ရှင်မွေးလွန်း မင်းနန္ဒာ

ဦးမောင်မောင်ပြေ ရေးသည်

Shin-Mway-Loon and Min-Nanda

By

Maung Maung Pye

Tales of Burma

Macmillan and Co., Ltd, 1952

 

မြန်မာ့ရိုးရာပုံပြင်တွေမှာ သနားစရာအကောင်းဆုံး ပုံပြင်တစ်ပုဒ်ကတော့ ရှင်မွေးလွန်း မင်းနန္ဒာ အကြောင်းပါပဲ။

One of the most pathetic stories in Burmese folk-lore is that of Min-Nanda and Shin-Mway-Loon.

သံလျင်မင်းကြီးဟာ သောကဗျာပါရ နှိပ်စက်လွန်းလို့ နန်းတော်ထဲမှာ အိပ်မပျော်နိုင်အောင် ဖြစ်နေရှာတယ်။ ရွှေသလွန်ပေါ်မှာ ဗယ်ပြောင်းညာလှိမ့်နဲ့ စိတ်မတည်မငြိမ် ဖြစ်နေတော့တယ်။ တစ်ညလုံး ပဟိုရ်သံနဲ့အမျှ အချိန်တွေ ပြောင်းနေပေမယ့် မင်းကြီး မြတ်နိုးလှတဲ့ မိဘုရားရဲ့ သတင်းကိုဖြင့် တစ်စွန်းတစ်စမျှ မကြားရသေးဘူး။

The king of Syriam lay sleepless in his palace, tormented by anxiety. He turned restlessly to and fro on his golden couch. All through the night the time-drum had signaled the passing hours, but still there was no news of his beloved queen. When the dawn broke, the king could bear the suspense no longer. He made his way to the queen's apartments, but at the entrance he found a crowd of excited ministers and maid-servants. Their gloomy countenances foreboded evil tidings; the queen, his wife, had died in child-birth, and he was, with one blow, deprived of both an heir and a loving spouse.

နိုင်ငံတော်ရဲ့ထုံးစံအတိုင်း မိဘုရားကြီးရဲ့ ရုပ်အလောင်းကိုဖြင့် ဆွေတော်မျိုးတော်တွေရဲ့ သုဿာန်ကို ရွှေ့ပြီးခဲ့ပြီ။ မင်းကြီးလည်း နန်းတော်ထဲက သူ့နေရာသူ ဝမ်ပန်းတနည်းနဲ့ ရောက်နေပြီ။ ဝန်ကြီးတချို့လည်း မိဘုရားကြီးရဲ့ ရုပ်အလောင်းနားမှာ စောင့်ကြပ်လို့။ မီးမသင်္ဂြုဟ်ခင် မိဘုရားကြီးရဲ့ ရုပ်အလောင်းက ရွှေအလောင်းစင်ပေါ်မှာလေ။ စောင့်ကြည့်ရင်း ဝန်ကြီးတွေအားလုံး တိတ်လို့။

As was the custom of the country, the queen's body was removed to the royal cemetery, and the king retired to his part of the palace to mourn his loss. A few ministers kept vigil near the queen's body, which would lie on its golden bier until the time came for its cremation. The ministers watched, and all was silence.

ရုတ်တရက် မိဘုရားကြီးရဲ့ အလောင်းစင်ဆီက ငိုသံ သဲ့သဲ့ကြားလိုက်ရတယ်။ မွေးကင်းစ ကလေးငယ်ရဲ့ ငိုသံနဲ့တူလိုက်တာ။ ဝန်ကြီးတွေ အလောင်းစင်နား ပြေးကြည့်ကြတာပေါ့။ ကလေးငယ်လေးတစ်ယောက်က မိဘုရားကြီးရဲ့ ခြေရင်းမှာ၊ ယက်ကန်ယက်ကန်နဲ့ အော် ငိုလို့။ ဝန်ကြီးတွေလည်း ချက်ချင်းကိုပဲ မင်းသမီးလေးကို ကောက်ချီလိုက်ကြတယ်။ မင်းကြီးဆီကို အကြောင်းကြားဖို့ မင်းလုလင်တွေကို လွှတ်လိုက်ကြတယ်။ မိဘုရားကြီးကို ဆုံးရှုံးရလို့ ကြေကွဲနေပေမယ့် သမီးကလေးတစ်ယောက်ရပြီဆိုတော့ သိပ်ကိုဝမ်းသာသွားသတဲ့။ သုသာန်မှာမွေးတာမို့ နန်းတော်ထဲ ခေါ်သွင်းထားဖို့ မသင့်ဘူးပေါ့။ ဒါနဲ့ ရှင်မွေးလွန်းလို့ သူနာမည်ပေးလုက်တဲ့ မင်းသမီးလေးကို ခစားစောင့်ရှောက်ဖို့ ကလေးထိန်းတွေ ရံရွေတော်တွေကို အခေါ်လွှတ်လိုက်တာပေါ့။ သုသာန်မှာပဲ ဂရုတစိုက် တခမ်းတနား ဆောက်ထားတဲ့ တပင်တိုင်နန်းမှာ မင်းသမီးလေးကို ထားသတဲ့။ နှစ်တွေ ကြာလာတဲ့အခါ သိပ်လှတဲ့ မင်းသမီးဖြစ်လာပါရော။ မင်းသမီးလေးဟာ သူ့ကိုယ်သူ သံလျှင်မင်းရဲ့သမီးဆိုတာကိုလည်း ဘယ်တော့မှ မမေ့ဘူးတဲ့။

