတာ တအံ့တသြ ကြည့်လို့။

At nat-pwe or Ritual Feasts which are held today all over the country and in the heart of Rangoon, people watch with awe and wonder as the professional mediums are possessed, one after another, by the pantheon of nats and spirits and as the mediums perform traditional dances. One of the highlights on the third and last day is the performance of the man who is possessed by Min Lay's tiger-spirit. He would make a leap like a feline animal, crawl and crouch and clutch a coconut, scratch and break open its cover and husks with his claws and his fangs, to the amazement of the spectators.