ကျိုက်ထီးရိုး

ဦးမောင်မောင်ပြေ ရေးသည်

Kyaikhtiyo

By

Maung Maung Pye

Tales of Burma

Macmillan and Co., Ltd, 1952

 

မြန်မာနိုင်ငံက ဘုရားစေတီအများစုမှာ သမိုင်းပုံပြင်လေးဖြစ်ဖြစ် ဇာတ်လမ်းလေးဖြစ်ဖြစ် ရှိနေတတ်ပါတယ်။ ပေါလောင် တောင်တန်းတောင်စွန်းတစ်ခုပေါ်မှာ တည်ထားတဲ့ ကျိုက်ထီးရိုး ဘုရားလည်း ဒီလိုပါပဲ။ ကျိုက်ထိုနဲ့ မလှမ်းမကမ်းမှာ ရှိပြီး ဘုရားရောက်ဖို့ တောင်ပေါ်တက်ရတာ မလွယ်ပေမယ့် နှစ်စဉ် ဘုရားဖူးတွေထောင်ပေါင်းများစွာ သွားနေကြပါတယ်။ ဘုရားဘွဲ့တော်က "ရသေ့ခေါင်းပေါ်ရွက်ထားတဲ့စေတီ " လို့ အဓိပ္ပာယ်ရပြီး ဘုရားသမိုင်းကလဲ သိပ်ကို ရှေးကျပါတယ်။

Most of the pagodas in the great land of Burma have a story or legend attached to them.   The Kyaikhtiyo pagoda, which is built on a spur of Paulaung Hills, is no exception to this rule.  It is only a few miles from Kyaikhto, and in spite of the difficulties of climbing the hills to get to it, the pagoda is visited annually by thousands of pilgrims.  Its name means "The pagoda which is carried on the head of a hermit" and the legend which explains his name dates to remote times.

ရှေးရှေးတုန်းက အခု သထုံလို့ ခေါ်ကြတဲ့ သုဝဏ္ဏဘုမ္မိနိုင်ငံ တောကြီးမျက်မည်းထဲမှာ ရသေ့ညီနောင်နှစ်ပါး နေကြတယ်။ ရသေ့ညီနောင်ဟာ မူလက မင်းသားနှစ်ပါးပါ။ ဒါပေမယ့် ခမည်းတော်ရဲ့ နန်းစည်းစိမ်ကိုရော လောကီစည်းစိမ်ကိုရော စွန့်လွှတ်ပြီး တောထွက်အဆင်းရဲခံနေကြပါတယ်။ နောင်တော်ရဲ့ဘွဲ့က တိဿဓမ္မ၊ ညီတော်ရဲ့ဘွဲ့က သီဟရာဇာ တဲ့။

Long ago, in the dense forests in the kingdom of Thuwunnabhumi, which is now known as Thaton, there lived two brothers who were hermits.  They had been princes, but had given up all the splendour of their father's royal palace and all their worldly possessions for a life of sting and prayer.  The elder brother was named Teikthadharma, and the younger one Thiharaza.

တစ်နေ့တော့ ရသေ့ညီနောင်ဟာ သစ်သီးသစ်ဥ အရှာထွက်ရင်း မြေပေါ်မှာပေါ်နေတဲ့ ဥကြီးနှစ်လုံးကို တွေ့တယ်။ "ဥကြီးတွေက ကြီးလိုက်တာနော်၊ ဧကန္တ သာမင်ညောင်ည သတ္တဝါတစ်ကောင်ရဲ့ ဥတော့ မဟုတ်နိုင်ဘူး။ တို့ သိမ်းထားကြည့်ရအောင် " လို့ နောင်တော်ရသေ့က အမိန့်ရှိတယ်။ ညီတော် သီဟရာဇာကလည်း သဘောတူတယ်။ ဒါနဲ့ ဥတစ်လုံးစီ ယူပြီး တောထဲက ကျောင်းသင်္ခမ်းကို ပြန်လာကြတယ်။

One day, when the hermits were out gathering roots and fruits for their food, they found two huge eggs lying on the ground.  The elder brother, Teikthadharama said, "These eggs are of a wonderful size.  They surely cannot belong to any ordinary creature.  Let us keep them and see what happens."  The younger brother, Thiharaza, agreed to this, so they each took an egg, and returned to their forest home.