Suddenly there was a faint cry from the queen's bier. It sounded like the cry of a new-born baby. The watchers rushed to the bier, and looked and behold, a little child lay at the dead queen's feet, crying loudly and kicking lustily. The ministers at once picked up the little princess and sent messengers to the king to give him the news. Although the king was distracted by the loss of his queen, he was very glad to hear that he now had a daughter. Because she had been born in a cemetery, it would not have been thought right for him to take her to the palace, so he sent for nurses and servants to attend the princess, whom he called Shin-Mway-Loon. She was brought up with great care and in royal state in a house which was specially built for her in the cemetery. As the years passed she grew into a very beautiful girl, and she never forgot that she was the daughter of the King of Syriam.

ဟော ပင်လယ်တစ်ဘက်ကမ်းမှာတော့ မင်းနန္ဒာဆိုတဲ့သားလေးတစ်ယောက်ရှိတဲ့ ဒဂုံမင်းကြီး နေသတဲ့။ မင်းသားလေးဟာ ရေသတ္တဝါတစ်ကောင်ရဲ့ လက်ချက်နဲ့ အသက်ဆုံးမယ်လို့ ဗေဒင်ဆရာက ဟောထားလို့ မင်းကြီးခမျာ အမြဲ အကြီးအကျယ် စိတ်ဆင်းရဲနေသတဲ့။ သိကြားမင်းဟာ မင်းသားလေးအတွက် စိတ်မကောင်းဖြစ်ပြီး ပင်လယ်တွေ မြစ်တွေ တောတောင်တွေထဲက သတ္တဝါတွေကို ဆင့်ခေါ်နိုင်တဲ့ ကြိမ်လုံးတစ်လုံး ပေးသတဲ့။

Now, on the other side of the sea there lived the King of Dagon, who had an only son called Min-Nanda. The king was always greatly troubled about his son because certain soothsayers had predicted that the prince would be killed by some creature that lived in water. The king of the nats felt very sorry for this prince, and he gave him a magic cane by which he could summon all creatures living in the forests and in the sea and the rivers.

တစ်နေ့တော့ မင်းသားလေးက နန်းတော်ခေါင်မိုးပေါ်တက်ပြီး ပင်လယ်ဘက်ကို မြော်ကြည့်သတဲ့။ ရေပြင်ကျယ်ကြီးတစ်ဘက်မှာ တောအုပ်ကြီးတစ်အ်ုကို မြင်ရသတဲ့။ တောအုပ်ထဲမှာ တစ်ယောက်ယောက်များနေသလားလို့ စဉ်းစားပြီး စုံစမ်းဖို့ ကျက်တူရွေးလေးကို လွှတ်လိုက်တာပေါ့။

One day, the prince climbed to the roof of his palace and look out over the sea. On the other side of the wide expanse of water, he could see a grove or large garden. The prince wondered if anyone lived in the grove, and he sent his favorite parrot to find out.

