ရခိုင်ဘုရား၊ ၊ မဟာမြတ်မုနိ ဗုဒ္ဓ ဆင်းတုတော်

 

ဒေါ်ခင်မျိုးချစ် ရေးသည်

MAHA MYAT MUNI BUDDHA IMAGE: THE ARAKAN PAGODA

By

Khin Myo Chit

A Wonderland of Burmese Legends

The Tamarind Press

 

   မန္တလေးမှာ အများသူငါ သွားလာနေကြတဲ့ အချက်အချာနေရာက မဟာမြတ်မုနိဘုရားလို့ ခေါ်ကြတဲ့ မဟာမြတ်မုနိဗုဒ္ဓဆင်းတုတော်ပါပဲ။ ၁၇၈၄ခုမှာ စစ်အောင်ပွဲဆုအနေနဲ့ ရခိုင်ကသယ်လာတဲ့ ဆင်းတုတော်ကြီးပေါ့။ ဗုဒ္ဓဘာသာမြန်မာတစ်ယောက်ရဲ့ အလိုလားဆုံးဆုကတော့ မြတ်စွာဘုရားကို ကိုယ်တိုင်ဖူးမြင်ရပြီး အလှူပစ္စည်းတွေနဲ့ ပူဇော်ခွင့်ပေါ့။ ဒီလို ဘာသာတရားဆုမျိုး စတိလောက်ဖြစ်ဖြစ် ပြည့်ဖို့ဆိုတာက မဟာမြတ်မုနိဗုဒ္ဓဆင်းတုတော် ထံပါးမှာပဲပေါ့။ ဒဏ္ဍာရီစကားအတိုင်းပြောရတာလေ။       The center of activity in Mandalay is the shrine of Maha Myat Muni Buddha image, or Mahamyatmuni Image as it is usually called, which had been carried from Arakan as a war trophy in 1784. One of the most fervent whishes of a Burmese Buddhist is to have seen the Buddha in person and offered devotions and gifts to Him. It is at the shrine of Mahamyatmuni Buddha Image that such pious aspiration is - if in a manner - fulfilled, as the legend testifies.
   အခု ရခိုင်လို့ခေါ်တဲ့ ဓညဝတီကို ဘီလူးတွေအလုံးအရင်းနဲ့ တက်လာပြီး လူတွေကို စားသတဲ့။ ဘယ်လောက်များ သေကျေပျက်စီးကုန်ကြသလဲဆိုရင် လူအမျိုးအနွယ်တောင် ပျောက်ကုန်မလောက်ပဲတဲ့။ မကြာခင်မှာပဲ အိန္ဒိယမြောက်ပိုင်းက သကျသာကီဝင်မျိုးတွေ နှစ်ရှည်လများ နယ်သစ်မြေသစ် ရှာရာက ဒီနေရာကို ရောက်လာပါရော။ ဓညဝတီဆိုတာ အဲဒီအခါက အသေကောင်နဲ့ အပျက်အစီးတွေချည်းပေါ့။       Once in the land called Dinnyavati, now known as Arakan or Rakhine, a horde of ogres came up from the sea and fed themselves on the people. The devastation was such that it looked as if the human race would be wiped out. It was then that a tribe of Sakkya clansmen from Northern India came, after long years of wandering and searching for new lands. By then Dinnyavati was a scene of death and destruction.
   ပညာနဲ့သတ္တိမှာထူးခြားတဲ့ သာကီဝင်တွေရဲ့အစဉ်အလာအတိုင်း သာကီဝင်တွေဟာ ကိုယ့်မြေကိုယ့်ယာကို ဘီလူးတွေရန်က ကာကွယ်ဖို့ နယ်ခံတွေကို စည်းရုံးတာပေါ့။ သာကီဝင်တွေက ခေါင်းဆောင်ပြီး ဘီလူးတွေကို မောင်းထုတ်လိုက်ကြတယ်။ မြေယာတွေကို စည်ပင်အောင်လုပ်တယ်။ ဓညဝတီမြို့ကြီးကို တည်တယ်။ ဓညဝတီမြို့ကြီးဟာ ကုန်စည်အရောင်းအဝယ်တွေနဲ့ စည်စည်ကားကားဖြစ်လာတာပေါ့။ သင်္ဘောသားတွေ၊ ကုန်လှည်းတန်းတွေ၊ ကုန်သည်တွေ တပျော်တပါးဆုံစည်းကြတဲ့ နေရာပေါ့။       True to Sakkya tradition of gallantry and wisdom, the clansmen reorganized the natives to defend their lands against the ogres. Under their leadership the ogres were driven away and they set about developing the land and founded a kingdom, Dinnyavati, which soon became a thriving center of trade, a rendezvous for seamen, overland caravans and merchants. The dynasty of Sakkya was soon established.

