မောင်ပေါက်ကျိုင်း ဦးမောင်မောင်ပြေ ရေးသည် |
Maung Pauk Kyine By Maung Maung Pye Tales of Burma Macmillan and Co., Ltd, 1952
|
ရှေးတုန်းက တကောင်းနားက ရွာတစ်ရွာမှာ အဖိုးအိုဇနီးမောင်နှံနဲ့ မောင်ပေါက်ကျိုင်းလို့ခေါ်တဲ့ သားလေးတစ်ယောက် နေသတဲ့။ သားလေး အရွယ်ရောက်လာတော့ အိန္ဒိယမှာရှိတဲ့ တက္ကသိုလ် ဒိသာပါမောက္ခကြီးဆီကို ပညာသင်ဖို့ ပို့သတဲ့။ မောင်ပေါက်ကျိုင်းက ဉာဏ်ထိုင်းတော့ သင်ယူရတဲ့ပညာရပ်တွေမှာ လုံးဝကို မတော်ဘူးတဲ့။ စာတော်တဲ့ ကျောင်းသား မဟုတ်ပေမယ့် တင်္ခနုပ္ပတ္တိဉာဏ်ကောင်းပြီး သတ္တိဗျတ္တိလည်း ရှိတယ်။ |
In a village near Tagaung, in Upper Burma, there once lived an old couple who had a son called Maung Pauk Kyine. When this lad grew up he was sent to a famous teacher at Taxila, in India, to be educated. Maung Pauk Kyine did not prove to be a very brilliant student for he was not at all good at any of the subjects he was expected to study. But although he was not a clever scholar, he was quick-witted and had a fearless heart. |
သုံးနှစ်ကျောင်းနေပြီးလို့တောင် ဘာမှဟုတ်တိပတ်တိ မတတ်တော့ သူ့ဆရာက သနားပြီး ဒီလို ပြောသတဲ့။ "ငါ့ဆီမှာ မင်းသင်တာ သုံးနှစ်လည်းရှိပြီ။ ဘာမှလဲ မတတ်သေးဘူး။ ပညာတတ်ကြီးဖြစ်မလာနိုင်ပေမယ့် မင်းမှာ သတ္တိဗျတ္တိရှိတာ ငါသိတယ်။ ငါ့ဆီက မင်းမပြန်ခင် မင်းတစ်သက်လုံး မှတ်သားရမယ့်အကြံသုံးခု ပေးမယ်။ အဲဒါက သွားပါများ ခရီးရောက်၊ မေးပါများ စကားရ၊ မအိပ်မနေ အသက်ရှည် ဆိုတာပဲ။ အဲဒါကို စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပါ" တဲ့။ အိမ်မပြန်ခင် သူ့ဆရာကို ကန်တော့ပြီးမှ မောင်ပေါက်ကျိုင်းက အိမ်ပြန်သတဲ့။ ခရီးထွက်လာလို့ တစ်လလောက်ကြာတဲ့အခါ အဖိုးအိုတစ်ယောက်ကို တွေ့တယ်။ ဆရာမှာလိုက်တဲ့စကားကို သတိရပြီး အဖိုးအိုကို ဘယ်မင်းရဲ့ ဘယ်နိုင်ငံကို သူရောက်နေတဲ့အကြောင်း မေးတာပေါ့။ |
After three years of schooling he still did not know very much, so his teacher, taking pity of him, said to him " You have now been with me for over three years and have learnt next to nothing. But though you may never be a scholar, I know that you have this one great gift, you do not know the meaning of fear. So before we part I should like to give you some good advice, which you should try to remember for the rest of your life. It is this: The more you travel, the more quickly you will reach your destination; the more questions you ask, the more you will learn; the less you sleep, the longer you will live. Bear these words always in mind." When Maung Pauk Kyine was ready to go he did obeisance to his teacher and started for home. When he had spent nearly a month on his long journey he met an old man, and remembering the advice of his teacher, he asked the old man which part of the country he was in, and who was its king. |
အဖိုးအိုက တအံ့တသြနဲ့ သူ့ကို ကြည့်ပြီး "အခု မင်းဟာ တကောင်းဆိုတဲ့ နိုင်ငံတော်ကြီးကို ရောက်နေတာပေါ့။ အခုဖြင့် ဘုရင်ရယ်လို့ မရှိသေးပါဘူး။ မင်း ဘုရင် လုပ်ချင်ရင်လည်း ဖြစ်တာပဲ။ ဒါပေမယ့် တစ်ရက်ပဲ စံရမှာ။ နန်းတက်ပြီး နောက်နေ့မနက်ကျ မင်းသေနေမှာ" လို့ ပြောပြသတဲ့။ |
