အင်းဝ

INNWA

သိပ္ပံမောင်ဝ

THEIPPAN MAUNG WA

Translated by Min Han, Magwe

sound.gif (2534 bytes)

ဤနေ့ကား စစ်ကိုင်းမြို့တွင် မိုးရွာသောနေ့ ဖြစ်လေသည်၊၊ အလွန်ပူပြီးနောက်၊ ရုတ်တရက် အေး၍သွားလေ၏၊၊ တနင်္လာနေ့တည်း၊၊

It was a rainy day in Sagaing. The weather had been extremely hot before it suddenly turned cold. It was a Monday.

sound.gif (2534 bytes)

မောင်လူအေးကား ထိုနေ့တွင် ရုံးတက်ရမည်ကို ပျင်းတင်းတင်းရှိလှ၏၊၊ အိမ်တွင် ခပ်အေးအေးလေး အိပ်နေ၊ ကွေးနေ စည်းစိမ်ကလေးနှင့် နေလိုသော်လည်း မနေရ၊၊ ရုံးသို့သွားရလေသည်၊၊ Maung Lu Aye was feeling rather indolent. He wished he could spend the day quietly at home, lying comfortably in bed and taking things easy. But that was not to be. He had to attend office.

sound.gif (2534 bytes)

ရုံးရောက်သောအခါ နယ်ပိုင်ဝန်ထောက်မင်း ဦးတောက ထိုနေ့ညနေ အင်းဝတံတားဦးသို့ နယ်လှည့်သွားရမည့် အကြောင်းပြောရာ မိမိမှာ သူ့လက်အောက်တွင် အလုပ် သင်ကြားနေခိုက် ဖြစ်သောကြောင့် သူနှင့် ထိုနေ့ညနေပင် လိုက်ရန် စီမံ၏၊၊ ညနေ၄နာရီ ရုံးမှဆင်း၍လာခဲ့၏၊၊ အိမ်သို့ရောက်လျှင် အစေခံ ပြင်ဆင်ထားပြီး ပစ္စည်းများကို ရထားနှင့်တင်ကာ နယ်ပိုင်ဝန်ထောက်မင်းအိမ်သို့ ထွက်ခဲ့လေသတည်း၊၊ When he arrived at the office he was told by the Sub-Divisional Officer, U Taw, that they would be leaving for Innwa on a tour of duty that evening. Maung Lu Aye was still under training, and he had no option but to obey the senior S.D.O's orders and prepare for the trip. At four o'clock that afternoon he left the office, and when he got home, he found that his servant had already packed what was necessary for the trip. Collecting his baggage, he left for the S.D.O's residence in a hackney-carriage.

sound.gif (2534 bytes)

ထိုအိမ်သို့ရောက်လျှင် နယ်ပိုင်၏ ဧည့်သည်လင်မယားနှင့် သူတို့၏ သားလေးတစ်ယောက်ပါ လိုက်မည်ဟု သိရ၏၊၊ ထိုလင်မယားတို့မှာ အသက်အရွယ်အားဖြင့် ၄၀ကျော် ၅၀နီးပါး နယ်ပိုင်ဝန်ထောက်မင်းလည်း ထိုအရွယ်ပင်၊၊ ထိုသူတို့၏ သားကလေးကား ၁၂နှစ်ခန့် ရှိသေး၏၊၊ နယ်ပိုင်မင်းအိမ်မှ ကူးတို့ဆိပ်သို့ ထွက်လာရာ ပစ္စည်းတို့မှာ လှည်းတစ်စီးတိုက် ကျော်ကျော်ခန့် ရှိ၏၊၊ နယ်လှည့် လိုက်သူတို့ကား ဧည့်သည်လင်မယားနှင့် သားကလေး၊ ဝန်ထောက်မင်း ၂ယောက်၊ စာရေး ၂ယောက်၊ အစေခံ ၄ယောက် အားလုံးပေါင်းလိုက်သော် တပျော်တပါး ပျော်ပွဲစား ထွက်သည်နှင့် တူလှ၏၊၊ on his arrival there, he learned that touring party would include the S.D.O's guests- a married couple and their small son. The elderly couple were in their late forties, about the same age as the S.D.O. himself. Their small son was about twelve years old.