မြတ်စွာဘုရားပွင့်ပြီဆိုတဲ့ သတင်းကောင်း

The Great News: The Advent of the Buddha

   စန္ဒသူရိယမင်းလက်ထက်မှာတော့ သကျသာကီဝင် သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ် ပွင့်တော်မူပြီဆိုတဲ့ သတင်းက ထွက်လာသတဲ့။ (သမိုင်းအရ စန္ဒသူရိယမင်းကြီး အေဒီ ၆၀၀မှာ နတ်ရွာစံခဲ့တဲ့အချက်ကို ဒီနေရာမှာ ခဏမေ့ထားပါ။ )       It was during the reign of a king named Canda Suriya that the news spread of how Prince Siddattha, of the warrior clan Sakkya, became the Enlightened Buddha. (We should forget, for the moment, that historically King Canda Suriya died around 600 A.D.)
   သတင်းတွေက အကြာကြီးနေမှ တစ်ပိုင်းတစ်စစီ ကြားရတာပါ။ တခါတလေ အဆက်အပ်ကမရှိ။ ရှေ့နောက်က မညီ။ လူတွေအတွက်တော့ စိတ်ဝင်တစား ပြောစရာဆိုစရာ ထူးထူးခြားခြား သတင်းတွေပေါ့။ ချောချောလှလှ မင်းသားငယ်ငယ်လေးက နန်းတော်ကြီးနဲ့မိသားစုကို စွန့်ခွါပြီး တောထွက်သွားတဲ့ အကြောင်း၊ ရသေ့ရဟန်းအသွင်နဲ့ နွမ်းနွမ်းပါးပါး အဝတ်တွေဝတ်ပြီး နေ့စဉ် ဆွမ်းခံစားသောက်နေတဲ့အကြောင်း၊ ဇနီးသည် ချောချောလေးနဲ့ သားတစ်ယောက်ကို ထားခဲ့တဲ့ အကြောင်း၊ နောက်တော့ အကျင့်က ပြင်းထန်လွန်းလို့ သေသွားပြီဆိုတဲ့အကြောင်း။ အဲဒီသတင်းကိုတော့ အကြီးအကျယ် ငြင်းကြခုံကြတာပေါ့။ နောက်တော့ ပြန်လည်ရှင်သန်လာပြီး ပုံမှန်ပဲ နေထိုင်တော့တဲ့သတင်းတွေ ထွက်လာပြန်ရော။ ဒီမှာလည်း အငြင်းပွားစရာ ဖြစ်လာပြန်ရော။ ပြင်းပြင်းထန်ထန် အားထုတ်တုန်းကမှမရဘဲနဲ့ အခုလို သက်သောင့်သက်သာ နေနေမှတော့ ဘယ်ကလာ ဉာဏ်အလင်းကြီးကို ရနိုင်ပါ့မလဲပေါ့။       The news, of course, came in fragments, and at long intervals, often disconnected and and incoherent. To many people, it was an interesting conversation piece, something sensational -- a young handsome prince leaving the kingdom and family to take to the woods; his life as an ascetic wearing sack cloth and begging for his daily foods; the beautiful wife and son he left behind; later the report of his death through too arduous striving; this last piece was hotly debated; then the news of his being up and about again leading a normal life; this again was also controversial, for how could this prince attain Supreme Light by "taking things easy" when he could not by arduous striving?
   လူတွေ တခြား ဘာမှ မပြောတော့ပါဘူး။ နောက်ထပ်ဘာတွေများ ဖြစ်ကုန်ပြီလဲဆိုတဲ့ သတင်းကိုပဲ ကုန်သည်လှည်းတွေ သင်္ဘောသားတွေဆီက နားစွင့်နေကြသတဲ့။ သတင်းတစွန်းတစရရင်ကိုပဲ တစ်ဆင့်စကားတစ်ဆင့်နားဖြန့်ပြီး အားတက်သရော ပြောဆိုဆွေးနွေးကြသတဲ့။ သိဒ္ဓတ္ထမင်းသား သဗ္ဗညုတဉာဏ်ရတော်မူပြီး မိဂဒါဝုန်တောမှာ ဓမ္မစကြာတရားဟောတဲ့သတင်းကတော့ ထိပ်ဆုံးကပေါ့။ ဂေါတမမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာ ဘာတွေပါလိမ့်၊ တန်ခိုးထွားလှတဲ့ သာကီဝင်မင်းတွေ ဘုရားရှင်ရဲ့ ခြေတော်အစုံမှာ ဘာကြောင့် ပြားပြားဝပ်ကြပါလိမ့်ဆိုတာ စဉ်းစားမဆုံးဖြစ်ကုန်ကြပြီပေါ့။ မင်းမျိုးမင်းနွယ် လူငယ်လေးတွေကလည်း ကိုယ့်စည်းစိမ်ဥစ္စာတွေကို စွန့်ပြီး ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းနေဖို့ သူ့နောက်ကို ဘာကြောင့်များ လိုက်ကြပါလိမ့်။ ခေတ်ပြိုင်ဆရာ့ဆရာ့ကြီးတွေရဲ့အဆုံးအမတွေကို စိန်ခေါ်နိုင်တဲ့ ဗုဒ္ဓအဆုံးအမဆိုတာ ဘာတွေပါလိမ့်။       People talked of nothing else. They waited for caravans and seamen for the latest development. Each bit of news was passed round and discussed with enthusiasm. The news of Prince Siddattha's attainment of supreme Light and his Sermon at the Deer Park was the climax. People began to wonder what was in the teaching of Siddattha Gotama Buddha, what made kings and powerful clansmen bow down at his feet. What made young men, noble of lineage, leave their life of luxury and pleasure and follow him to lead a life of poverty and austerity? Why was it that the Buddha's teaching withstood the challenge of the senior teachers of the time?