The old man look at him in some surprise and said, "You are now in the famous country of Tagaung, but as for king, we have none at present. If you wish to be a king you are welcome, but you will only be king for one day, for the morning after you accept the throne you will be dead." |
အဲဒီစကား ကြားတော့ မောင်ပေါက်ကျိုင်း အံသြသွားတာပေါ့။ "အဖိုးရယ် အဖိုးစကားက ထူးဆန်းလိုက်တာ။ ဘုရင်ကို သတ်တာ ဘယ်သူလဲ လို့ မေးသတဲ့။ အဖိုးအိုက ဒါတော့ ငါ မပြောတတ်ဘူး။ နောက်နေ့မနက် ဘုရင့်အလောင်းကို တွေ့ရင်တော့ မီးသွေးခဲလို မဲနေတာပဲ" လို့ ဖြေသတဲ့။ နန်းတော်ရှိရာ လမ်းပြပြီး အဖိုးအိုထွက်သွားတော့ မောင်ပေါက်ကျိုင်းမှာ အတွေးတွေနဲ့ ကျန်ခဲ့တာပေါ့။ "အင်း အလောင်းကောင်ကြီးက မည်းကျုတ်သွားတယ်ဆိုရင်တော့ ဧကန္တ အဆိပ်ကြောင့်ပဲ ဖြစ်ရမှာပေါ့။ နန်းတော်ကို သွားပြီး ဘုရင်လုပ်မှပဲ။ သေလို့တော့ ဘယ်ဖြစ်မလဲ။ ဘုရင်တွေကို သတ်သတ်သွားတာ ဘာကောင်လဲ ဆိုတာ ငါဖော်နိုင်ရမှာမယ်"။ အဲဒီလို စဉ်းစားတယ်။ |
Maung Pauk Kyine was astonished at these words, and said: "Kind father, what you say is very extraordinary. Who is it that kills the kings?" "That I cannot tell you," said the old man, "but when the king's dead body was found in the morning, it is as black as charcoal." The old man then showed Maung Pauk Kyine the way to the palace and left him to his thoughts. "The body turns black," mused Maung Pauk Kyine. "Surely poison is the only thing, that could have that effect. I will go to the palace and offer myself as king, but I do not intend to die. I will try to find out who is responsible for the death of so many kings." |
နန်းတော်သွားပြီး ဘုရင်လုပ်မယ့်အကြောင်း ပြောပြတယ်။ မှူးမတ်တွေက ဝမ်းသာအားရ လက်ခံကြတာပေါ့။ နန်းတွင်း အမှုထမ်းတွေက သူ့ကို အမွှေးနံ့သာတွေနဲ့ ရေချိုးပေး၊ နန်းဝတ်နန်းစားတွေ ဆင်ပြီး နန်းတင်သတဲ့။ မှူးမတ်တွေက သစ္စာခံယူပြီးတဲ့နောက် "သူ့ကြည့်ရတာ သတ္တိတော့ရှိပုံရပါရဲ့ကွာ၊ နောက်မနက် သူမရှိတော့မှာကဖြင့် စိတ်မကောင်းစရာပါပဲ" လို့ တစ်ယောက်ကိုတစ်ယောက် ပြောနေကြသတဲ့။ |
So he went to the palace and offered himself as king. The ministers were very pleased and welcomed him. The royal servants bathed him with perfumed water, dress him in royal robes and seated him on the throne. After the ministers had promised him their allegiance, they said one to another, "He certainly seems to be a brave lad. How said it is to be think that by tomorrow he will be no more!" |
ဘာမှန်းမသိတဲ့ ရန်သူကို ဘယ်လိုများ အမိဖမ်းရပါ့မလဲဆိုတာ ပလ္လင်ပေါ်ထိုင်ရင်း မောင်ပေါက်ကျိုင်းလည်း တွေးနေမိတာပေါ့။ ရုတ်တရက်ဆိုသလိုပဲ ဘုရင်တွေ နတ်ရွာစံတာဟာ နဂါးလက်ချက်ပဲ ဖြစ်ရမယ်လို့ စဉ်းစားမိသတဲ့။ ဒါကြောင့် အမတ်တွေကို ခေါ်ပြီး ဓားထက်ထက်တစ်ချောင်းနဲ့ ငှက်ပျောတုံးတစ်တုံး လိုချင်တယ်၊ မှောင်ရီပျိးချိန်ကျရင် တိတ်တိတ်ကလေး စက်ရာခန်းမကို ယူခဲ့ လို့ မိန့်သတဲ့။ မှူးမတ်တွေလည်း "ဘာဖြစ်လို့များ ဒါတွေ လိုချင်ပါလိမ့်၊ နက်ဖြန်ကျ သူရှိတော့မှာမဟုတ်ဘူးဆိုတာ သိမှသိရဲ့လား" လို့ တစ်ယောက်ကိုတစ်ယောက် ပြောနေကြတာပေါ့။ |