When they left the S.D.O's residence it could be seen that they carried more than a cart-load of luggage. The touring party consisted of the elderly married couple and their son, the two S.D.Os, two clerks, and four servants. Altogether, it was a jolly crowd. It looked like a party setting out on a picnic.

sound.gif (2534 bytes)

ငါးမိနစ်ခန့်ကြာလျှင် ကူးတို့ဆိပ်သို့ ရောက်၏၊၊ ရထားဆိုက်ရာနှင့် ရေစပ်မှာ ကိုက် ၁၀၀ကျော်ကျော် ဝေးကွာ၏၊၊ သောင်ပြင်ကြီးကို ကျော်ဖြတ်၍ ဆင်းရလေသည်၊၊ ပစ္စည်းများကို ပိုးသူကပိုး၊ ဆွဲသူကွဲ၊ ထမ်းသူကထမ်း၊ ရွက်သူကရွက်၊ လက်ဆင့်ကမ်းသူကကမ်း၊ ပင်ပန်းမည့်အစား ပျော်ပါးစရာကြီး ဖြစ်လေသည်၊၊ မကြာခင် ပြီးသွား၏၊၊ In less than five minutes they were at the river front facing the landing-stage. The distance from where their hackney-carriage stopped to the water's edge was a little over a hundred yards. and to get down to landing-stage they had to walk across the sandbank. Some carried their baggage on their back some carried them over their shoulders, some perched them on their heads, and some carried them in relays. Far from being an onerous task, it presented a cheerful sight. Very soon the job was done.

sound.gif (2534 bytes)

ပြီးလျှင် ကူးတို့ငှက် ၃စီးဖြင့် ဧရာဝတီမြစ်ကို ဖြတ်၍ ကူးကြလေသတည်း၊၊ အချိန်မှာ ၅နာရီခွဲ မိုးကလည်း ဖွဲဖွဲ၊ မှောင်ကလည်း ခပ်မှောင်မှောင်၊ နေရောင်ကလည်း မရှိ၊ စစ်ကိုင်းတောင်ပေါ်တွင် ဖြုဖြုဖွေးဖွေးနေသော စေတီအဆူဆူတို့ကို မျှော်၍ကြည့်ကာ ကြည်ညိုစွာ ဖူးရ၏၊၊ မြစ်ရေမှာ စီဆင်းခြင်းမရှိ၊၊ ငြိမ်သက်ဘိ၏၊၊ စိတ်ကြည်နူးစရာကြီး ဖြစ်လေ၏၊၊ စကားပြောခြင်း မရှိကြ၊၊ ထိုအချိန်ကာလ ထိုဋ္ဌာန၏ သာယာလှသော အခြင်းအရာတို့ကို စဉ်းစားကာ စိတ်၏အရသာကို ခံစား၍ သွားကြလေသတည်း၊၊ Presently they were crossing the mighty Ayeyarwady in three ferry-birds. The time showed half past five of the clock. It was still drizzling with rain. The evening was a somber gray with the sun hidden from view. In the subdued light of the evening the white spires of the sacred shrines on the Sagaing hills could be discerned in the distance--an enthralling picture of sublime elegance and beauty. Silence reigned over the mighty river which was a picture of indescribable serenity. The scene was quiet and peacefully pleasant. It was one of those evenings when nature was at its best, spreading its cloak of sublimity over all things and filling human hearts with the joy of living. all conversations had ceased, for the pleasantness of feeling the time and the place had provided had made them silent and dreamily appreciative of nature's charm as the ferry-birds glided silently along towards the Innwa river front.

sound.gif (2534 bytes)

မကြာမှီ တစ်ဘက်ကမ်းဖြစ်သော အင်းဝဆိပ်သို့ ရောက်၏၊၊ ထိုနေရာကား ခမ်းနားခြင်း မရှိ၊၊ ဧရာဝတီမြစ်ကမ်းတွင် တည်ထားသော အခြားရွာကလေးများကဲ့သို့ပင်၊၊ အင်းဝ ကောင်းစားစဉ်ကမူကား စည်စည်ကားကား လူသွားလူလာ ပေါများစွာ ရှိပေလိမ့်မည်၊၊ ထိုအခါ ဘုရင်မင်းမြတ်တို့ သပြေလား၊ ရေလား ထွက်ကြသောအခါ ဤနေရာမှပင် ဖြစ်ပေလိမ့်မည်၊၊ လှေပွဲသဘင်အမျိုးမျိုး ကျင်းပသည်ကိုလည်း ဤနေရာမှပင် ရှုစားတော်မူကြပေလိမ့်မည်၊၊ မြန်မာလှေတပ်များ စစ်ရေးခင်းကျင်းသည်မှာလည်း ဤနေရာမှာပင် ဖြစ်ပေလိမ့်မည်၊၊ ဟံသာဝတီတလိုင်းများ အင်းဝကို အောင်မြင်ပြီးနောက် စစ်ကိုင်းဘက်သို့ကူးကာ ရွှေဘို၊ ခင်ဦး အစရှိသော နယ်များတွင် သစ္စာတော်ရေတိုက်ရန် သွားသည်မှာလည်း ဤနေရာကပင် ဖြစ်ကြပေလိမ့်မည်၊၊ ထီးနန်းအဆက်ဆက် ဘုရင်အဆက်ဆက် ပျက်စီးခဲ့လေသည်၊၊ ဧရာဝတီမြစ်ကြီးကား မလှုပ်မရှား သွားမြဲတိုင်းသာ စီး၍ သွားနေလေသတည်း၊၊ အနိစ္စတရားကို မလွန်ဆန်နိုင်ပါတကား၊၊ Not long afterwards, they reached the river front of Innwa. There was nothing of grandeur about the place. It looked like any other small village situated on the banks of the Ayeyarwady. During the golden days of Innwa, however, this place must have been very lively with people and traffic busily moving about. In those days when their majesties, the kings, set out in their state barges they may have used this place as their landing-stage. And when they held many a regatta, the boat festivals and boat races, they may have watched the beautiful spectacle from pavilions erected here. Also here they may have staged the practice battle maneuvers of the Myanmar navy. And from this very place also, the Hanthawaddy Mons, after their conquest of Innwa, may have crossed over to Sagaing on their way to Shwebo, Kin-U, and the neighboring areas to make the vanquished drink the water of the oath of allegiance. Successive kings have now perished and passed away leaving nothing behind but decay and ruin here. The mighty river Ayeyarwady, however, is unmoved. It ceaselessly keeps flowing along. How true! Who, and what thing on earth, is not subject to the power of aneiksa (impermanence)?