စန္ဒသူရိယမင်းရဲ့ သဒ္ဓါတရား

King Canda Suriya's Enthusiasm

   ဂေါတမဘုရားရှင်ပွင့်တော်မူပြီဆိုတာ ကြားတာနဲ့ စန္ဒသူရိယမင်းကြီးဟာ အလွန့်အလွန် အံ့သြဝမ်းမြောက်မိတာပေါ့။ သာကီဝင်မင်းသား၊ ကပ္ပိလဝတ်၊ မိဂဒါဝုန်တော၊ လုမ္ဗနီဥယျာဉ် စကားသံတွေက နှလုံးသားကို လာထိခတ်နေခဲ့ပြီ။ ဓညဝတီကို မရောက်ခင် ဘိုးဘေးဘီဘင်တွေ လှည့်လည်သွားလာ နယ်သစ်ရှာတဲ့ဇာတ်လမ်းတွေကို အဖေအမေ အဖိုးအဖွားတွေက သူ့ကို ပြောပြထားတော့ ဒီနာမည်တွေ ဒီနေရာတွေကို သူ ကြားဖူးထားတာကိုး။       Ever since the first news of Gotama Buddha came, King Canda Suriya had been filled with an exultant thrill of awe and wonder. The words, Sakkya Prince, Kappilavatthu City, Migadaya Deer Park, Lumbini Woodlands --- all these struck a chord in his heart;  for he had   heard these names and places mentioned by his parents and grand-parents when they told the story of their ancestor's wanderings before they came to Dinnyavati.
   ကိုယ့်အမျိုးအနွယ်ထဲက သဗ္ဗညုတဉာဏ်ရသွားတဲ့အကြောင်း၊ ဘယ်ဆရာ ဘယ်ပညာရှိမှ မကန့်ကွက်နိုင်တဲ့ လူ့လောကမှာ မကြားဖူး မသိဖူးတဲ့ တရားတော်တွေကို ဟောကြားနေပြီဆိုတဲ့အကြောင်း။ မြတ်စွာဘုရားရဲ့သတင်းတွေ ပွားများလာလေ စန္ဒသူရိယမင်းကြီးလည်း ဝမ်းသာကြည်နူးဖြစ်လေပါပဲ။ မြတ်စွာဘုရားရှင်ဟာ မိမိနဲ့ပြည်သူတွေကို တရားဓမ္မဟောပြောအောင် ကြံစည်ရမယ်လို့လဲ စဉ်းစားနေသတဲ့။       To think that his own kinsman had become the All Enlightened One and was now teaching the Dhamma, the Law which had never been known or heard in the memory of man, and which could not be challenged by any sage or teacher! As the news of the Buddha developed, the king became more and more excited. He felt that he must have the Buddha come and teach him and his people the Dhamma.
   ဒါပေမယ့် သူ့အမတ်တွေကိုလည်း မင်းကြီးက ပြောလိုက်ရော အမတ်တွေဟာ ထိတ်လန့်တကြားဖြစ်ကုန်ကြသတဲ့။ နောက်ဆုံးတော့ အားလုံးက အရပ်ရပ်ပြန့်နေတဲ့ ကောလာဟလပဲ မဟုတ်လား။ တနေ့တခြား ဇာတ်လမ်းကတော့ ကားသထက်ကားလာတာပေါ့။ လရောင်နောက်ကို ပြေးလိုက်နေစရာ အကြောင်းမှ မရှိတာ။       However, when the king spoke of his wish to his ministers, they were appalled. After all, the whole thing was a rumor that had been passed round and perhaps, the story had improved with each telling, so there was hardly any point in chasing moonshine.
   သူ့အမတ်တွေ သူ့လို သဒ္ဓါတရားမပွားနိုင်တာတွေ့လိုက်ရတဲ့အခါ ဘုရင်ကြီးလည်း မကျေမနပ် ဖြစ်သွားတာပေါ့။ ဘဝမှာ အခံစားနိုင်ဆုံး စည်းစိမ်ချမ်းသာတွေ အလယ်မှာ စံစားနေရပေမယ့် ဘယ်တုန်းကနဲ့မှ မတူအောင် ဘုရင်ကြီးခမျာ အထီးကျန် ဖြစ်နေသတဲ့။       The king was disappointed when he saw that his ministers could not or would not share his enthusiasm. Rarely had he felt more lonely, though he was in the midst of all the pleasure and luxury that life could give.
   ဘယ်လိုမှ အကြံကောင်းဉာဏ်ကောင်း မပေးနိုင်တော့ အမတ်ကြီးတွေလည်း မျက်နှာကောင်းမရကြဘူးပေါ့။ စကားတစ်ခွန်းမှ မဟဝံ့ကြဘဲ ဘယ်နေ့များ အသက်အန္တရာယ် တွေ့မလဲဆိုပြီး အထိတ်တလန့် နေနေကြရသတဲ့။ တိတ်တိတ်နေတာကလည်း ဘုရင်ကြီးအလိုမကျစရာ ဖြစ်နေပြန်တာကိုး။ မြတ်စွာဘုရားကို ဘယ်လောက်ထိများ ဖူးချင်သလဲ ဆိုတော့ မအိပ်နိုင် မစားနိုင် ဖြစ်လာသတဲ့။ တစ်ချိန်က ပျော်စရာရွှင်စရာ နန်းတော်ကြီးဟာ စိတ်လက်ညစ်ညူးစရာကောင်းလာတာပေါ့။       Ministers fell from favor as they could not come up with any helpful suggestion and they dwelt in fear of their life and limb, not daring to say a word; even their silence became an offence. The king became so obsessed with his desire to see the Buddha that he became a sick man losing appetite and sleep. Things came to such a pass that there was a pall of despair in the once pleasurable royal court.
   တစ်နေ့တော့ ကြာရှည်ကြာများ တိတ်နေတဲ့ အမြတ်နိုးဆုံး မိဘုရား ဥမ္မာဒေဝီကို အကြင်နာမဲ့ရကောင်းလား၊ စိမ်းကားရကောင်းလားဆိုပြီး ဘုရင်ကြီးက အပြစ်တင်သတဲ့။ တကယ်တော့ ဥမ္မာဒေဝီကလည်း ဒီကိစ္စပဲ စဉ်းစားနေတာပါ။ အချိန်ကိုပဲ စောင့်စားနေတာပါ။ အခု ဘုရင်ကြီးက အပြစ်တင်စကားဆိုလာပြီဆိုတော့ အချိန်ကျလာပြီလေ။ ဒါနဲ့ နိုင်ငံတော်အတွင်းက ပညာရှိတွေ ဘာပြောမလဲဆိုတာ ခေါ်ယူ မေးမြန်းသင့်တဲ့အကြောင်း လျှောက်သတဲ့။ တစ်ယောက်ယောက်မှာ အဖြေရှိမယ်ဆိုတာ သေချာပါတယ်။       One day the king spoke to his favorite consort Omma Devi, who had so long remained silent. He reproved her for being callous and indifferent. Omma Devi, in fact, had been contemplating the matter; she was just bidding her time. Now with the king's reproof, she knew the opportune moment had come. She suggested that the king should summon all the sages and wise men of the land and hear what they had to say. Surely someone with come up with a solution.