Maung Pauk Kyine, seated on the throne, tried to think of some means by which he could trap his unknown enemy. Suddenly it occurred to him that the death of the kings might have been caused by a naga or dragon. He therefore called the ministers and said to them, "O wise and faithful ministers, I want a sharp sword and the stem of a big banana tree. Please bring them to me in my chamber at dusk as secretly as possible." The minister was surprised to hear Maung Pauk Kyine's request, and said to one another " why does he want these things? Does he not realize that there will be no tomorrow for him?" |
မောင်ပေါက်ကျိုင်း စက်ရာခန်းဆောင်ကို ပြန်ကြွသွားသတဲ့။ ညနေဆည်းဆာကျတော့ ဓားတစ်လက်နဲ့ ငှက်ပျောတုံးတစ်တုံး သူ့ဆီ ရောက်လာတယ်။ တစ်ယောက်တည်း ရှိနေတုန်း မောင်ပေါက်ကျိုင်းဟာ ငှက်ပျောတုံးကို ညောင်စောင်းပေါ်မှာတင်၊ သူ့အဝတ်အစားတွေနဲ့ ဖုံးသတဲ့။ တစ်ယောက်ယောက်များ စက်တော်ဆောင်ထဲကို ဝင်လာရင် ညောင်စောင်းပေါ်မှာ သူအိပ်နေတယ်လို့ အထင်ရောက်အောင် ငှက်ပျောတုံးပေါ်မှာ စောင်လည်း ခြုံပေးထားတယ်။ ဆရာကြီးမှာလိုက်တဲ့ "မအိပ်မနေ အသက်ရှည်" ဆိုတဲ့ စကားကို အောက်မေ့မိတော့ လက်ထဲမှာ ဓားကိုကိုင်ရင်း ကန့်လန့်ကာနောက်မှာ ပုန်း စောင့်နေသတဲ့။ နန်းတော်ကြီးက တိတ်ဆိတ်နေတော့ မကြာခင် မောင်ပေါက်ကျိုင်းလည်း ငိုက်စပြုလာတာပေါ့။ အခန်းထဲကို စော်စော်ကားကား ဝင်လာမဲ့ သတ္တဝါကို လွတ်သွားမှာ စိုးတော့ အိပ်ချင်ပြေအောင် တင်းထားရသတဲ့။ အရုဏ်ပျို့တာနဲ့ တချွတ်ချွတ်အသံကို ကြားတော့တာပဲ။ ခုတ်ချဖို့ ဓားကို အဆင်သင့် မြှောက်ထားရင်းက ညောင်စောင်းရှိရာကို သွားနေတဲ့ နဂါးကြီးတစ်ကောင်ကို တွေ့ရသတဲ့။ "ဒီရန်သူပဲကိုး။ တွေ့ကြသေးတာပေါ့" လို့ မောင်ပေါက်ကျိုင်း တွေးလိုက်မိသတဲ့။ ကန့်လန့်ကာကို မကြည့်လိုက်တဲ့အချိန်မှာ ဒေါသရောင်တောက်နေတဲ့ မျက်လုံးကြီးတွေနဲ့ နဂါးဟာ ညောင်စောင်းပေါ်ကို ဘုရင်ကြီးအိပ်နေတာပဲ အထင်နဲ့ ပေါက်ချလိုက်ပါရော။ သူ့အစွယ်တွေက ငှက်ပျောတုံးမှာ စိုက်နေတော့တာပေါ့။ နဂါးကြီး ငှက်ပျောတုံးက လွတ်ထွက်အောင်ရုန်းနေတုန်းမှာပဲ မောင်ပေါက်ကျိင်း နောက်က ထွက်လာပြီး သုံးပိုင်း ပိုင်းချလိုက်ရောတဲ့။ |
Maung Pauk Kyine retired to his chamber, and at dusk the sword and banana stem were brought to him. When he was left alone he placed the banana steam on his couch and covered it with his clothes. Over them he placed a blanket so that anyone entering the chamber would think that it was he who was lying asleep on the couch. He then remembered the words of his old teacher: "The less you sleep, the longer you will live," so he hid himself behind a curtain and waited, sword in hand. In the palace all was silent, and soon Maung Pauk Kyine began to feel very drowsy but with a great effort he shook off the sleepy feeling and kept him in readiness for any one who might dare to