သူခိုး ငတက်ပြား ဦးမောင်မောင်ပြေ ရေးသည် |
Nga Tat Pya, the Daring Robber By Maung Maung Pye Tales of Burma Macmillan and Co., Ltd, 1952
|
တစ်ခါတုန်းက သိပ်ရဲတဲ့သူခိုးကြီး ငတက်ပြားဆိုတာ အထက်မြန်မာပြည် စစ်ကိုင်းမှာ နေတယ်။ ညတိုင်း ဧရာဝတီမြစ်ကြီးကို သူ့လှေကလေးနဲ့ဖြတ်ပြီး အင်းဝမြို့တော်ကို ကူးတတ်သတဲ့။ ရောက်တဲ့အခါ မှူးမတ် သူဌေးသူကြွယ်တွေအိမ်တွေထဲမှာ ဘယ်အိမ်ကိုများ ခိုးရကောင်းမလဲဆိုတာ တိတ်တဆိတ် ထောက်လှမ်းသတဲ့။ ပြီးတော့ ရတနာတွေ ရနိုင်သမျှ ပစ္စည်းတွေကို ခိုးသတဲ့။ |
A daring robber, whose name was Nga Tat Pya, once lived near Sagaing in Upper Burma. Every night he used to cross the river Irrawaddy in his little boat and make his way to the city of Ava. Arriving there, he would stealthily survey the houses of ministers and rich men, and where he found that it was possible to break in he did so, and stole any jewels and other possessions on which he could lay his hands. |
ငတက်ပြားက အဲဒီလို လူဆိုးသူဆိုးကြီးဖြစ်ပေမယ့် ဆင်းရဲသားတွေကိုတော့ ဒုက္ခမပေးတဲ့အပြင် ကူတောင်ကူသေးတယ်။ သူ အခိုးခံရတဲ့သူတွေကတော့ ညစဉ်လိုလို ပစ္စည်းတွေ ဆုံးပါးနေလို့ ငတက်ပြားကို ဖမ်းဖို့ ကြံစည်နေတာပေါ့။ ဒါပေမယ့် ငတက်ပြားက သူတို့ထက် လည်နေတယ်။ ပြဿနာက ဆိုးသထက် ဆိုးဝါးလာတဲ့အခါ ဘုရင့်ဆီသွားပြီး သူခိုးကို ဖမ်းပေးဖို့ လျှောက်ကြသတဲ့။ ဘုရင်ကလည်း ဖမ်းပေးပါ့မယ် ပေါ့။ အခိုးခံရတဲ့လူတွေလည်း ညကျရင်စောင့်ကြည့်မယ်ဆိုတဲ့စိတ်ကူးနဲ့ နန်းတော်ကနေ အိမ်ကို ပြန်သွားကြသတဲ့။ |
Now although Nga Tat Pya was such a wicked man, he never harmed the poor, but even helped them. His victims were greatly enraged at the almost nightly loss of their property and they did their best to capture him, but Nga Tat Pya was far too cunning for them. The matter became so serious that they went to the king and asked him to capture the robber. The king promised to do so, and the crowd of people who had been robbed left the palace and returned to their homes to await the night. |
ညနေကျ ဘုရင်ဟာ ငတက်ပြား အင်းဝကို လာမလာ မြစ်ကမ်းပါးမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ရုပ်ဖျက်ပြီး စောင့်နေတာပေါ့။ သန်ကောင်ကျော်တော့ ငတက်ပြား မြစ်ကမ်းနား ကပ်လာတယ်။ အခါတိုင်းက လူမရှိသူမရှိတဲ့ ကမ်းထိပ်မှာ လူတစ်ယောက်ရပ်နေတာတွေ့တော့ ငတက်ပြား အံ့သြသွားတယ်။ လှေပေါ်ကနေ ဘယ်သူလဲ ဟေ့ လို့ လှမ်းမေးတယ်။ ရုပ်ဖျက်ထားတဲ့ ဘုရင်ကလည်း ကျွန်တော်ပါ။ ဆရာ့ကို စောင့်နေတာ လို့ ပြန်ပြောသတဲ့။ |