ပညာရှိအမတ်ရဲ့ အကြံ

The Wise Minister's Advice

   ဘုရင်ကြီးလည်း ချက်ချင်းကိုပဲ နန်းတော်မှာ ပညာရှိတွေ စုဝေးကြဖို့ ဆင့်ခေါ်လိုက်သတဲ့။ စုဝေးကြတဲ့နေ့မှာ ဘိုးတော် ခမည်းတော်လက်ထက်က ခစားခဲ့ပြီး အခုတော့ အနားယူနေပြီဖြစ်တဲ့ သက်ကြီးရွယ်အို အမတ်ကြီးက ထပြီး လျှောက်သတဲ့။       The king immediately proclaimed that all the wise men should assemble at his court. On the day of the assembly, an old minister, who had served the king's father and grandfather and now who had retired from active life, stood up and spoke:
      "အရှင်ဘုရား တပည့်တော်ဟာ အရှင်ဘုရားရဲ့ဘိုးတော်နဲ့ ခမည်းတော်လက်ထက်မှာ အသက်အရွယ်ကြီးရင့်တဲ့အထိ ခစားခဲ့တဲ့ အမတ်ကြီးပါ။ လူနည်းနည်းပါးပါးပဲ သိခွင့်ရနိုင်တဲ့ ပြည်တွင်းရေးတွေက တပုံကြီးပါ။ တပည့်တော်မှာတော့ ပြည့်တွင်းရေး လျှို့ဝှက်ကိစ္စအများအပြားကို သိခွင့်ရခဲ့ပါတယ်။ အဲဒီထဲက တစ်ခုကတော့ အရှင်ဘုရားကို ဖွားမြင်တော့မယ့် ကာလက အကြောင်းတွေပါ အရှင်ဘုရား "       "Your Majesty, I have grown old and infirm in the service of your grandfather and your father, and there were affairs of the state, to which but a few had access, and I had the honor of sharing many of the state secrets, one of which was the advent of your birth."
      "တစ်နေ့တော့ အရှင်ဘုရားက အရှင့်မယ်တော်ရဲ့ဝမ်းကြာတိုက်မှာ သန္ဓေယူတော့မယ့်အချိန်မှာ မိဘုရားကြီးက အိပ်မက်မက်သတဲ့။ နေနဲ့လကို အရှင့်ခမည်းတော်က ကောင်းကင်ဘုံက ဆွတ်ချွေပြီး သူ့လက်ထဲ လာထည့်လို့ နေနဲ့လကို လက်နဲ့ဆုပ်ကိုင်ကြည့်ချင်တဲ့ အရှင့်မယ်တော်ရဲ့ဆန္ဒ ပြည့်ဝသွားသတဲ့။"       "One day, your majesty was barely conceived in the lotus chamber of your mother's womb, when she had a strange dream. She dreamed that her desire to hold the sun and the moon in her hands was fulfilled when your father plucked them out of the heavens and put them in her hands."
      "အိပ်မက်ဖတ်ခိုင်းတဲ့အခါ ပညာနဲ့ပြည့်စုံပြီး တစ်နိုင်ငံလုံးကို အလင်းဆောင်ပေးမယ့်၊ နောက်ပြီး လနဲ့တူတဲ့မေတ္တာနဲ့ ပြည်သူတွေကို ပျော်ရွှင်ငြိမ်းချမ်းအောင် ဆောင်ရွက်တော်မူမယ့် သားရတနာ ရမယ့်အကြောင်း မိဘုရားကြီးကို ကျွန်တော်မျိုး လျှောက်ထားခဲ့ပါတယ်။ အရှင်ဘုရား မဖွားခင်က ကြုံဖူးခဲ့တဲ့ မင်္ဂလာရှိတဲ့ဖြစ်ရပ်တွေပါဘုရား"       "Asked to read the dream, I answered that the queen, your mother, would have a son whose wisdom, like the sun, would illuminate the land and whose loving kindness would, like the moon, give happiness and peace to the people. Such was the auspicious event that heralded your coming."
      "နောက် အချိန်ရောက်လာတဲ့ အခါမှာတော့ ရွှေကြုတ်ထဲက ရတနာလေးအလား အရှင်ဘုရား ဖွားမြောက်တော်မူလာပါတယ်။ အဲဒီအချိန်မှာ ဂြိုဟ်ကြီးတစ်လုံးဟာ အနောက်အရပ်က ပျံလာပြီး နန်းတော်မှန်ကင်းကို ပတ်၊ ပြီးတော့ အနောက်အရပ်ကို ပျံသွားသတဲ့။ အဓိပ္ပါယ်ကတော့ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ဟာ ဒီနိုင်ငံကို ကြွလာပြီး ချီးမြှင့်မယ် ဆိုတဲ့အဓိပ္ပါယ်ပါပဲ"       "Later when the time ripened, you came forth, like a precious jewel out of a golden casket; that moment a huge satellite came flying from the west and encircled the palace spire and flew westward again. It meant that a great teacher, All Enlightened One would grace this land with his visit."
   အမတ်အိုကြီးရဲ့စကားတွေဟာ မအီမသာဖြစ်နေတဲ့ ဘုရင့်နှလုံး အတွက် ဆေးဝါးလိုပါပဲ။ အမတ်ကြီးကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်ပြီး ဘုရားရှင် ကြွလာအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာ မေးတသတဲ့။       The old minister's words were like balm to the king's sad heart. He heaped honors and awards on the minister and asked what he should do so that the Buddha would come.
   အမတ်ကြီးပေးတဲ့အကြံအတိုင်း မင်း မိဘုရားနဲ့တကွ မှူးမတ်တွေဟာ ကိုယ်နှုတ်နှလုံး ဖြူစင်အောင် ထိန်းသိမ်းဖို့ ကတိကဝတ်ပြုကြသတဲ့။ နေ့စဉ် အရုဏ်ကျင်းချိန်ရောက်တိုင်း နန်းရင်ပြင်မှာ စုရုံးကြပြီး ပန်းသစ်သီး ဆီမီးတွေနဲ့ ဘုရားသခင်ကို ပင့်ဖိတ်ကြသတဲ့။ ဝေဒနာဆိုးတွေက ကယ်တင်ဖို့ မိမိတို့ဆီကို ကြွလာချီးမြှင့်ပါမယ့်အကြောင်း ဂါထာတွေ ရွတ်ဆိုကြတာပေါ့။ အမွှေးနံ့သာနဲ့ပြည့်စုံတဲ့ပန်းတွေ၊ ရွှေရွက်တွေ၊ အရောင်စုံရတနာစေ့တွေ ကျဲချပြီး ဘုရားရှင်ကို ကြိုဆိုကြသတဲ့။       Acting on the old minister's advice, the king, his queen and courtiers, took a solemn vow to keep themselves pure in thought, word and deed. Then as each day dawned they assembled in the palace courtyard where offerings of flowers, fruits and candles were arranged, and they recited incantations inviting the Buddha to come and favor them with a visit so that they would be saved from all the evils of suffering. they showered sweet smelling flowers, and gold leaf confetti and grains of multicolored jewels to welcome the Buddha's coming.