visit his chamber. As the first streak of dawn became visible in the sky, he heard a rustling sound, and lifting his sword in readiness to strike, he saw a huge naga gliding towards his couch. "So it is the enemy," thought Maung Pauk Kyine: "I will make an end of him." He raise the curtain, and that moment the naga, with eyes flaming with rage, made one spring on to the couch and buried his fangs into the stem of the banana tree, thinking it was the body of the last king. But his fangs became stuck in the banana stem, and whilst he was struggling to get free, Maung Pauk Kyine crept up behind him and cut him into three pieces. |
ညောင်စောင်းပေါ်မှာ စန့်စန့်လေးရှိနေမယ့် မောင်ပေါက်ကျိုင်းရဲ့အလောင်းကို တွေ့ရမယ်အထင်နဲ့ မနက်ရောက်တဲ့အခါ မှူးမတ်တွေ စက်ရာခန်းမကို အပြေးအလွှား သွားကြသတဲ့။ မောင်ပေါက်ကျိုင်း ကျန်းကျန်းမာမာ အရှင်လတ်လတ် တွေ့ရတော့ ဘယ်လောက်တအံ့တသြဖြစ်သွားမလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။ မောင်ပေါက်ကျိုင်းရဲ့ သတ္တိကို ချီးကျူးပြီး ဘုန်းတန်းခိုးနဲ့ ပြည့်စုံတဲ့ မင်းတစ်ပါးဖြစ်လာမယ်လို့လည်း ပြောကြဆိုကြသတဲ့။ |
When morning came, the ministers hurried to the chamber expecting to find the dead body of Maung Pauk Kyine stretch out on the couch, but imagine their surprise when they found him alive and well. They praised his bravery and said he would become a mighty king. |
မိဘုရား အိပ်ရာက နိုးတာနဲ့ မောင်ပေါက်ကျိုင်းက နဂါးအသေကောင်သုံးပိုင်းကို အိတ်ထဲထည့်ပြီး မိဘုရားဆီ ပို့လိုက်တယ်။ နဂါးအပိုင်းအစတွေကိုလည်း တွေ့ရရော မိဘုရားဟာ စိတ်ဆိုးမာန်ဆိုးနဲ့ လက်စားချေမယ်လို့ ကြိမ်းဝါးသတဲ့။ နဂါးက သူ့တိတ်တိတ်ပုန်း ချစ်သူ၊ ဒါကြောင့် တက်လာတဲ့ ဘုရင်တွေကို မနာလိုစိတ်နဲ့ ညညမှာ နဂါးက သတ်သတ်ပစ်ခဲ့တာကိုး။ မောင်ပေါက်ကျိုင်းက မိဘုရားရဲ့ အဆောင်တော်ကို သွားပြီး ငါခုတ်သတ်ထားတဲ့ နဂါးအသေကို ကြည့်စမ်းပါဦး။ သင်းကြောင့် လူတွေ အများကြီး ဆုံးပါးခဲ့ရပြီ။ အခုတော့ သင်းကိုယ်တိုင် ကြွပြီ လို့ ပြောသတဲ့။ |
As soon as the queen awoke from her sleep, Maung Pauk Kyine put the three pieces of the dead naga into a bag and sent it to her. No sooner did the queen see the remain of the dead naga than she became very angry and cry out for vengeance, for the naga had been her secret lover and it was out of jealousy that he had killed all the kings. Maung Pauk Kyine went to the queen's chamber and smilingly said to her, "Behold the dead naga whom I have slain. He had caused many to perish; now he himself is dead." |
မိဘုရားက မိန်းမပါး ပဲ။ ဒေါသထွက်နေပေမယ့် လက်စားချေချင်စိတ်နဲ့ သူ့အမုန်းကို ဖုံးဖိထားသတဲ့။ အရှင်ဘုရား။ ဒီမနက် အရှင်မင်းကြီး အသက်မသေ တွေ့ရလို့ရော၊ အရှင့်လက်မှာ အဲဒီနဂါး အသက်ပျောက်တာ တွေ့ရလို့ရော ဝမ်းသာလို့မဆုံးပါဘူး။ လူတွေထင်သလို အရှင်ဘုရား တကယ်ပညာရှိမရှိကဖြင့် စဉ်းစားစရာပါ။ အရှင်ဘုရား ဉာဏ်ရည်ကို စမ်းရအောင် စကားထာဝှက်မယ်။ အရှင်မင်းကြီး သုံးရက်အတွင်း မဖြေနိုင်ရင်တော့ အရှင်မင်းကြီးအတွက် သေဒဏ်။ ဖြေနိုင်ရက်တော့ ကျွန်မကို ခေါင်းဖြတ် လို့ စိန်ခေါ်လိုက်တယ်လေ။ မင်းကြီးကလည်း စိန်ခေါ်တာကို လက်ခံလိုက်တာပေါ့။ ဒီတော့ မိဘုရားက စကားထားဝှက်တယ်။ သူ့စကားထာက ထောင်ပေးလို့ ဆုတ်၊ ရာပေးလို့ ချုပ်၊ ချစ်တဲ့သူအရိုး ဆံထိုး လုပ် တဲ့။ |