ကျက်တူရွေးလေးဟာ ရေပြင်ကို သုတ်သုတ်လေး ဖြတ်ပျံသွားပြီး တောအုပ်ကို ရောက်ပါလေရော။ အဲဒီနေရာက ရှင်မွေးလွန်းနေတဲ့သုဿာန်ပဲ ပေါ့။ ကျက်တူရွေးလေးက မင်းသမီးလေးကို သူ့ဆရာ မင်းနန္ဒာအကြောင်း အကုန်ပြောပြတာနဲ့ မင်းသမီးလေးလဲ မင်းသားလေးကို ချစ်သွားသတဲ့။ ကျက်တူရွေးလေးဟာ မင်းသားလေးဆီတစ်ခါပျံသွားပြီး မင်းသားလေးက ချစ်လာလောက်အောင် ရှင်မွေးလွန်း ဘယ်လောက်လှတဲ့အကြောင်း ပြောပြတာပေါ့။ ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် မမြင်ရသေးဘဲ ဆွေတော်မျိုးတော်နှစ်ဦးသား ချစ်သူတွေ ဖြစ်နေကြသတဲ့။

The parrot quickly flew over the water and arrived at the grove, which was none other than the cemetery where the Princess Shin-Mway-Loon lived. The parrot told the princess all about his master, the Prince Min-Nanda, and she at once fell in love with what she heard of him. The parrot returned to the palace and described the wondrous beauty of Shin-Mway-Loon, so that the prince immediately fell in love with the princess. Thus, without having seen each other, these two royal children became lovers.

မကြာခင်မှာပဲ မင်းသမီးလေးဆီ အရောက်သွားနိုင်ဖို့ အကြံရသတဲ့။ ပင်လယ်ကမ်းစပ်သွားပြီး မြေကြီးကို သုံးကြိမ်ရိုက်သတဲ့။ ရုတ်တရက်ပဲ ငမိုးရိပ် မိကျောင်းမင်း ပေါ်လာပြီး ပင်လယ်ကိုဖြတ်ပြီး မင်းသမီးလေးဆီ ပို့ပေးမယ်လို့ လျှောက်သတဲ့။ မင်းသားလေးလဲ ငမိုးရိပ်ကျောပေါ်တက်စီးတာနဲ့ ငမိုးရိပ်က မင်းသမီးလေးရဲ့တစ်ပင်တိုင်နန်းရှိရာ ကမ်းခြေကို လိုက်ပို့သတဲ့။ နေ့တိုင်း အရုဏ်ကျင်းရင် ငမိုးရိပ်က ကျောပေါ်တင်ပြီး လာလာခေါ်သွားတော့ မင်းသမီးလေးက သူ့ချစ်သူကို တစ်မြော်တစ်ခေါ်ကြည့်ပြီးနေတတ်သတဲ့။

The prince soon thought of a plan which would enable him to visit the princess. He went down to the sea-shore and struck the ground once, twice and thrice. At once Ngamoyeik, the king of the Crocodiles, appeared and offered to carry the prince across the water. The prince jumped on Ngamoyeik's back and was soon carried across to the shore where he found the princess in her sylvan glade. Every day, at dawn, the prince used to be carried across the water by Ngamoyeik, and the princess would eagerly scan the horizon for a site of her lover.

အချစ်စစ်အချစ်မှန်တို့မည်သည် ဖြောင့်ဖြူးမြဲမရှိပါဘူး။ ရေသတ္တဝါတွေက မင်းနန္ဒာနဲ့ ငမိုးရိပ်ကို မကောင်းကြံနေကြပြီ။ ငမိုးရိပ်ရဲ့ အအု၀်ချုပ်ခံ မိကျောင်းတွေက သူတို့ဘုရင်ကိုသူတို့ မနာလိုဖြစ်ပြီး ဖြုတ်ချချင်လှပြီ။ မင်းသားလေး မင်းနန္ဒာရှိနေသမျှ ငမိုးရိပ်ဟာ သူတို့ကို ချယ်လှယ်နေဦးမှာပဲ ဆိုတာ သိထားတော့ မင်းသားကို အသေသတ်ဖို့ ဆုံးဖြတ်ကြတာပေါ့။

Now the course of true love never runs smoothly, and the creatures of the deep waters were already plotting against Min-Nanda and Ngamoyeik. The subject crocodiles were jealous of their king, and they wish to overthrow his despotic rule. They quickly saw that as long as Prince Min-Nanda was alive Ngamoyeik would continue to rule over them, so they decided that the prince must die.