ဘုရားရှင်ကြားတော်မူပြီ

The Buddha received the message

   ဒီလိုဆောင်ရွက်နေတာတွေအားလုံးဟာ ဗုဒ္ဓဘုရားရှင်ဉာဏ်ကြေးမုံမှာ သွားထင်တာပေါ့။ ဓညဝတီကို ဒေသစာရီကြွချီရင် မိမိရဲ့သာသနာဆင့်ပွားဖို့ အုတ်မြစ်ချရာရောက်မယ့် အကြောင်း၊ နောင်နှစ်ပေါင်းများစွာ သတ္တဝါစုအတွက် အကျိုးရှိမယ့်အကြောင်း မြတ်စွာဘုရားရှင်ဟာ ကြိုတင်သိမြင်တော်မူတယ်။ ဒါကြောင့် ဘုရားရှင်နဲ့ သာဝကတွေဟာ ဓညဝတီကို ရှေးရှူ ကြွချီကြသတဲ့။ မြတ်စွာဘုရားဟာ တောင်ပေါ်မှာ ရပ်တော်မူတယ်။ ဓညဝတီရှိရာကို လက်ညှိုးညွှန်ပြီး တောင်ရဲ့အရှေ့ဘက်နယ်မြေတွေမှာ ဖြစ်ပေါ်လာမယ့် ကောင်းမြတ်တဲ့အနာဂတ်ကို ဗျာဒိတ်ပေးတော်မူသတဲ့။ သာကီဝင်မင်းဆက်တွေ ဆက်လက်အုပ်ချုပ်တဲ့ ချမ်းသာတဲ့နိုင်ငံတော်ကြီး ပေါ်ပေါက်လာပြီး သာသနာတော် စည်ပင်မယ့် အကြောင်းပါပဲ။      All these acts manifested themselves on the mirror of the Buddha's wisdom. The Enlightened One foresaw how his visit to Dinnyavati would lay a foundation for the propagation of his teaching and how it would benefit multitudes of sentient beings for centuries to come. So the Buddha and his disciples journeyed forth to Dinnyavati. The Buddha stood on the hill, and pointing towards Dinnyavati predicted the great future that awaited the territory around the east of the hill. There would arise a prosperous kingdom ruled by the descendants of the Sakkya clans and there his teaching would flourish.
   ဘုရားရှင် ဗျာဒိတ်ပေးတော်မူနေတဲ့အချိန်မှာ ကောင်းကင်တစ်ခွင်ဟာ ဥက္ကာပျံတွေ ပြည့်နေသတဲ့။ ပင်လယ်ကြီးဟာလဲ လှိုင်းကြီးတွေနဲ့ သဲသဲရုတ်ရုတ် ဖြစ်နေတာပေါ့။ ဓညဝတီ နေပြည်တော်မှာတော့ ဘုရားရှင်ကြွလာနေပြီဆိုတာ ပညာရှိတွေက မင်းကြီးကို လျှောက်ကြသတဲ့။       Even as the Buddha spoke the words of prophecy, the skies abounded with flying stars, and multitudinous seas arose and swelled in colossal waves. In the city of Dinnyavati the wise men told the king that the Buddha was on the way.
   ဒီအကြောင်းတွေ ကြားရတော့ မင်းကြီနဲ့ မှူးမတ်တွေဟာ ဝမ်းသာကြလွန်းလို့ ကြာကြာတောင် စောင့်မနေနိုင်တော့ဘူး တဲ့။ လမ်းမှာပဲ ဘုရားရှင်ကို ခရီဦးကြိုဖို့ ထွက်သွားကြသတဲ့။       So elated by the news were the king and his court that they could no longer stay and wait; they left the city to meet the Buddha on the way.

မင်းကြီးရဲ့ ဦးကြိုခရီး

The King's Welcome Journey

   မင်းကြီးဟာ အားတက်ရွှင်လန်းလွန်းလို့ တောရိုင်းတောင်ကြမ်းခရီးသွားရတာကို ပင်ပန်းမှန်းတောင် မသိဘူး။ နောက်လိုက်ငယ်သားတွေ ချက်ပြုတ်ကျွေးတဲ့ စားချင်ဖွယ်ရာ အစားအစာတွေကို ပွဲတော်မတည်ဘူး။ ထမင်းနဲ့ဆားကိုပဲ သုံးဆောင်ပြီး တင်းတိမ်နေသတဲ့။       The hardships of travelling through the untamed forests and hills, the king hardly felt, so suffused he was with ecstasy. He turned away from appetizing foods his attendants had prepared for him and contented himself with the simple fare of cooked rice and salt.
   မင်းကြီးရဲ့ နောက်လိုက်တွေခမျာ မင်းကြီး အားအင်ဆုတ်ယုတ် ဖျားနာမှာကို စိုးရိမ်တာပေါ့။ ဘုရင်ကြီးမှာတော့ စိတ်ဓာတ်က တက်ကြွ ပျော်ရွှင်နေပါတယ်။ စိတ်ဓာတ်ကျဆင်းကြ မောပန်းကြ ဖျားနာကြတဲ့လူတွေကို အားပေးပြုစုနိုင်လောက်အောင် မင်းကြီးရဲ့ စိတ်ဓာတ်နဲ့ ကျန်းမာရေးက ခိုင်မာနေပါတယ်။ မင်းကြီးရဲ့ အပျော်တွေ ကူးပြီး နောက်လိုက်တွေလည်း ခရီးတလျှောက်လုံး လိုက်နိုင်ကြတာပေါ့။       The king's men feared that their royal master might grow weak and sick; but the king was thriving on his spiritual joy and sense of wonder. He was in good health and full of spirits, ever ready to comfort those who were sick or tired or down-hearted. His infectious cheeriness sustained his men throughout the journey.
   ရက်တွေ အတော်ကြာတော့ ကုန်းမြေမြင့်လေးတစ်ခုကို ရောက်လာတယ်။ သဲမုန်တိုင်းကြီးတိုက်တော့ မင်းကြီးနဲ့နောက်လိုက်တွေ လမ်းပျောက်ကုန်တာပေါ့။ ဘေးမှာက အမှောင်တွေ သမ်းလာတော့ မြတ်စွာဘုရားရဲ့ အဆုံးမဲ့ ကရုဏာကို နှလုံးသွင်းပြီး လမ်းပြဖို့ ဆုတောင်းကြသတဲ့။       Days later they came upon a plateau. There a great dust storm arose and the king and his men lost their bearings. Frightened by the pall of the darkness surrounding them, they set their hearts on the infinite compassion of the Buddha and prayed for guidance.
   အဲဒီအချိန်မှာပဲ ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ရာ ရောင်ခြည်တော်တွေဟာ မင်းကြီးနဲ့ နောက်လိုက်တွေ အပေါ်မှာ ဖြာကျလာတယ်။       That moment the iridescent rays of the Buddha's aura in indescribably beautiful colors fell in cascades over the king and his men.
   အားသစ်ခွန်သစ်တွေဝင်၊ ဝမ်းအသာကြီးသာနေတဲ့ မင်းကြီးနဲ့အဖွဲ့ဟာ လက်ကမ်းကြိုဆိုနေတဲ့ဘုရားရှင်ရှိရာကို မကြာခင်ရောက်လာကြတာပေါ့။ အားလုံးပဲ အလှူပစ္စည်းတွေ ဆက်ကပ်ပြီး ဘုရားရှင့်ခြေတော်ရင်းမှာ ဝပ်စင်းကြသတဲ့။ ဓညဝတီကို အပြန်လမ်းမှာလည်း ဘုရားရှင်နဲ့သာဝကတွေကို မင်းကြီးနဲ့အဖွဲ့ဟာ ကျိုးကျိုးနွံနွံ လုပ်ကျွေးပြုစုကြတယ်။       Refreshed and overjoyed they soon came upon the Buddha who stretched his hand to welcome them; they all prostrated themselves at the Great One's feet, where they heaped the offerings to express their devotion. All the way back to the city of Dinnyavati the king and men served the Buddha and his disciples like retainers.