sound.gif (2534 bytes)

ဤသို့ တွေးတောသောအခါ မောင်လူအေးစိတ်ထဲတွင် လွမ်းရမလိုလို၊ ဆွေးရမလိုလို ဖြစ်မိ၏၊၊ ပါလာသူတို့လည်း ပစ္စည်းများကို အသီးသီး သယ်တင်ကြပြီးလျှင် လှည်းဖြင့် တံတားဦး ဗိုလ်တဲရှိရာသို့ ဆောင်ယူသွားကြ၏၊၊ ဝန်ထောက်နှစ်ယောက်နှင့် ဧည့်သည်လင်မယားတို့ကား ခပ်နုံနုံ တောမြင်းရထားပေါ်တွင် ခပ်မါးမါး သားနားစွာ စီး၍လာကြလေသတည်း၊၊ As he thought of these things Maung Lu Aye could not help but feel a deep sense of nostalgia. the members of the party, respectively, transferred their property on to a bullock-cart, and after that they proceeded to the dark-bungalow at Tada-U. The two S.D.Os and the visiting married couple, however, traveled seated with a great show of dignity on a somewhat disreputable-looking jungle pony-cart.

sound.gif (2534 bytes)

အတန်ကြာလျှင် မြို့ရိုးနှင့် ကျုံးတို့ကို မြင်ကြရ၏၊၊ ကျုံးအတွင်း၌ ရေမရှိ၊ ချိုင့်ကြီးကဲ့သို့ ဖြစ်နေလေသည်၊၊ ယာခင်းကြီးဘဝသို့ ရောက်နေရပေပြီ၊၊ ပဲခင်း၊ ငြုတ်ခင်း၊ နံနံခင်း၊ ပြောင်းခင်းတို့ဖြင့် ပြည့်တင်းစိမ်းစိုလျှက် နေ၏၊၊ မြို့ရိုးကြီးမှာကား ချုံအုပ်၊ ချုံဖုတ် တို့ဖြင့် ဖုံးလွှမ်းလျက်နေ၏၊၊ ဪ အနိစ္စ၊ အနိစ္စ၊၊ After a while the city walls and the moat came into view. The moat was dry and it looked like a gigantic ditch. It now existed in the form of a cultivated field which looked green and luxuriant with plots of leguminous plants, chili, coriander, and maize. As for the city wall, it was now covered with clumps of bushes, big and small. Truly, all this serves as a true reminder of the certainty of aneiksa-- of impermanence.

sound.gif (2534 bytes)

မြင်းရထားကို အတန်ကလေး မောင်းမိပြန်လျှင် မြို့ရိုးကိုဖြတ်ကာ လူဝင်ရန်လမ်းတစ်ခုကို မြင်ရသည်နှင့် မြင်းရထားကလေးကို လမ်းတွင်ရပ်စေ၍ လေးယောက်သား မြို့ရိုးကိုကျော်၍ မြို့တွင်းသို့ ဝင်ကြည့်ကြလေသည်၊၊ As the pony-cart drove on, they noticed that there was a footpath, which, through a small gap, led across the wall into the city. Here they made the pony-cart stop. And the four of them went across the wall to see the sights within the city.

sound.gif (2534 bytes)