The queen was a very clever woman, and although she was full of rage she hid her bitter hatred and her desire for vengeance. She said : "My lord, I am over-joyed to see that you are alive this morning and to learn that naga has met his death at your hands. I am wondering whether you are really as wise as every seems to think. Here is a riddle to test your wisdom. If you cannot find the answer to it within three days, you must be put to death; but if you do find the answer, then you may have me beheaded." The king accepted her challenge, and she then put to him the following riddle: "For a thousand they skinned, for a hundred they sewed, and turned the loved one's bone into hair pins." |
မောင်ပေါက်ကျိုင်းက မိဘုရားအဆောင်ကနေ သူ့အဆောင်သူ ပြန်လာတယ်။ ထိုင်ပြီး စကားထာရဲ့အဖြေကို ခေါင်းကုတ် စဉ်းစားတယ်။ တစ်နေ့သာ ကုန်သွားရော အဖြေက ပေါ်မလာဘူး။ |
Maung Pauk Kyine left the queen's chamber and went to his own room, where he sat and racked his brains for the answer to the riddle. A whole day went by, but he could not solve it. |
အဲဒီအချိန်မှာပဲ တကောင်းမှာ သူတို့သား မင်းဖြစ်ပြီဆိုတာ ကြားရတော့ မောင်ပေါက်ကျိုင်းရဲ့မိဘတွေက တကောင်းကို ခရီးထွက်လာကြသတဲ့။ လမ်းမှာ နေ့လယ်စာစားဖို့ တစ်နေရာမှာ နားကြတာပေါ့။ စားပြီးတော့ စားကြွင်းစားကျန်တွေကို အစာတောင်းနေတဲ့ ကျီးတွေကို ကျွေးသတဲ့။ ခရီးဆက်ဖို့ အထုပ်အပိုးလေးတွေလည်း ပြင်ရော ကျီးနှစ်ကောင် ပြောနေဆိုနေသံ ကြားရသတဲ့။ ဟုတ်ပြီ ဒီနေ့တော့ အဖိုးအိုမောင်နှံ ကျေးဇူးကြောင့် အစာ ဝပြီ။ နက်ဖြန် မငတ်အောင် ဘာလုပ်ကြမတုန်း လို့ ကျီးတစ်ကောင်က ပြောတယ်။ နောက်တစ်ကောင်က ဘာဖြစ်လို့ ပူနေရာမှာလဲ။ နက်ဖြန်ကျရင် ပွဲတော်တွေ့ဦးမယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင်မကြီးမေးတဲ့ စကားထာကို မဖြေနိုင်လို့ တကောင်းဘုရင် မောင်ပေါက်ကျိုင်း အသတ်ခံရတော့မယ်လေ လို့ တခြားကျီးက ပြန်ဖြေတယ်။ |
Now it so happened that the parents of Maung Pauk Kyine, hearing that their son had became king of Tagaung, decided to visit him. On their way to the capital they stopped to eat their mid-day meal. When it was over they threw what was left to the crows that were cawing about them. As they were packing up their few belongings to resume their journey, they suddenly heard two of the crows talking. One of the crows said; "Well, we have had our fill today, thanks to this old couple, but what are we to do tomorrow we shall starve." "Why worry?" said the other crow. "Tomorrow we shall have a great feast, because Maung Pauk Kyine, the king of Tagaung, will be slain, as he cannot solve the riddle which has been put him by the queen." |