ဒဂုံမင်းကြီးက ဝန်ကြီးတွေနဲ့ထိုင်ပြီး သားတော်မောင်လုပ်သမျှအကြောင်းတွေ တိုင်ပင်ပြောဆိုနေကြသတဲ့။ နောက်တစ်နေ့ဆိုရင် ဗေဒင်ဆရာတွေ ဟောထားသလိုဆိုရင် မင်းနန္ဒာကံဆိုးမိုးမှောင်ကျမယ့် ပြသဒါးရက်ရောက်တော့မှာလေ။ ရေပြင်ကိုဖြတ်ပြီး ရှင်မွေးလွန်းဆီ နေ့တိုင်း မင်းနန္ဒာ သွားနေတာ မင်းကြီးက သိပြီးနေပြီ။ ဒီတော့ မိကျောင်းမင်းကိုဆင့်ခေါ်တဲ့အခါ သုံးတဲ့ ကြိမ်လုံးကို သိမ်းထားလိုက်သတဲ့။ ဆိုးဆိုးရွားရွား မှားမိပြီ ဆိုတာ ရိပ်မိပုံမရပါဘူး။

The King of Dagon sat with his ministers and discussed with them the doings of his son. The next day was the fatal day which the soothsayers had predicted would see the doom of Prince Min-Nanda. The king had come to hear of Min-Nanda's daily trip across the water to see Shin-Mway-Loon, so he decided that he would hide the magic cane with which the prince summoned the King of the Crocodiles. Little did he realize what a terrible mistake he was making.

အရုဏ်လာတာနဲ့ မင်းနန္ဒာလဲ ထုံးစံအတိုင်း ပင်လယ်ကမ်းစပ်ကို သွားတာပေါ့။ ငမိုးရိပ်က စိတ်ပျက်ညှိုးငယ်နေတဲ့အမူအရာနဲ့။ အရှင်ဘုရား၊ တပည့်တော်ရဲ့ ကျွန်တော်မျိုးကို မကျေနပ်တဲ့ မိကျောင်းတွေက အရှင်ဘုရားနဲ့ ကျွန်တော်မျိုးတို့ကို လုပ်ကြံကြမယ်လို့ ကျွန်တော်မျိုးရဲ့သူလျှိုတွေက သိထားပါတယ်။ ဒီနေ့ သတိနဲ့သာ လုပ်ဆောင်တော်မူပါ လို့ လျှောက်သတဲ့။ ငမိုးရိပ်သတိပေးတာကို မင်းသားလေးက ဂရုမစိုက်ပါဘူး။ သူချစ်တဲ့ မင်းသမီးလေးနဲ့ ခွဲမနေနိုင်ဘူးလေ။ ရှင်မွေးလွန်းမင်းသမီးလေးနဲ့ တစ်နေ့လုံး ပျော်လိုက်တာ။ အင်း။ အရာရာက အဆုံးသတ်ခါနီးနေပြီလေ။ ငမိုးရိပ် ကျောပေါ်တက်မယ်လုပ်တာနဲ့ ကောင်းကင်ကြီးတစ်ခုလုံးမှာ တိမ်မည်းတွေ တက်၊ လေကြမ်းတွေ တိုက်လာတယ်။ လေနီကြမ်းကြီးက ပင်လယ်ကို ဖြတ်ပြီး တောအုပ်ထဲကသစ်ပင်တွေကို တိုက်လှည်းပစ်တော့တယ်။ ကောင်းကင်မည်းမည်းမှာ မိုးခြိမ်းသံက တဒိန်းဒိန်း။ ပင်လယ်ထဲကလဲ ရေသတ္တဝါ တွေရဲ့ ညည်းသံညူသံ ထွက်လာ။ မင်းသမီးလေးက ကြောက်လွန်းလို့ မင်းသားလေးကို သူနဲ့နေဖို့ တောင်းပန်ရှာတယ်။ မင်းသားလေးက သွားတော့မယ် အချစ်ရယ်။ ဒီမုန်တိုင်းထဲမှာ သေချင်လဲ သေသွားစေတော့၊ သေတောင်မှ မင်းနဲ့တော့ ပြန်ဆုံဆည်းမှာပေါ့ လို့ ပြောသတဲ့။ နောက်တော့ ရှင်မွေးလွန်းဆီက ခွါပြီး ကမ်းစပ်ကို ပြေးသွားသတဲ့။ ငမိုးရိပ်ကတော့ စိုးရိမ်စိတ်နဲ့ စောင့်နေတယ်။ အရှင်မင်းသား ဒီလောက်တောင် ကြောက်ခမန်းလိလိ မုန်တိုင်းကြားမှာ တစ်ဘက်ကို မကူးပါနဲ့ဘုရား လို့ လျှောက်ရှာတယ်။ ဘယ်လောက်ပြောပြော မင်းသားလးေက နားမဝင်ပါဘူး။ ကံဆိုးချင်တော့ မင်းသားလေးမှာက ဆေးကြိမ်လုံး မပါလာလို့ အကူအညီပေးဖို့ တခြားသတ္တဝါတွေကိုလဲ မဆင့်မခေါ်နိုင်ပြန်ဘူး။ မင်းသားလေး လုံလုံခြုခြုံရှိနေရင် ရန်သူတွေကို ကောင်းကောင်းတိုက်ခိုက်လို့ ရမှာ တွေးမိတော့ ငမိုးရိပ်က မင်းသားလေးကို သူ့ကိုယ်ထဲမှာ ဝင်လိုက်ဖို့တောင်းပန် သတဲ့။ ချက်ချင်းပဲ မင်းသားလေးက သဘောတူတယ်။ ဒါနဲ့ လှိုင်းထန်လှတဲ့ ပင်လယ်ကိုဖြတ်ပြီး ခရီးကြမ်းထွက်လာတော့တယ်။ သူတို့မိကျောင်းမင်း လာတာ မြင်တာနဲ့ တခြားမိကျောင်းတွေက ဝိုင်းတိုက်ကြသတဲ့။ တစ်ဘက်က အင်အားများလှတော့ မကြာခင်မှာပဲ ရန်သူတွေက ငမိုးရိပ်ကို အနိုင်ရတာပေါ့။ အားတွေ ဘယ်လောက်ကုန်ခန်းနေပေမယ့် ငမိုးရိပ်က ဗယ်ညာကွေ့ဝိုက်ပြီး သဲသောင်ကမ်းစပ်ကို အရောက်သွားတယ်။ ရောက်လဲ ရောက်ရော မေမောနဲ့ အိပ်ပျော်သွားပါရော။ ဗိုက်ထဲမှာ ရှိနေတဲ့ သူ့သခင်ကိုတောင် သတိမရနိုင်တော့ဘူးတဲ့။