မြို့တွင်း၌ ထန်းရွက်ကာ၊ ထန်းရွက်မိုး တဲအိမ်ကလေး၊ ကိုးအိမ် ဆယ်အိမ်ခန့်ရှိသော ရွာသိမ် ရွာငယ်ကလေးကို မြင်ကြရ၏၊၊ ရွာအပြင်တွင် မိန်းကလေးနှစ်ယောက်ကိုတွေ့၍ နန်းတော်တည်ရာဌာနကို မေးရာ ရွာမှ ခပ်လှမ်းလှမ်းတွင် မျှော်စင်တစ်ခု ရှိသေးကြောင်း ပြောကြ၏၊၊ ထိုမျှော်စင်ကို ကြည့်ရန် ရွာကလေးကို ဖြတ်ကြ၏၊၊ ခွေးတစီစီနှင့် ပျော်စရာကြီး ဖြစ်လေ၏၊၊ ရွာသူကြီးအကြောင်းကို မေးရာ ရွာသူကြီးမရှိ အခြားရွာမှ ရွာသူကြီးက ထိုရွာကို အုပ်ချုပ်ကြောင်း ပြောကြ၏၊၊ မင်းနေပြည်တော်ကြီးမှာ ရွာသူကြီးပင် မရှိသော ရွာသိမ်ကလေး အခြေသို့ ရောက်နေပေပြီ၊၊ တကယ့်အနိစ္စကြီးပါတကား၊၊ Within the city walls they discerned a tiny settlement of nine or ten huts whose walls and roofs were constructed of toddy-palm leaves. As they approached the tiny village they came across two girls of whom they asked where the site of the palace was, and they were told that some distance away from the village there was a watch-tower which was still standing. In order to see the tower they passed through the small village. Lively with the notices of dogs barking, it was indeed a rather cheerful place. When they enquired about the village headman, they found that this village had no headman. They were told that the headman of another village was in charge of the place. What a pity it is that once royal city of Innwa has come to such a state that today it exists as a forsaken and insignificant village--an significant village which cannot even boast a headman of its own! How truly illustrative this was of the power of the power of aneiksa!

sound.gif (2534 bytes)

ထိုရွာကလေး အနီးအနားတွင် ဘုရားပျက်၊ ကျောင်းပျက်၊ တန်ဆောင်းပျက် တို့ကိုမြင်ရ၏၊၊ ရွာစွန်မှနေ၍ ကြည့်လိုက်သော် မျှော်စင်ကြီးကို မြင်ရလေသည်၊၊ ခပ်ရိုင်ရိုင်၊၊ ခရီးသွားခိုက်ဖြစ်၍ အနီးအနားသို့ မသွားပြီ၊ ရထားရှိရာသို့ ထွက်ခဲ့ကြလေသတည်း၊၊ In the neighborhood of this small village could be seen pagodas, monasteries, and tazaungs (corridors leading to the plinths of pagodas)--all of them in a state of utter ruin and decay. The watch-tower was discernable from the outskirts of the village. It was leaning to one side. Since it was time they continued on their way, they did not go further to get a closer view. Instead, they returned to where the pony-cart was waiting for them.

sound.gif (2534 bytes)

ရထားဆိုက်ထားရာ မြို့ရိုးအပြင်ဘက်တွင်လည်း တဲအိမ်ကလေး သုံးလေးအိမ် ရှိသေး၏၊၊ သနပ်ခါးပိန်းကြမ်း ရိုက်ကာ ထွက်၍ လာကြရှာသော အပျိုကလေးနှစ်ယောက်ကား အသက်အားဖြင့် ၁၅နှစ်၊ ၁၆နှစ်ခန့်သာ ရှိကြသေး၏၊၊ ယခုကား ကျေးတောသူ ကလေးများသာတည်း၊၊ ရှေးအခါက မွေးကြပါမည်လား မြို့ကြီးသူများ ဖြစ်ကြပေလိမ့်မည်၊၊ ရန်ကုန်၊ မော်လမြိုင်၊ ပြည်၊ ပုသိမ် တို့မှလာကြသူတို့ကား အရိုင်းအစိုင်း ကျေးတောသားတွေဟူ၍ မထီလေးစား ပြုလုပ်ကြမည်ကား မလွဲ၊၊ ဘောင်းဘီတိုတို၊ ဘလေဇာအင်္ကျီဖားဖားကိုဝတ်၊ ဘွတ်ဖိနပ်ကိုစွပ်၊ ဦးထုပ်ကိုဆောင်း၊ လက်ကိုင်တုတ်ကို ဟန်ပါပါကိုင်ကာ၊ ရထားကလေးနားတွင် ရပ်သော အင်္ဂလိပ်ယောင်ယောင် တရုတ်ယောင်ယောင်၊ မောင်လူအေးအား ပြုံးသလိုလိုနှင့် ကြည့်ကြ၏၊၊ အချင်းချင်း လက်တို့ကာ ရယ်ကြ၏၊၊ မောင်လူအေးကား ရှက်တက်တက် ဖြစ်သွားပြီးလျှင် ဣန္ဒြေကြီး ကြီးထားကာ နေ၏၊၊ နယ်ပိုင်ဝန်ထောက်မင်းနှင့် ဧည့်သည် လင်မယားတို့ကား ထိုမိန်းကလေးနှစ်ယောက်အား ပဲဖြုကလေးရောင်းရန် ရှိသလားဟု မေးမြန်းကြ၏၊၊ ထိုမိန်းကလေးတို့လည်း အလိုက်သိစွာ အနီးအနား တဲကလေးများတွင် လိုက်၍ မေးရှာကြ၏၊၊ ရောင်းရန်ရှိသောတဲမှ ပဲတစ်ပြည်ကို ဆယ်ပြားပေး၍ ဝယ်ကြ၏၊၊ တစ်ဆယ်တန် အမ်းစရာမရှိ (ဘယ်ရှိနိုင်ပါ့မလဲ)၊ ငါးကျပ်တန် အမ်းစရာမရှိ (လာသေးရဲ့)၊၊ တစ်ကျပ်တန်အမ်းစရာမရှိ (ခက်တော့တာပဲ)၊ ငါးမူးပြား အမ်းစရာမရှိ (ပိုက်ဆံရှားတာကိုး) အခက်နှင့် တွေ့ကြုံနေကြရရှာ၏၊၊ နောက်ဆုံး၌ မောင်လူအေး၏ ဘလေဇာ အိတ်အတွင်းမှ ပဲစေ့ သုံးစေ့ရ၍ ပေးလိုက်ပါလည်း နှစ်ပြားသော ပိုက်ဆံကို အမ်းရန် မတတ်နိုင်သောကြောင့် ထိုနှစ်ပြားကို နိဗ္ဗာန ပစ္စယောဟောတု ခဲ့ရလေသတည်း၊၊ Outside the city wall, near where the pony-cart was waiting for them, were also three or four small huts. The two young girls who came out with a thick make-up of thanakha (paste of sandawood) in the true jungle fashion were, in age, barely fifteen or sixteen years old. Alas! the poor things, they are but country girls now. Had they been born in the olden days, they would surely have been city ladies by birth. But now, those people who came from such large towns and cities like Yangon, Mawlamyaing, Pyay or Pathein will surely look down on these poor people as the uncouth and unrefined people of the backwoods, and will treat them, there's no doubt about it, with very little show of civility, let alone deference.