အချိန်အတော်ကြာတဲ့အခါ ဥတွေက လူသားကလေးနှစ်ဦးပေါက်ဖွားလာတာကို ရသေ့ညီနောင် တအံ့တသြ တွေ့ကြရသတဲ့။ ရသေ့နှစ်ပါးလည်း ကလေးလေးနှစ်ယောက်ကို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ကြတာပေါ့။ ရသေ့နှစ်ပါးရဲ့ မေတ္တာနဲ့ ဂရုဓမ္မကြောင့်ပဲ ကလေးလေးတွေကြီးလာတော့ လူချောလေးတွေ ဖြစ်လာကြတယ်။ ရသေ့နှစ်ပါးလည်း မွေးစားသားလေးတွေနဲ့အတူ တောထဲကို မကြာမကြာ လှည့်လည်ကြသတဲ့။ လူငယ်လေးနှစ်ယောက်ကို တောတောင်သဘာဝနဲ့ လက်နက်အသုံးအဆောင်အမျိုးမျိုး အသုံးချနည်း သင်ပေးကြသတဲ့။

After some time, much to the surprise of the hermits, two human babies were hatched from the eggs.  They did their best to nurse and care for the two infants, and thanks to all the love and attention showered on the tiny creature they grew up to be handsome boys.  The hermits and the adopted sons used to roam through the forests together and the boys were taught the use of various weapons and the lore of the jungle.

ဒီလိုနဲ့ ဆယ်နှစ်ကြာအကြာမှာ ညီတော်ရသေ့ရဲ့ မွေးစားသားလေးက ကွယ်လွန်သွားပါရော။ ရသေ့နှစ်ပါးရော ကျန်ရစ်တဲ့ သားလေးရော ပရိဒေဝမီး အလောင်ကြီးလောင် ကြတာပေါ့။ အကုသိုလ်ကံဆိုတာက တစ်ကိုယ်တော် လာတတ်တာမှ မဟုတ်ပဲ။ မကြာခင် ရသေ့ညီနောင်ရဲ့ခမည်းတော်  သုဝဏ္ဏဘူမိဘုရင်ကြီး နတ်ရွာစံတဲ့သတင်း ကြားရပြန်ပါရော။ ဒီသတင်းကို သယ်လာတာက နန်းတော်ကအမတ်ကြီးတွေ။ အမတ်ကြီးတွေက နောင်တော်ရသေ့ကို နေပြည်တော်ပြန်ပြီး ခမည်းတော်ရဲ့ ထီးနန်းကို ဆက်ခံဖို့ ပန်ကြားနေကြပြန်တယ်။ "မင်းမရှိတဲ့တိုင်းပြည်ဟာ ရွက်မပါတဲ့လှေလိုပဲ" လို့ အကြောင်းပြတိုက်တွန်းကြပေမယ့် တိဿဓမ္မရသေ့ကြီးကတော့ ငြင်းပယ်နေပါတယ်။ "အရှင်ဘုရားသာ ပြန်မကြွရင် တိုင်းသူပြည်သားတွေ ဘာဖြစ်ကုန်မလဲ " လို့လည်း နန်းရင်းဝန်ကြီးက လျှောက်သတဲ့။ ဒါပေမယ့် ရသေ့ကြီးက သန္နိဋ္ဌာန်ချပြီးသား။ "သစ္စာရှိပညာရှိ အမတ်တို့၊ လောကကြီးကိုရော လောကီစည်းစိမ်းတွေကိုရော စွန့်လွှတ်ခဲ့ပြီးမို့ ကျုပ် ဒီတောရပ်က ကျောင်းသင်္ခမ်းကို စွန့်ခွါဖို့ ဆန္ဒမရှိပါဘူး။ သို့သော် အမတ်ကြီများ လက်ခံနိုင်ရင်ဖြင့် အမတ်ကြီးတို့ကို စီမံခန့်ခွဲဖို့ ကျုပ်မွေးစားသားကို ထည့်လိုက်ပါမယ်" လို့ ရသေ့ကြီးက ပြန်ပြောတယ်။ ရသေ့ကြီးဟာ သူ့သန္နိဋ္ဌာန်ကို ဘယ်လိုမှ ဖျက်မယ်မဟုတ်ဘူးဆိုတာ သိနေတော့ အမတ်တွေကလည်း ရသေ့ကြီးရဲ့ အကြံပြုချက်ကို အေးအေးဆေးဆေးပဲ လက်ခံလိုက်ကြတယ်။ မွေးစားသားလေးကို နန်းတော် ပင့်သွားပြီး မွေးစားခမည်းတော်နဲ့ ဦးရီးတော်တို့ကို အစွဲပြုပြီး တိဿဓမ္မ သိရိရာဇာ ဆိုတဲ့ ဘွဲ့နဲ့ မေ်းမြှောက်လိုက်ကြသသတဲ့။