စကားထာက ဘာလဲလို့ တစ်ကောင်က မေးတယ်။ စကားထာကို ပြောပြပြီး လွယ်လွယ်လေးပါ။ မောင်ပေါက်ကျိုင်းက နဂါးကို သတ်တယ်။ မိဘုရားက ငွေတစ်ထောင်ပေးပြီး နဂါးအရေကို ဆုတ်ခိုင်းတယ်။ တစ်ရာပေးပြီး ခေါင်းအုံးစွပ် ချုပ်ခိုင်းတယ်။ ပြီးတော့ နဂါးအရိုးတွေကို ဆံထိုးလုပ်တယ်လေ လို့ ဆက်ပြောသတဲ့။ |
"Pray what is the riddle?" asked the first crow. The other crow repeated the riddle and added, "It is very simple. It means that after Maung Pauk Kyine killed the naga, the queen paid one thousand rupees to have the naga skinned, then she paid one hundred rupees to have the skin sewn into a pillow-case on which to rest her head, and then she had the naga's bones made into hair-pins." |
ဒါကို ကြားတဲ့အခါ အဖိုးအိုမောင်နှံဟာ သားအတွက် စိတ်ပူတာပေါ့။ ဒါကြောင့် နန်းတော်ကို အမြန်ဆုံး သွားတော့တာပေါ့။ သားက နန်းတော်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စကားထာ အဖြေကို တွေးနေတာ တွေ့ရသတဲ့။ မိဘနှစ်ပါးကို ဝမ်းသာအားရ ခရီးဦးကြိုပြီး စားစရာသောက်စရာတွေ ကျွေးမွေးသတဲ့။ စားသောက်ပြီးမှ သူတို့ ကျီးတွေဆီက ကြားထားတဲ့ စကားထာအဖြေကို အဖိုးအိုမောင်နှံက ပြောပြသတဲ့။ |
When the old couple heard this, they were filled anxiety for the safety of their son. So they went to the palace as quickly as they could, and found their son pacing up and down absorbed in thought about the answer to the riddle. He gave his parents a joyful welcome, and after they had been given something to eat and drink they told him the answer to the riddle as they had heard it from the crows. |
မနက်ကျတော့ မိဘုရားက စကားထာအဖြေတောင်းဖို့ လာပါလေရော။ ဘုရင်က မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေချလိုက်တော့ အံ့သြတာပေါ့။ လက်စားချေလို့မရမှန်းသိတဲ့ အခါ မိဘုရားက အရှင်မင်းကြီး စကားထာကို ဖြေနိုင်ပါတယ်။ ကျွန်မခေါင်းကို ဖြတ်ပါတော့ လို့ လျှောက်သတဲ့။ ဒါပေမယ့် မောင်ပေါက်ကျိုင်းက စိတ်သဘောထား ပျော့ပျောင်းတော့ မိဘုရားကို အသက်ချမ်းသာပေးလိုက်သတဲ့။ |
The next morning the queen came to demand the answer to the riddle, and much to her surprise the king gave it promptly and correctly. Seeing that she had failed in her scheme for vengeance, she said, "My lord, you have solved the riddle and now you may behead me." But Maung Pauk Kyine was kind-hearted and had a feeling of pity for the queen, so he spared her life. |
မောင်ပေါက်ကျိုင်းဟာ တကောင်းနိုင်ငံတော်ကို အကြာကြီး လိမ်လိမ်မာမာ အုပ်ချုပ်သတဲ့။ တက္ကသိုလ်ကအပြန်မှာ ကြင်ကြင်နာနာ အကြံပေးလိုက်တဲ့ သူ့ဆရာဟောင်းကို ဘယ်တော့မှ မမေ့ဘူးတဲ့။ မောင်ပေါက်ကျိုင်းရဲ့ဂုဏ်သတင်း ပျံ့နှံ့ပြီး သူ့နိုင်ငံတော်ကြီး တိုးတက်သတဲ့။ |
Maung Pauk Kyine ruled long and wisely over the country of Tagaung. He never forgot the kindly advice given to him by his old teacher when he was leaving Taxila, and the fame of Maung Pauk Kyine spread over many lands, and his country prospered. |