The two young ladies were looking at the stylish figure of Maung Lu Aye with amuse air as he stood beside the pony-cart. He was dressed in a pair of shorts, a loose fitting blazer, a pair of boots, and a hat; and in his hands he held a walking-stick modishly--and the overall effect was that either he looked like an Englishman or Chinaman. The two village girls covertly drew one another's attention to his appearance and giggled. Maung Lu Aye's reaction to their behavior was one of sudden feeling of self-consciousness, but he collected himself at once to maintain his poise and dignity.

The S.O.D and the visiting couple asked the girls whether they had any pe-byu-lay (white beans) to sell. And the two girls, with unquestionable propriety, were kind enough to go around the nearby huts enquiring if anyone had white beans for sale. From the hut which had some for sale, they bought a pyi for ten pice. They could not change a ten-rupee note (where indeed would so much money come from?). A five-rupee note; still they could not return the change. (Now now, are you pulling our legs!) A rupee note....no change. (A quandary indeed!) A half rupee coin....no change. (Why, isn't money scarce nowadays!) The poor people were in a plight. Even when in the end Maung Lu Aye discovered three anna bits in his blazer pockets and gave them, they could not return the small change of two pince. And so the question of change was settle thus: "Nibbanassa paccayo hotu," as any Buddhist would say, and which being translated means, "May this charitable deed help me onwards to the attainment of Nirvana."

sound.gif (2534 bytes)

ဝယ်ချမ်းသော ကိစ္စပြီးလျှင် ရထားကလေးပေါ်သို့ လေးယောက်သား တက်ကြပြီးလျှင် တံတားဦး ဗိုလ်တဲရှိရာသို့ ထွက်ခဲ့ကြ၏၊၊ မှောင်နေပြီ၊၊ ဘာကိုမှ မမြင်ရ၊၊ တစ်ခါ တစ်ခါ ဘုရားပျက်များ၊ တံတားပျက်များကို ကျော်လွန်၍ လာခဲ့ကြလေသည်၊၊ တစ်နာရီခန့်ကြာလျှင် တံတားဦး ဗိုလ်တဲသို့ ရောက်ကြလေသည်၊၊ The four of them returned to their pony-cart after the shopping had done, and proceed on their way to the rest-house. Dusk had already fallen and visibility was nil. They went past several ruined pagodas and across a few dilapidated bridges as the pony-cart headed towards their destination. About an hour later, they reached the dark-bungalow.

sound.gif (2534 bytes)