In the evening the king disguised himself and walked up and down the river bank to see if Nga Tat Pya would come to Ava. It was after midnight when Nga Tat Pya approached the river bank, and instead of finding it desearted as usual, he was surprised to see a man standing at the top of the bank. "who's there?" he called from his boat, and the disguised king answered, "It is I; I am waiting for my master." |
သူခိုးကြီးကလည်း ခပ်မြောက်မြောက်ဖြစ်သွားပြီး အေးလေ ငါ့လူ မင်းငါနဲ့လိုက်ခဲ့ပေါ့ လို့ ပြောလိုက်သတဲ့။ |
"Very well, my man," said the robber, who felt flattered at this, " You can come with me." |
ပြီးတော့ နှစ်ယောက်သား မြစ်ဘေးက အိမ်ပျက်ကြီးတစ်လုံးထဲကို တိတ်တိတ်ကလေး ဝင်သွားကြရော။ ငတက်ပြား အရက်ပြင်းပြင်းကြိုက်တယ်ဆိုတာ ဘုရင်က ကြားပြီးသားမို့ အိမ်ထဲမှာ အရက်တွေ ကြိုကြိုတင်တင် ပြင်ဆင်ထားတာပေါ့။ အထဲရောက်တာနဲ့ ဘုရင်က တက်ပြားကို အရက်တိုက်သတဲ့။ သူခိုးကြီးကလည်း ကောင်းလိုက်တဲ့အရသာ လို့ ပြောသတဲ့။ ကြိုက်လွန်းလို့ တစ်ခွက်ပြီးတစ်ခွက် ထပ်တောင်းသတဲ့။ ဘုရင်ကလည်း သောက်ချင်သမျှ တိုက်သတဲ့။ နောက်ဆုံး ငတက်ပြားဟာ သူ့ကိုယ်သူတောင် မကာကွယ်နိုင်လောက်အောင် အမူးလွန်သွားပါရော။ ဘုရင်ကြီးက သူ့ကို ကြိုးတွေနဲ့ တုပ်၊ သူခိုးသယ်လာတဲ့ ရတနာအိတ်ကြီးကို ယူပြီး နန်းတော်ကို ပြန်သွားသတဲ့။ |
Then the two stealthily entered a ruined house by the side of the river. The king had heard that Nga Tet Pya was very fond of strong drink, so he had previously left a supply in the ruined house. When they got inside, the king offered Nga Tet Pya a drink of wine, which the robber said tasted very good. He liked it so much that he asked for more, and of course the king gave him as much as he wanted until Nga Tat Pya was too intoxicated to defend himself. The king quickly bound him with ropes and took from him a large bag of jewels which he had been carrying, and then went back to his palace. |
မနက်ညီလာခံမှာ မှူးမတ်တွေနဲ့တွေ့တဲ့အခါ သူခိုးကြီးအိတ်ထဲကလက်စွပ်တွေကို ဘုရင်ကြီးက ဝတ်ထားသတဲ့။ လက်စွပ်တွေကို မြင်တော့ အဲဒါ သူတို့လက်စွပ်ပဲဆိုတာ မှူးမတ်တွေ မှတ်မိတာပေါ့။ ဘုရင့်လက်မှာဝတ်ထားတော့ ဘယ်လိုမှ မလျှောက်ရဲကြဘူး။ |
In the morning the king was to give an audience to his ministers, so he put on some of the rings which he had found in the robber's bag. When the ministers saw the rings they recognised them as their own property, but as they were on the king's fingers they dared not say anything. |
ဒါနဲ့ ဘုရင်ကြီးက ကဲ ဒီလက်စွပ်တွေ ကြည့်စမ်းပါဦး။ မင်းတို့လက်စွပ်တွေ မဟုတ်လား လို့ ဘုရင်ကြီးက မေးတယ်။ |