ဓညဝတီမြို့ရောက် မြတ်စွာဘုရား

The Buddha at Dinnyavati City

   ဓညဝတီပြည်သူတွေဟာ မင်းကြီးနဲ့နောက်လိုက်တွေ ခြံရံပြီး မြို့ထဲကိုဝင်လာတဲ့ မြတ်စွာဘုရားရှင်နဲ့သာဝကတွေကို အင်နဲ့အားနဲ့ ကြိုဆိုကြတယ်။       The people of Dinnyavati city gave a rousing welcome to the Buddha and his disciples who entered the city attended by the king and courtiers. The Buddha and his disciples were housed in the monastery which had been built for the purpose. Their needs and comforts were adequately attended to by the king and his men.
   ဘုရားရှင်က နိုင်ငံတော်ကို အုပ်ချုပ်တဲ့အခါ အခြေခံလိုအပ်ချက်အနေနဲ့ ကရုဏာထား ရက်ရော သည်းခံပြီး စီမံခန့်ခွဲဖို့ ဘုရင်ကြီးကို ဆုံးမသတဲ့။ နောက်ပြီး နောင်ဘဝအဆက်ဆက်မှာရော မျက်မှောက်ဘဝမှာရော ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝရောက်အောင် ဘယ်လိုကျင့်ကြံနေထိုင်သင့်တဲ့အကြောင်း မင်းမှူထမ်းတွေကိုရော အရပ်သူ အရပ်သားတွေကိုရော ဟောပြသတဲ့။ ဒီလိုနဲ့ မင်းကြီး မကြားမသိလိုတဲ့ ဘုရားရှင် ပြန်ကြွဖို့ အချိန်ဟာ နီးလာပါတယ်။ ဘုရားရှင်သာ ပြန်ကြွသွားတော်မူရင် ဘုရင်ကြီး အသက်မှ ဆက်ရှင်ပါဦးမလားဆိုတာ မိဘုရားကြီးနဲ့ မှူးမတ်တွေက တွေးပူကြသတဲ့။       The Buddha taught the king the basics principles of managing the kingdom's affairs with compassion, generosity and tolerance. The officials and commoners alike were given guidance as to how to conduct themselves, so that they could promote happiness and well-beings not only in this life but also in the lives to come. The time drew near for the Buddha to end his visit and this was something the king could not face. He simply would not hear of it. His queens and courtiers feared that the Buddha's departure would be the end of the king himself. Something had to be done and done very quickly.

အားလုံး အဆင်ပြေသွားအောင်

A Compromise

   သွယ်သွယ်ဝိုက်ဝိုက် ပါးပါးနပ်နပ် အရိပ်ပြ အကြံပြုရင်းနဲ့ နောက်ဆုံးတော့ မိဘုရားတွေနဲ့ အမှူးအမတ်တွေဟာ ဘုရားရှင်ပြန်လည် ကြွချီမှာကို မင်းကြီးလက်ခံလာနိုင်ဖို့ အစီအစဉ် တစ်ရပ်ကို အောင်အောင်မြင်မြင် ချနိုင်လိုက်ကြတယ်။ မင်းကြီးဟာ ဘုရားရှင်ရဲ့ သက်ရှိထင်ရှားနေဟန် ရုပ်ပွားတော်နဲ့ ကျေနပ်ရတော့မယ်ပေါ့။ မင်းကြီးက မိမိနဲ့တကွ တခြား ဒါယကာ ဒါယကာမတွေ ကိုးကွယ်ပူဇော်ဖို့ ရုပ်ပွားတော်မြတ်ထားခဲ့ပါမယ့်အကြောင်း ဘုရားရှင်ကို လျှောက်ထား တောင်းပန်သတဲ့။       By using subtle hints and suggestions, the queens and courtiers finally succeeded in making the making come to terms with the inevitable departure of the Buddha, and he decided to be content with a life-like replica of  the Buddha. He begged the Buddha to leave him a likeness so that he and the other devotees could have a replica of the Great One to honor and worship.
   ဒီလို တောင်းပန်လျှောက်ထားစကားကို လိုက်လျောတော်မူရင် အကျိုးအတိုင်းမသိရှိမှာကို ကြိုမြင်မိတဲ့ ဘုရားရှင်ဂာ မင်းကြီးဆန္ဒကို လိုက်လျောမယ့်အကြောင်း သဘောတူလိုက်တယ်။       the Buddha foresaw the infinite good that would result from conceding to such a request, and so he gave his word to comply with the king's wish.
   မင်းကြီးလည်း ဝမ်းသာအားရနဲ့ ရွှေတွေကျောက်မျက်ရတနာတွေကို ဘုရားရှင့်ပုံတော်သွန်းလုပ်ဖို့ရာအတွက် ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ပုံထားသတဲ့။ ဒီအချိန်မှာပဲ သိကြားမင်းဟာ ဘုရားရှင်ရဲ့အမိန့်တော်အရ မြို့အနောက်တောင်ထောင့်က သိရိမကုတတောင်ထိပ်ကို ရတနာတွေ ရွှေ့ပြောင်းပေးတယ်။       The king in his great joy heaped gold and precious stones at the Buddha's feet so that the statue could be cast. It was then that Thagyarmin, king of the celestials, came and at the Buddha's command, transported the treasures to the top of the Siri Makuta Hill on the southwest of the city.