နယ်ပိုင်ဝန်ထောက်မင်းက အင်းဝမြို့တွင်းသို့ ဝင်ကြည့်ချင်သည် ပြောသောကြောင့် နောက်တစ်နေ့ ညနေခင်း မော်တော်ကားကြီးနှင့် သူကြီးမင်း ပေါက်၍ လာလေသည်၊၊ လေးယောက်သား မော်တော်ကားပေါ်သို့ တက်ကြ၏၊၊ ထိုမော်တော်ကား ကား ဖိုဒ့် မော်တော်ကားတည်း၊၊ မော်တော်ကား ပေါ်စက ရောက်လာသော မော်တော်ကား ဖြစ်ဟန်တူ၏၊၊ နံပါတ်က ၁၀၀၀ ကျော်ကျော်မျှသာ ဖြစ်လေသည်၊၊ ဇရာဒုဗ္ဗလ အရွယ်သို့ ကျနေပြီဖြစ်သောကြောင့် ငယ်ရုပ်မပေါ်၊ ကိုယ်တော်တစ်ခုလုံး ပိန်သည့်နေရာက ပိန်၊ ယိုင်သည့်နေရာက ယိုင်၊ ကျိုးသည့်နေရာက ကျိုး၊ ပဲ့သည့်နေရာကပဲ့ တကယ့်ကားဟောင်းကြီး ဖြစ်လေသည်၊၊ စက်ကို နှိုး၍ထွက်သွားပြန်ပါလည်း တဂျုတ်ဂျုတ် တဂျက်ဂျက်နှင့် တလမ်းလုံး မြည်တမ်း၍ သွား၏၊၊ ယင်း၏ အစွမ်းကား လှည်းနှင့်သာသာ ရှိ၏၊၊ မော်တော်ကား ရှားသော ဌာန ဖြစ်သောကြောင့် ထိုကားအိုကြီးကိုပင် ကလေးများြံမင်လျှင် အထူးအဆန်းလုပ်ကာ ဝိုင်းအုံကြည့်ရှာကြ၊၊ ပြေးလိုက်သူက ပြေးလိုက်၊၊ ခေါ်ပြသူက ခေါ်ပြ၊၊ ပျော်စရာ့ ပျော်စရာကြီး ဖြစ်လေသည်၊၊ လှည်းအနီးအနား ဖြတ်သွားပြန်လည်း နွားများက လန့်ရှာကြ၊၊ မော်တော်ကားပေါ်တွင် လိုက်ပါသွားသူတို့မှာလည်း ဣန္ဒြေရရ ဧရာမစည်းစိမ်ရှင် သူဋ္ဌေးတို့ကိုပင် ဂုဏ်ပြိုင်ချင်သော စိတ်များ ပေါ်ပေါက်၍ လာကြ၏၊၊ The S.O.D told the headman that he wished to see the sights within the city of Innwa. Accordingly, the next evening, the headman arrived in a big car. And the four of them climbed in. It was an old Ford, most probably one of the earliest models to be imported into Myanmar, for its registration number barely exceeded 1000. Since the car had already reached old age, the appearance of youth was sadly wanting about it. It was truly a battered old vehicle; a weather-beaten veteran of roads. Parts of its body were broken, and bits of it missing. The body stood awry on its four wheels. It was beyond doubt one of the oldest of motor-cars.

And when the engine was started, it moved, but as if under duress. For it shook, and it groaned, and made the most awful noises all along the way. Its pulling power and speed barely exceeded that of a bullock-cart. Since it was one of those places where hardly any motor-car is to be seen, even this old trotting-jalopy was a sight enough to excite the curiosity of the poor children of the locality, who, filled with excitement and wonder, gathered round to have a look at the wonder of the roads. Some of them came hilariously racing after the car. And some of them excitedly called out to their friends lest they should miss the hilarious spectacle. It was indeed a mirthful occasion for them all. And every time the jalopy rushed past a bullock-cart, it invariably frightened the poor beasts out of their wits. As for the four passengers, their sense of well-being had been boosted to such a degree that they felt like VIPs. Why, their pseudo-affluence had made them feel so well-off in life that they were lure into vying with those who lived in the lap of luxury.

sound.gif (2534 bytes)

သို့နှင့်ပင် အင်းဝသို့ ရောက်ကြလေသတည်း၊၊ ရောက်လျှင် လေးယောက်သား မော်တော်ကားမဟာဖြင့် ပျော်ပါးစွာ မြို့ရိုးကြီးကို ကျော်ကာတက်ကြ၏၊၊ ရှေးအဆက်ဆက်က ဝေါတို့ ယာဉ်တို့ လှည်းရထား၊ မြင်းများ၊ ဆင်များဖြင့် ဝင်ကြ ထွက်ကြလေသည်၊၊ ယခု ငါတို့ကား မော်တော်ကားပျက်ဖြင့် ခပ်သွက်သွက်ကြီး မြို့အတွင်းသို့ ဝင်ရလေသည်ဟူ၍ ကိုယ်စီကိုယ်ငှ သွေးကြီးလျက် နေကြ၏၊၊ And so they reached Innwa at last. The four of them were happy and gay as they drove through to the city across the great wall in their old car. During the golden age of Innwa, for purposes of transport, they may have made use of palanquins, carts, carriages, horses, and elephants when entering or leaving the city. "But we, the fortunate ones, are now entering the ancient city in a fast old jalopy," they told themselves vaingloriously.

sound.gif (2534 bytes)