Ten years went by in this manner, and then the adopted son of the younger hermit died.   The sad loss was indeed a bitter blow to the two brothers and the remaining boy.   But misfortunes never come singly.  Soon came the news that the hermits' father, the King of Thuwunna-bhumi, had died.  This news was brought by a deputation of ministers who came and begged the elder hermit to return to the capital city and succeed his father as king.  Teikthadharma refused to accept the throne, though the ministers told him that a country without a king was like a ship without a rudder.   "Alas," said the chief minister, "what will become your subjects if you will not return to guide and protect them?"  But the hermit's mind was made up, and he said, "Oh wise and faithful ministers, I do not wish to leave my home in the forest because I have given up the world and its pleasures and temptations.  But if you agree, I will send my adopted son to rule over you."  Seeing his resolution was not to be shaken, the ministers readily agreed to this suggestion, and the adopted son was taken to the palace and crowned king, with the title of Teikthadharma Thiriraza, after his foster father and foster uncle.

ပြောခဲ့တဲ့အတိုင်း သီဟရာဇာရဲ့ မွေးစားသား ကွယ်လွန်သွားပြီနော်။ အဲဒီသားက မကြာခင်မှာပဲ မိထိလာပြည် သဌေးကြီးတစ်ဦးရဲ့သားအဖြစ် ဝင်စားလာတယ်။ အရွယ်ရောက်တော့ ဘာသာတရားကိုင်းရှိုင်းတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်လာတယ်။ တစ်နေ့တော့ ဗုဒ္ဓဘုရားသခင်ဆီသွားပြီး ရဟန်းပြုခွင့် ပန်ကြားသတဲ့။ နှစ်ပေါင်းများစွာ ကမ္မဋ္ဌာန်းစီးဖြန်း ပြီးတဲ့အခါမှာ ရှင်ဂဝံပတိဆိုတဲ့ ဘွဲ့အမည်နဲ့ ရဟန္တာ ဖြစ်လာသတဲ့။

Now the adopted son of Thiharaza had died, as we have seen, but it was not long before he was reborn as the son of a rich man in the country of Mithila.  He grew up to be a very good and pious man, and one day he went to the Lord Buddha and besought the Holy One to make him a monk.  After years of meditation and worship he became a famous arahat, and was known as Shin Gawunpati.

တစ်နေ့မှာ ကမ္မဋ္ဌာန်းစီးဖြန်းနေတုန်း သုဝဏ္ဏဘူမိ တောထဲက ဘဝဟောင်းအတွေ့အကြုံတွေကို အာရုံဝင်စားမိပါရော။ မွေးစားခမည်းတော်နဲ့ ဦးရီးတော်တို့ရဲ့ ကျေးဇူးကို အောက်မေ့မိပြီး သွားဖူးတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

One day, while he was meditating, his mind went back to his previous experience in the forest of Thuwunnabhumi, and when he thought of his foster-father and foster-uncle he was filled with gratitude towards them and decided to visit them.