ဆင်တုတော် သွန်းလုပ်ခြင်း

The Casting of the Image

   တောင်ထိပ်ပေါ်မှာတော့ သိကြားမင်းနဲ့နောက်ပါတွေဟာ ဘုရားရှင့်ရုပ်တုတော် ပီပီသသ သွန်းလုပ်ကြသတဲ့။ ရုပ်တုတော်သွန်းလုပ်ပြီးတဲ့အခါမှာတော့ ရတနာတွေ စီခြယ်ထားတဲ့ ပလင်ပေါ်မှာ ထားတယ်။       There on the top of the hill Thagyarmin and his retinue saw to the creation of the image, the likeness of the Buddha, to the utmost perfection. The finished image was then enthroned on a bejeweled seat.
   ဆင်းတုတော်ကို လာကြည့်ကြတဲ့လူတွေဟာ ဘုရားရှင်ကိုယ်တော်တိုင်ကို မြင်နေရတယ်အောက်မေ့ပြီး ရိုရိုသေသေ ဖူးကြတာပေါ့။ ဘုရားရှင်ကြွလာတဲ့အခါမှာတော့ ကောင်းကင်မှာ နေနှစ်စင်းမြင်ရသလို အောက်မေ့ပြီး အံ့သြတုန်လှုပ်ကုန်ကြသတဲ့။       When the people came to look at the image, they bowed down in deep reverence thinking that it was the Buddha in person. When the Buddha himself came in, they were struck with wonder as if they were seeing two suns arise in the heavens.
အဲဒီလို တအံ့တသြ ဖူးမြော်နေတုန်းမှာပဲ ဆင်းတုတော်ဟာ အသက်ဝင်သလို ဖြစ်လာပြီး မူလဘုရားရှင်တော် ကို နှုတ်ခွန်းဆက်လေဟန် မျက်နှာတော် ပြုံးယောင်သန်းလာတယ်။ ပြီးတော့ ဘုရားရှင်က ဆင်းတုတော်ကို ခုနစ်ကြိမ် ဖက်ပ္ဗွေ့တော်မူပြီး အသက်သွင်းပေးတော်မူသတဲ့။ သတ္တဝါအပေါင်း အကျိုးများရာ များကြောင်း မိမိကိုယ်တော်တိုင်နဲ့မိမိရဲ့တရားဓမ္မများ ကိုယ်စားတော်အဖြစ် တည်ဖို့ မိန့်တော်မူသတဲ့။ လူနတ်အပေါင်း ဝမ်းမြောက်မဆုံးကြဘူးပေါ့၊ မြတ်စွာဘုရားနဲ့ တပည့်ရဟန်းတွေ ဓညဝတီက ပြန်ကြွသွားတော်မူတဲ့ အချိန်မှာ မင်းနဲ့ပြည်သူဟာ ဘုရားအဆုံးမှာ ကောင်းကောင်းကြီးတည်နေကြပြီ။ ဘုရားရှင်ရဲ့ဆင်းတုတော်ဟာလဲ သဒ္ဓါတရား ပွားသထက်ပွားစရာ ဖြစ်နေတာပေါ့။ Even as they gazed in awe, the statue seemed to come to life and a smile lighted on the face as if to greet the great original. Then the Buddha embraced the statue seven times, imparting to it the breath of life. The Buddha exhorted the statue to represent him and his teaching so that multitudes of posterity would benefit. And the rejoicing of the men and gods rose to tumultuous heights. When the Buddha and his disciples left the people of Dinnyavati and their king were well established in the teaching of the Buddha, and life-like image was there to reinforce their faith and ardor.