"Well, ministers, look at these rings. Are they not yours?" said the king. |
တပည့်တော်လက်စွပ်တွေနဲ့ တော်တော့်ကို တူတာပဲ အရှင်ဘုရား လို့ မှူးမတ်တွေက ဖြေတယ်။ |
"They bear a very remarkable resemblance to our rings, Your Gracious Majesty," answered the ministers. |
မင်းတို့ပစ္စည်းမှ မင်းတို့ပစ္စည်းပေါ့။ ငတက်ပြား ခိုးသွားတာလေ။ ညက သူ့ကို ငါဖမ်းထားပြီးပြီ။ ကမ်းနားက အိမ်တစ်လုံးထဲမှာ ကြိုးတုပ်လျက်ရှိလေရဲ့။ သွား ခေါ်ခဲ့ပါကွယ် လို့ ဘုရင်က ပြောတယ်။ |
"They are, indeed, your property," said the king. "They were stolen from you by Nga Tat Pya. I caught him last night and he is now lying bound in a celler on the river bank. Go and fetch him." |
ငတက်ပြား ဘုရင့်ရှေ့ရောက်လာတဲ့အခါ ညက သူတွေ့ခဲ့တဲ့လူဟာ ဘုရင်ကြီးကိုယ်တိုင်ဖြစ်တဲ့အကြောင်း ရှင်းပြတယ်။ ပြီးတော့မှ ဘယ်လို အပြစ်ဒဏ်မျိုး လိုချင်သလဲ လို့ ဘုရင်ကမေးတယ်။ |
When Nga Tat Pya was brought before the king he was told that the man whom he had met the night before was none other than the king himself. "What form of punishment do you choose?" asked the king. |
ဘယ်လိုလက်နက်နဲ့သတ်သတ်၊ ဘယ်လိုနည်းနဲ့ အဆုံးစီရင်စီရင် တပည့်တော်အတွက်တော့ မထူးပါဘူး။ အတူတူပါပဲ။ ဒါပေမယ့် တပည့်တော်ရဲ့ ဆန္ဒကို လျှောက်ထားရမယ် ဆိုရင်ဖြင့် အရှင်မင်းကြီးရဲ့ မိဘုရားတစ်ပါးပါးနဲ့ လက်ဆက်ချင်တာပါပဲ ဘုရား လို့ သူခိုးကြီးက ရဲရဲဝံ့ဝံ့ လျှောက်သတဲ့။ |
"Any weapon and any form of execution would suit me equally well. It is all the same to me," replied the robber haughtily. "But if I am allowed to express a wish, then I make bold to say that I would like to marry one of your beautiful ladies." |
အဲဒီလို ရဲရဲဝံ့ဝံ့ လျှောက်လိုက်တော့ ဘုရင်ကြီးလည်း အံ့သြသွားတာပေါ့။ အင်း တကယ့်ကို မထေမဲ့မြင်လုပ်တဲ့ အကောင်ပဲ။ ဒါပေမယ့် ဘုရင်တစ်ပါးကို ဒီလို လျှောက်ဝံ့တယ်ဆိုတာက နည်းနည်းနောနော သတ္တိမှ မဟုတ်ပဲ။ စိတ်ဓာတ်က ရဲရင့်ခိုင်မာမှ ဖြစ်နိုင်တာကလား။ သူ့ကို အသက်ချမ်းသာပေးပြီး ငါ့ဆီမှာ အမှုထမ်းခိုင်းမှပဲ လို့ ဘုရင်က စဉ်းစားသတဲ့။ |
The king was taken aback at such bold reply. He thought to himself, "This is certainly an impudent knave. But it takes a very brave and stout heart to insult a king in this way. I think I will spare him and take him into my own service." So Nga Tat Pya was pardoned and he served the king faithfully. |