ရသေ့ညီနောင်ရဲ့ ကျောင်းသင်္ခမ်းကို ရောက်တဲ့အခါ ဆယ်နှစ်ရွယ်က ကွယ်လွန်ခဲ့ပြီး အခုအသစ်တဖန် မွေးဖွားလာတဲ့ မွေးစားသား ဖြစ်တဲ့အကြောင်း လျှောက်ထားသတဲ့။ ဒီစကား ကြားရတော့ ရသေ့ညီနောင် ဝမ်းမြောက်ဝမ်းသာဖြစ်ကြတာပေါ့။ ဒီထက် ဝမ်းသာတာက အရှင်ဂေါတမဗုဒ္ဓ ပွင့်တော်မူနေပြီး အိန္ဒိယမှာ ဗုဒ္ဓသာသာနာ ဖြန့်ကျက်နေပြီဆိုတဲ့ သတင်းကြားရလို့ပါပဲ။ ဘုရားရှင်ကို ဆရာတစ်ဆူကိုးကွယ်ပြီး မွန်မြတ်တဲ့တရားစကားတွေ နားကြားချင်စိတ် ပြင်းပြကြသတဲ့ "သုဝဏ္ဏဘူမိကို ဘုရားရှင်ကြွရောက်ဖို့ အရှင်ရဟန်းမြတ်က တောင်းပန် လျှောက်ထား မပေးနိုင်ဘူးလား"လို့ တိုက်တွန်းကြသတဲ့။ အရှင်ဂဝံပတိကလည်း ဘုရားရှင်ကို ဒီစကားတွေ လျှောက်ထားပါတယ်။ ဘုရားရှင်ကလည်း တောင်းပန်စကားကို လိုက်လျောပြီး ရဟန်းအခြံအရံနဲ့ သုဝဏ္ဏဘူမိ ခရီးရှည်ကြီး ကြွမြန်းတော်မူပါတယ်။

When he arrived at the abode of the hermits, he told them that he was their adopted son who had died at the age of ten and had since been reborn.  On hearing this, the joy of the hermits was very great, but it was greater still when they heard that Gautama Buddha had attained enlightenment and was actually preaching his new religion in India.   How they longed to meet the great teacher and listen to his holy words!  Would the arahat beseech the Lord Buddha to pay them a visit at Thuwunnabhumi?  Shin Gawunpati duly bore this message, and the Holy One granted their request and started on the long journey to Thuwunnabhumi with a retinue of rahans.

ဘုရားရှင်ကို ရိုရိုသေသေ ခရီးဦးကြိုဖို့ တခမ်းတနား ပြင်ဆင်ကြတာပေါ့။ တောကျောင်းသင်္ခမ်းကို ဘုရားရှင် ကြွရောက်လာတဲ့အခါ ရသေ့ညီနောင်နဲ့အတူ မွေးစားသား ဘုရင်ကြီးရယ်၊ ရသေ့ညီနောင်ရဲ့ မိတ်ဆွေ ကေလာသရသေ့ရယ် တစုတပေါင်း ဖူးမြော်ကြတယ်။ တရားနာပရိသတ်နည်းနည်းလေးကု ဘုရားရှင်က တတ်သိဖွယ်ရာ ကြည်ညိုဖွယ်ရာ တရားတွေ ဟောပြတာပေါ့။ အိန္ဒိယပြန်ကြွသွားတဲ့အခါ မြတ်စွာဘုရားရဲ့ ဒေသစာရီ အထိမ်းအမှတ်အနေနဲ့ အစဉ်ကိုးကွယ်ရအောင် ဓာတ်တော်မွေတော်များ သနားသဖြင့်ချီးမြှင့်ခဲ့ဖို့ ဘုရားရှင်ပြန်ကြွခါနီးမှာ ပန်ကြားကြသတဲ့။ ဗုဒ္ဓဘုရားရှင်က ဒီလို အသနားခံတာကို လိုက်လျောတော်မူပါတယ်။ ပြန်လည် ကြွတော်မမူမီ ရသေ့တွေကို ဆံတော်တစ်ချောင်းစီ ပေးသနားတော်မူပါတယ်။ သီဟရာဇာနဲ့ ကေလာသ ရသေ့နှစ်ပါးက ဆံတော်ဓာတ်တေကို ရွှေသေတ္တာထဲမှာ ထည့်ပြီး သူတို့တည်တဲ့စေတီမှာ ထာပနာကြသတဲ့။

Great preparations were made to receive the Lord Buddha with proper reverence, and when he arrived at the forest abode of the hermits he was met by them and by the king, their adopted son, and their neighbor, the hermit Kelathaya.  The Lord Buddha preached many wise and loving sermons to the small assembly, and when the time came for his departure they begged him to show them his favor by leaving some relics so that they might always cherish these tokens of his visit after he had returned to India.  The Lord Buddha received this request with much graciousness, and before he left them he gave each of the hermits a lock of his hair. Two of the hermits, Thiharaza and Kelathaya, deposited their relics in a golden casket and kept this in a pagoda which they built.