မကြာမှီ အုတ်ကျောင်းဖြူဖြူကြီးသို့ ရောက်ကြလေသည်၊၊ အတွင်းသို့ ဝင်ကြည့်ကြ၊၊ ကြီးကလည်းကြီး၊ ခိုင်ကလည်းခိုင်၊ ခံ့ကလည်းခံ့၊ အင်မတန့်ကျောင်းကြီး ဖြစ်လေသည်၊၊ ပျက်စီး ယိုယွင်းခြင်းမရှိ၊ ပကတိ ခိုင်ခံ့လျက်ပင်၊၊ ကျောင်းထိုင်ဘုန်းကြီးကား ဗလာ၊၊ လင်းနို့ လင်းဝက် တို့ဖြင့် ကိန်းအောင်းရာ ဌာနကြီး ဖြစ်လျက်နေသည်၊၊ လင်းနို့တို့၏ အနံ့တို့ကြောင့် နံစော်စော် ရှိလှ၏၊၊ ကျောင်းအောက် ကျောင်းပြင် ပြဲပြဲစင်အောင် ဝင်လိုဝင်၊ ထွက်လိုထွက်၊ တက်လိုတက်၊ ဆင်းလိုဆင်း၊ ခပ်ပြင်းပြင်းပင် လှမ်းခဲ့ကြလေသည်၊၊ After a while they stopped at the white brick building of monastery. They went in to see what it looked like within. It was a massive building, durable and imposingly grand in appearance. In fact, it was a first-class monastery building. There was no sign of ruin or decay about the whole structure. It was still in an excellent condition. There was, however, not a single soul to be seen there, no presiding monk. The monastery was sans monk of any kind. It was now the abode of bats and night herons. The air within was foul with the smell of bats. The four sight-seers went all round the monastery leaving no place unexplored, within or without. They went up stairs and down stairs, entered through one door and came out of another, and all this they did at a leisurely pace.

sound.gif (2534 bytes)

ထို့နောက် အနီးအနားတွင်ရှိသော ဇရပ်၊ ကျောင်း၊ ဘုရားတန်ဆောင်းများသို့လည်း လှည့်ပတ်ကြည့်ကြ၊ ဖူးမျှော်ကြနှင့် တော်တော်ပင် အချိန်နှောင်းခဲ့ကြလေသည်၊၊ ချုံကွယ်နေသော ဘုရားလည်းရှိ၊ နွယ်ပတ်နေသော ဘုရားတို့လည်း မရှား၊ ပျက်ပြားနေသည်တို့ကလည်း အထွေထွေ ရေတွက်၍ပင် မကုန်နိုင်၊၊ After that they went round looking at the zayats (rest-houses for pilgrims and wayfarers), monasteries, pagodas, and tazaungs (corridors leading to the plinths of pagodas) located in the neighborhood, enjoying the sights and worshipping at the shrines. In this manner quite a considerable time was spent there. There were pagodas galore in that place. Some of these were hidden under overgrown bushes, some were covered with creepers crawling all over them, and there were numerous others which had fallen into utter ruin and decay. In fact one could hardly keep count of them.

sound.gif (2534 bytes)

ထွက်လာခဲ့ကြပြန်၏၊၊ ယခင် မယ်နု အုတ်ကျောင်းကြီး၏ရှေ့ မနီးမဝေးတွင် ဆရာယုဒသန်ကို အထိမ်းအမှတ်ပြုကာ စိုက်ထူထားသော ကျောက်တုံးကြီးကို မြင်၍ ခြံအတွင်းဝင်ကာ ကြည့်ကြသေး၏၊၊ ထိုနေရာကား အင်းဝလက်မရွံ့ ထောင်နေရာတည်း၊၊ မြန်မာနှင့် အင်္ဂလိပ်တို့ ပထမစစ် ဖြစ်ကြကာ ဆရာယုဒသန် အစရှိသော နိုင်ငံခြားသားတို့အား မသင်္ကာ၍ ထောင်သွင်းအကျဉ်းထားခြင်း ဖြစ်၏၊၊ ဆရာယုဒသန်မှာ အင်္ဂလိပ်သက္ကရာဇ် ၁၈၂၄ ခုနှစ်မှ ၁၈၂၅ ခုနှစ်အထိ တစ်နှစ်တိုင်တိုင် ထိုထောင်တွင်း နေရလေသည်၊၊ They departed from that place. Not far from Queen Mai Nu's white-brick-monastery (mentioned above), and facing it, was the fence-in memorial stone erected in commemoration of the American missionary, Dr. Judson. They entered the enclosed area to have a look. This was the sight of the notorious Let-ma-yoont Prison of Innwa. During the first Anglo-Myanmar War Dr. Judson and other foreigners who were held suspect had been imprisoned here. Dr. Adoniram Judson (theologian and lexicographer) was kept a prisoner from 1824 to 1825 A.D., for a period of one whole year, in that prison.

sound.gif (2534 bytes)