မန္တလေးကို ဆင်တုတော် ပင့်လာပုံ

How the Image was brought to Mandalay

   ဒါက မဟာမုနိဘုရားရှင် ဆင်းတုတော် ဖြစ်လာပုံအကြောင်းပါ။ ဘိုးတော်ဘုရားရဲ့တပ်တပ်သားတွေက ၁၇၈၄ တိုက်ပွဲအပြီးမှာ ရခိုင်ကနေ မန္တလေးကို ဆင်းတုတော်ကြီး သယ်လာပုံက သမိုင်းမှာ အထင်အရှား အမှန်အကန် ရှိပါတယ်။       That was how the Mahamuni Buddha image came into being. How it was brought to Mandalay from Arakan by King Bodawphaya's troops after their campaign in 1784 belongs to history--- authentic and factual.
   ဒါပေမယ့် ငြီးငွေ့စရာ သမိုင်းအချက်အလက်တွေဟာလဲ အတင်းအဖျင်းတွေ ကောလာဟလတွေ ပုံပြင်တွေနဲ့ အသက်ဝင်လာတာပါပဲ။ ဘိုးတော်ဘုရားရဲ့သားတော် နန်းမွေခံ အိမ်ရှေ့မင်းသားဟာ ရခိုင်ကနေ မန္တလေးကို မဟာမုနိရုပ်ပွားတော် သယ်လာတဲ့ ရခိုင်တိုက်ပွဲမှာ ခေါင်းဆောင်ခဲ့တာ။       However, the tedium of historical facts is mercifully enlivened by colorful patches of gossip, rumor and fable. It was the Crown Prince, son and heir of King Bodawphaya, who led the campaign to Arakan and brought back the image to Mandalay.
   စက်မှုလက်မှုအတတ်ဆိုတာကလည်း ရှိလှတာမဟုတ်၊ ထူးထူးခြားခြား ကိရိယာတန်ဆာပလာဆိုတာလည်း ရှိတာမဟုတ်တော့ ရခိုင်ရိုးမကိကျော်ပြီး ဧရာဝတီမြစ်ကို ဆန်တက်ပြီး ဆင်းတုတော်ကြီးကို မန္တလေးအထိ ပင့်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး။ စကားတွေ ချဲ့ကား မွမ်းမံပြီး စိတ်ကူးနဲ့ ဖန်တီးထားတဲ့ဇာတ်လမ်းတွေ ပြန့်သွားဖို့အကြောင်း အများကြီိး ရှိတာပေါ့။       With so little technical know-how and sophisticated tools and equipment, transporting the image across the Arakan Yoma mountain ranges and later up the river Irrawaddy was indeed no small task. There would be plenty of room for sensational events that could be passed around with more embellishments.
   ရခိုင်တွေကလည်း မန္တလေးက ဘုရားရှင်ဆင်းတုတော်ဟာ ဘုရားရှင်ကိုယ်တော်တိုင် ခုနစ်ကြိမ်ပွေ့ဖက် အသက်သွင်းပေးသွားခဲ့တဲ့ ဆင်းတုတော်အစစ် မဟုတ်ပါဘူးလို့ ဆိုကြတာပေါ့။ ဖြစ်ခဲ့တဲ့ဇာတ်လမ်းက ဒီလို။       People of Arakan still insist that the Buddha image at Mandalay is not the genuine one, not the one the Buddha himself had embraced seven times and breathed life into. Their story of what happened is as followed:
   ရခိုင်ကို နိုင်ပြီးတဲ့အခါ အိမ်ရှေ့မင်းက သူ့ဗိုလ်ချုပ်တစ်ယောက်ကို မဟာမုနိဘုရား သွားပင့်ဖို့ လွှတ်လိုက်သတဲ့။ ဗိုလ်ချုပ်ကလည်း ဆင်းတုတော်ရှိရာကို သအးပြီး ပန်းဆီမီး သစ်သီးတွေနဲ့ ပူဇော်၊ အမွှေးနံ့သာတွေ ဖျန်းသတဲ့။ မန္တလေးကို သယ်ယူခွင့်ပြုဖို့လည်း တောင်းပန်သတဲ့။       After the conquest of Arakan the Crown Prince sent one of his generals to go and get the Mahamuni Buddha Image. the general went to the shrine and after offering flowers, candles and fruits and showering confetti to show reverence, requested the image to allow him to carry it to Mandalay.
   အဲဒီအချိန်မှာ ဆင်းတုတော်ကြီးဟာ အသက်ထင်ရှားရှိသလို လှုပ်လာပြီး ချွေးသီးချွေးပေါက်တွေလည်း ယိုစီးကျသတဲ့။ ဗိုလ်ချုပ်ကလည်း ကျလာတဲ့ ချွေးစက်တွေကို ရွှေဖလားနဲ့ ခံပြီး သဲထိတ်ရင်ဖို့ သူ့ဇာတ်လမ်းကို သက်သေထူးတဲ့အနေနဲ့ အိမ်ရှေ့မင်းသားကို ဆက်သတဲ့။       That moment the great image throbbed as if alive and beads of perspiration fell down in rivulets. The general received the drops in a solid gold goblet and presented it to his master the Crown Prince as an exhibit to support his startling story.
   ဘာပဲဖြစ်ဖြစ် အိမ်ရှေ့မင်းသားကတော့ ဆင်းတုတော်ကို အရဆောင်ဖို့ စိတ်ဆုံးဖြတ်ထားပြီးသား။ နောက်ကျတော့ မင်းသားနဲ့သူ့လူတွေဟာ ရခိုင်ရိုးမတောင်တန်းကို ဖြတ်စီးနေတဲ့ စိတ်မချရတဲ့ ချောင်းကမ်းတစ်ခုကို ဆင်းတုတော်ပင့်သွားဖို့ စီစဉ်သတဲ့။ ဒါကြောင့် ဒီအတွက်တမင်လုပ်ထားတဲ့ ဖောင်ပေါ်ကို ပထမ တင်တာပေါ့။ ဒါပေမယ့် ဖောင်က တစ်ပိုင်းတစ်စစီ ကျိုးသွားပြီး ဆင်းတုတော်ကြီးဟာ ရေအောက်အထိ မြုပ်ကျသွားပါရော။       The Crown Prince, however, was determined to get the image. At long last the prince and his men managed to transport the image to the bank of one of those unpredictable, treacherous creeks that meandered through the formidable ranges of Arakan Yoma. the image was then put on the raft which was made for purpose, but it immediately broke to pieces and the image sank down to the bottom.
   လူတွေက ရေထဲဆင်းပြီး အတတ်နိုင်ဆုံး ရှာကြဖွေကြပေမယ့် အလာကားပါပဲ။ ဆင်းတုတော်ကြီး အရည်ပျော် ကွယ်ပျောက်သွားပြီ ထင်ပါရဲ့။ တစ်ခုပဲ လုပ်စရာ ရှိတော့တယ်။ ဆင်းတုတော်ပွားတစ်ဆူ သွန်းလုပ်ပြီး မန္တလေးကို သယ်သွားရုံပေါ့။ ပြီးသွားပါတယ်။       The men dived and searched but all their efforts were in vain. The image might as well have been melted and lost forever. So there was only one thing to do --- to cast a replica of the image and carry it to Mandalay. And it was done.
   ဘာပဲဖြစ်ဖြစ် မြန်မာတွေအဖို့တော့ မန္တလေးမှာရှိနေတဲ့ဆင်းတုတော်ကိုပဲ တစ်ဆူတည်းသော မဟာမုနိဘုရားလို့ နားလည်ကြသိကြပါတယ်။ မန္တလေးကိုသွား၊ မဟာမုနိကို ဖူးရတာဟာ မြန်မာဗုဒ္ဓဘာသာတွေအတွက်တော့ မြတ်စွာဘုရားကိုယ်တော်တိုင်ကို ဖူးရတာပြီးရင် အမွန်မြတ်ဆုံး ကုသိုလ်တစ်ခုပါပဲ။       To the Burmese, however, the image now enshrined at Mandalay is the one and only Mahamuni that they know of. To go to Mandalay and pay respects to the Mahamuni Buddha Image means to the Burmese Buddhists, the next best thing to seeing the Buddha himself in person.