တိဿဓမ္မရာဇာရသေ့ကတော့ သူရထားတဲ့ ဆံတော်ဓာတ်ကို သူ့ခေါင်းပေါ်မှာထားပြီး ဘုရားရှင်ရဲ့မွေတော်ကို အချိန်မှန်မှန် ပူဇော်တယ်။

The other hermit, Teikthadharma, kept his relic in his own hair, and regularly worshpped the gift of the Enlightened One.

သီဟရာဇာနဲ့ ကေလာသရသေ့တို့က နှစ်အတန်ကြာတဲ့အခါ ပျံလွန်တော်မူကြပါတယ်။ တိဿဓမ္မရာဇာက သူကိုယ်တိုင်လည်း ပျံတော်မူခါနီးပြီဆိုတာ တွေးမိတယ်။ ဘုရားရှင်ရဲ့ ဓာတ်တော်မွေတော် ပျောက်ပျက်သွားမှာကို သိကြားမင်းက ပူပန်မိတာနဲ့ လူ့ပြည်ကိုဆင်းလာပြီး  သုဝဏ္ဏဘူမိမင်းကြီးဆီကို သွားပြီး "မင်းကြီး မင်းကြီရဲ့ ခမည်းတော် တိဿဓမ္မရာဇာ ပျံတော်မူမယ့်အချိန်ဟာ နီးလာပြီ။ မြတ်စွာဘုရားပေးသနားခဲ့တဲ့ ဆံတော်ဓာတ်အရေးကို ကျွန်ုပ်တွေးပူမိတယ်။ ပျံတော်မမူခင် ဆံတော်ဓာတ် မပျောက်ပျက်ရေး ဆောင်ရွက်ဖို့ ဆရာရသေ့ကို လျှောက်ထားပန်ကြားရရင် ကောင်းပေလိမ့်မယ်" လို့ စကားဆိုသတဲ့။

Thiharaza and Kelathaya died some years later, and Theithadharma felt that his own end was approaching.  Thagyamin, the king of the nats, was very anxious that the precious relic of the Lord Buddha should not be lost, so he descended to earth and appeared before the king of Thuwunnabhumi and said,"O mighty king, the end of your fore-father, the hermit Teikthadharma, draws near, and I am filled with anxiety as to what will happen to the holy relic which was given to him by  Lord Buddha.  It would be well if we could persuade him to take measures for its safety before he dies."

ဒါနဲ့ မင်းကြီးဟာ သိကြားမင်းနဲ့အတူ တိဿဓမ္မရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းကို သွားကြသတဲ့။ တိဿဓမ္မရသေ့ကြီးက လာရင်းအကြောင်းကို မေးသတဲ့။ သိကြားမင်းက "အရှင်ရသေ့၊ အရှင်ရသေ့ကြီးဟာ စုတေဖို့အချိန် နီးလာပြီ ဖြစ်တဲ့အတွက် မြတ်စွာဘုရားသခင် ပေးသနားထားတဲ့ ဆံတော်ဓာတ်အရေး လာရောက်တောင်းပန်တာပါဘုရား၊ အရှင်ဘုရား လူ့ပြည်မှာ မရှိတော့တဲ့အခါ လူအများကိုးကွယ်နိုင်ဖို့ ဆံတော်ဓာတ်ထာပနာပြီး စေတီတစ်ဆူတည်ထားလိုပါတယ် ဘုရား" လို့ လျှောက်သတဲ့။ ပထမတော့ ရသေ့ကြီးက ဆံတော်ဓာတ်နဲ့ မခွဲချင်ဘူးပေါ့။ ဒါပေမယ့် အတန်ကြာ စဉ်းစားပြီးတဲ့အခါမှာတော့ သူ့ခေါင်းနဲ့တူတဲ့ ကျောက်တုံးတစ်လုံးရှာလို့ရရင် ဆံတော်ဓာတ် စွန့်ပါမယ်လို့ သဘောတူလိုက်သတဲ့။ ကျောက်တုံးကို ထွင်း၊ ဆံတော်ကိုထာပနာပြီး ကျောက်တုံးပေါ်မှာ ဘုရားတည်မယ်ပေါ့။