ယခုကား ထောင်အဆောက်အဦ အစအနကိုကား မမြင်၊ နေရာမြေပြင်ကိုသာ မြင်ရ၏၊၊ ထိုအခိုက်တွင် ရှေးဟောင်းဖြစ်ပျက်ပုံ အကြောင်း ထောင်အတွင်း အကျဉ်းခံခဲ့ရကြသော သူတို့၏ ဒုက္ခအကြောင်းများကို စဉ်းစားမိသဖြင့် တရားရကြ၏၊၊ မျှော်စင်ကြီးသို့ ထိုနေရာမှ မဝေးတော့ပြီ၊၊ အနည်းငယ်သွားလျှင် ရောက်တော့အံ့၊၊ သို့သော် မှောင်လုပြီ၊၊ လှည်းလမ်းအတိုင်း ထွက်လာရမည်ဖြစ်၍ လမ်းမမြင်က ခက်မည်၊၊ ထို့ကြောင့် ထိုနေရာမှ ခွာခဲ့ကြသတည်း၊၊ Now, however, there was not a vestige of the prison building left to be seen. The site where the building had once stood was now a barren ground. Maung Lu Aye's thoughts drifted back to dwell and reflect on the laws of the moral world and just retribution; back to the times when the historical events took place long ago, to visualize the sorrows and sufferings of the prisoners during those troubled days...

Not that far from this place was the old watch-tower. It could be reached within a short time. However, since it was getting late, and since they would have to be driving along the cart-road, it would not do to linger till it got dark. And so they made their departure from that place.

sound.gif (2534 bytes)

လှည်းလမ်းအတိုင်း ထွက်ခဲ့ကြရာ လမ်းထဲတွင် မော်တော်ကား ပျက်ကြမလား ပျက်ကြမလား ဟု တကြောင့်ကြကြနှင့်ပင် လမ်းမကြီးပေါ်သို့ ရောက်ရ၏၊၊ As they drove back along the cart-road, they were kept bothering by one perplexing worry: "Would it break down and fall to pieces, would it break down?" And their anxiety was not dispelled till they reached the main road.

sound.gif (2534 bytes)

ထို့နောက် အတန်ကလေး သွားမိပြန်လျှင် ဗားကရာ ကျောင်းတိုက်သို့ သွားသော လမ်းခွဲသို့ ရောက်၏၊၊ လမ်းမကြီးမှ မြင်နေရပေ၏၊၊ ဝင်ကြည့်ချင်သောစိတ်များ ပေါ်ပေါက်လာ၏၊၊ မော်တော်ကားမောင်းသမားအား ဗားကရာကျောင်းတိုက် ရှိရာသို့ အမောင်းခိုင်းကြ၏၊၊ လှည်းလမ်းဖြင့် သွားရ၏၊၊ လမ်းမှာ ချိုင့်၊ ကျင်း ထူထပ်သည် တကြောင်း၊ ဖုံအပေါင်း ထူထပ်သည်က တတန်၊ နဂိုဟန် ခပ်ပျက်ပျက်မို့ တစ်ဝက်ခန့် သွားမိလျှင် ကိုယ်တော်မြတ် မော်တော်ကားမှာ မသွားပဲ ငြင်းဆန်ကာ အတင်းခံနေသတည်း၊၊ After that, as they proceeded onward they came to a branch road which led towards the famous Bagaya Monastery. The monastery was visible from the main road. And they were filled with a desire to visit the place. They told the driver to drive them over to the monastery. But the road leading to the monastery was another cart-road. For one thing, the road was full of holes and ditches. For another, it was a road covered with a thick layer of dust. And what with the state of its constitution when the car had wended but half the way, it put its foot down and refused to budge an inch further.

sound.gif (2534 bytes)

မော်တော်ကားမောင်းသမားက အနည်းနည်း အဖုံဖုံ စုံလင်အောင် စမ်းသော်လည်း ဖြုံတောင်မဖြုံ တုန်လှုပ်ဖို့ ဝေးစွ၊၊ သည်အခါကျမှ အပေါ်က အသီးသီး ဆင်းကြပြီးလျှင် ခဏတဖြုတ် တွန်း၍ ထုတ်ကြရလေသည်၊၊ ဤသို့ မော်တော်ကား ယာဉ်ပျံက ဂုဏ်ခံသည့်အတွက် ဗားကရာကျောင်းတိုက်နှင့် နီးရက်နှင့် ဝေးခဲ့ရပါကြောင်း၊၊

သိပ္ပံမောင်ဝ

ဂန္ထလောက၊ ၁၂၉၃ ခု ကဆုန်လ၊၊

 

The car-man made use of all the knowledge at his disposal to restore its equanimity, but it stood its ground. It was now hopeless trying to make it move. Its passengers then got down to coax it on by pushing it for a while. But the proud old veteran of a car had had enough. It refused to have to do anything with them. And so, although they had come to within easy reach of it, they had to turn back without having visited the famous Bahgaya Monastery.

THEIPPAN MAUNG WA

Translated by MIN HAN, Magwe