တစ်နေ့တော့ တောင်တွင်းမင်းသားက ထကြွသောင်းကျန်းလို့ အင်းဝဘုရင်ကြီးဟာ စစ်တပ်ကြီးတစ်တပ်ကို ဦးဆောင်ပြီး ချီတက်နှိပ်နင်းရပါရော။ တောင်တွင်းကြီး မရောက်ခင် တစ်နေရာမှာ အကာအကွယ်တွေ လုပ်ထားတာက ခိုင်မာလွန်းလို့ သူပုန်တွေကို လက်နက်အင်အားနဲ့ နှိပ်နင်းလို့ မရနိုင်ဘူးဆိုတာ ဘုရင်ကြီး တွက်မိသတဲ့။ ဒါနဲ့ ပရိယာယ် ဆင်ရတာပေါ့။ သူပုန်စစ်ဗိုလ်ချုပ်ကို သတ်ဖို့ ငတက်ပြားကို တိတ်တဆိတ် မြို့ထဲဝင်ခိုင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ငတက်ပြားလည်း သူပုန်ဗိုလ်ချုပ်ကို ရှာပြီး သတ်လိုက်သတဲ့။ စစ်ဗိုလ်ချုပ်သေသွားပြီဆိုတာ ကြားရတာနဲ့ သူပုန်မင်းသားလည်း မျှော်လင့်ချက်မရှိတော့တာ သဘောပေါက်ပြီး စစ်ပြေငြိမ်းတဲ့အနေနဲ့ အင်းဝဘုရင်ကြီးဆီကို အဖူးအမြော်ရောက်လာသတဲ့။ ဒီလိုနဲ့ တောင်တွင်းကြီးပုန်ကန်မှု အဆုံးသတ်ပြီး ဘုရင်ကြီးဟာ အောင်အောင်မြင်မြင် အင်းဝကို ပြန်ကြွသွားတာပေါ့။ |
One day the Prince of Taungdwingyi rose in rebellion and forced the King of Ava to march against him with a large army. When they arrived before Taungdwingyi they found the place so strongly defended that the king quickly saw that it would be difficult to subdue the rising gy force of arms, so he hit upon a cunning plan. He decided to send Nga Tat Pya secretly into the city to kill the general in command of the rebels. Nga Tat Pya soon found the general and slew him. When the rebel prince learnt that the general was dead, he knew that all was lost, so he sued for peace and paid homage to the King of Ava. Thus ended the rebellion of Taungdwingyi, and the king returned to Ava in triumph. |
အရှင်သခင်ကလည်း ငတက်ပြားကို မြတ်နိုးတော်မူတယ်။ အမျိုးမျိုး ချီးမြှင့်တယ်။ ငတက်ပြားကလည်း ဘုရင်ကို သစ္စာရှိရှိ အမှုထမ်းတယ်။ မရှိခဏ ဘုရားကို တည်တယ်။ မရှိခဏဘုရားဆိုတာက ဘုရားတည်နေတုန်းမှာ ခဏခဏ ငွေပြတ်ပြတ်သွားလို့ပါ။ ဒါပေမယ့် သူ့အလုပ်ဟောင်းလေး ပြန်လုပ်လိုက်တာနဲ့ ပိုက်ဆံက ထပ်ရပြန်ရော။ ညပိုင်းဆို အပြင်ထွက်၊ ခိုးရာပါပစ္စည်းအသစ်စက်စက်တွေနဲ့ ပြန်လာပြီး ဘုရားတည်ပြန်ရော။ ဒါကြောင့် ခိုးရာပါပစ္စည်းတွေနဲ့တည်ထားတဲ့ ဘုရားတစ်ဆူကို အခုထိ စစ်ကိုင်းမှာ ဖူးနိုင်ပါသေးတယ်။ |
Nga Tat Pya was shown many signs of his royal master's favor. Honors were showered upon him. He served the king loyally and built a pagoda called Mashi Khana, meaning "Hard up just now," because while he was building it he often ran short of funds. But he soon managed to find more mony by going back to his old profession. He went out at night, returned with fresh booty, and resumed the construction of the pagoda. So a pagoda which was built with the proceeds of theft can still be seen near Sagaing. |