So the king, accompanied by the Thagyamin, went to the forest abode of Teikthadharma, who asked the reason for their visit.  Thagyamin said,"As you have not long to live, we have come to beg of you the precious relic which was given to you by the Enlightened One.  We would build a pagoda over it where it would be worshipped when you are no more."  The old hermit was at first very loath to part with the relic, but after considering the matter for some time, he agreed to give it to them on condition that they found a rock of the same shape as his head.  The relic would be deposited in the hollow of the rock, and they could then build their pagoda over it.

ဒါကိုကြားတော့ သိကြားမင်း ဝမ်းသာပြီး ချက်ခြင်း ပင်လယ်ကမ်းခြေကိုသွားသတဲ့။ အဲဒီမှာ ရသေ့ကြီးရဲ့ခေါင်းနဲ့တူတဲ့ ကျောက်တုံးကြီးတစ်တုံး တွေ့တယ်။ ပြီးတော့ လူတွေ အများကြီး ခေါ်ပြီး သူတို့အကူအညီနဲ့ တောင်မြင့်မြင့်တစ်လုံးပေါ်ကို ဆွဲတင်ကြတယ်။ တောင်ထိပ်မျက်နှာပြင်နဲ့ ကျောက်တုံးကြား ကြက်မတစ်ဝပ်စာ ကွာနေအောင် ထားသတဲ့။ ပြီးတော့ သိကြားမင်းက ရသေ့ကြီးနဲ့ မင်းကြီးကို ခေါ်ပြီး သူလုပ်ဆောင်ထားတာကို ပြသတဲ့။

Thagyamin was very pleased to hear this, and at once departed for the sea-shore, where he found a huge rock which closely resembled in shape the head of  the hermit.   He then assembled a great number of people who helped him drag the rock to the top of a high hill, where he placed the rock in such a position that he could sit between its base and the top of the hill.  Thagyamin then went and called the old hermit and the king to see what he had done.

သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်ထားတာကို တိဿဓမ္မရသေ့ကြီး သဘောကျပြီး ဆံတော်ဓာတ် ထာပနာဖို့ ကျောက်တုံးကြီးကို အထွင်းခိုင်းပါတယ်။ ပြီးတာနဲ့ သူ့ခေါင်းပေါ်က ဆံတော်ဓာတ်ကို ပင့်ဆောင် ကန်တော့ပြီး ကျောက်တုံးကတွင်းထဲမှာ ထာပနာပါတယ်။ အဲဒီတွင်းကို အပေါ်က ငုံပြီး ဘုရားတစ်ဆူအသစ်တည်ပါတယ်။ ဘုရားတည်ပြီးတော့ သိကြားမင်း သူ့ဘုံဗိမာန်ကို ပြန်သွားပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဓာတ်တည်ရာ စေတီရဲ့ခြေတော်ရင်းမှာပဲ ရသေ့ကြီးလည်း ငြိမ်းငြိမ်းချမ်းချမ်း ပျံတော်မူသွားပါတယ်။

Teikthadharma was so pleased at the way in which his wishes has been carried out that he at once asked Thagyamin to bore a hole in the rock so that he could deposit the relic in it.  When this had been done, the hermit took the precious relic from his hair, venerated it, and solemnly placed it in the hollow in the rock.  Over this hollow, on the summit of the rock itself, the new pagoda was raised.  When it was completed, Thagyamin returned to his celestial abode, and the hermit passed peacefully away at the foot of the pagoda which sheltered the Lord Buddha's holy relic.

အဲဒီနောက်တော့ ဘုရားကို အသစ်ပြန်တည်ကြလို့ ကျောက်တုံးနဲ့ တောင်ထိပ်ကြားမှာ လွတ်မနေတော့ပါဘူး။ ကျောက်တုံးကြီးကို ရှေ့နောက်တွန်းကြည့်လို့ ရပါသေးတယ်။ ဟန်ချက်ညီနေသေးတာပါပဲ။

Since those days the pagoda has been rebuilt, and there is no longer a space between the base of the rock and the top of the hill.  But the huge rock can still be moved backward and forwards, and balances perfectly.