At dawn the prince went down to the sea-shore as usual, and found Ngamoyeik looking very downcast and unhappy. "My lord," said he, "my spies have discovered a plot against you and me devised by my discontented subjects, the crocodiles. Take great care how you conduct yourself this day." The prince would not listen to Ngamoyeik's warnings, however, because he could not keep away from his beloved princess. He spent a delightful day with Shin-Mway-Loon, but alas, everything has to come to an end. Just as he was about to return on Ngamoyeik's back the skies became full of dark clouds, and a mighty wind across. The hurricane shrieked across the sea and tore up many tree in the grove. Thunder rumbled in the dark sky, and from the sea came the wailing of thousands of sea-wraiths. The princess was so frightened that she begged her prince to stay with her, but he said "Fare thee well, my beloved. If I am to perish in this raging storm, so be it. But even in death we will be united." Then he tore himself away from Shin-Mway-Loon and ran down to the water's edge, where Ngamoyeik awaited him in fear. "I beseech you not to cross the sea in this awful storm, O prince" said Ngamoyeik, but the prince turned a deaf ear to his entreaties. Unfortunately, the prince was helpless without his magic cane, because he could not summon the other creatures of the water to his aid, so Ngamoyeik begged the prince to enter his body that he, the King of the Crocodiles, could fight his enemies whilst his master was in safety. The prince at once agreed to this, and they started their hazardous journey across the raging waters. As soon as the crocodiles saw their king coming made a mass attack on him, and there were so many of them that Ngamoyeik was soon overwhelmed by his enemies. But despite his failing strength he lashed out left and right and fought his way to sandbank, where he fell fast asleep from sheer exhaustion, unconscious even of his precious charge, who had to remain confined in the crocodile's body.

သားတော်လေး ဆေးကြိမ်လုံးမပါဘဲ မင်းသမီးလေးဆီသွားတဲ့အကြောင်း ကြားရတဲ့အခါ ဒဂုံမင်းကြီးလဲ စိုးရိမ်ပူပန်နေတာပေါ့။ ဒီနေ့က သားတော်အတွက် သေဘေးကြုံရမယ့်နေ့ဆိုတာလဲ ကောင်းကောင်း သိနေတာကိုး။ ဒါနဲ့ ကြိမ်လုံးကို ကိုင်ပြီး သုံးချက်ရိုက်သတဲ့။ ငမိုးရိပ် အလန့်တကြား နိုးသွားသတဲ့။ အိပ်လိုက်ရလို့ အားက ပြည့်နေပါပြီ။ ချက်ချင်းပဲ မင်းနန္ဒာ သူ့ကိုယ်ထဲမှာ ရှိနေတာ သတိရပြီး ပါးစပ်က အမြန်ထွေးထုတ်တာပေါ့။ ဒါပေမယ့် မင်းသားလေးခမျာ အသက်မရှိရှာတော့ဘူး။ မင်းကြီးဆီကို မင်းသားလေးရဲ့ရုပ်အလောင်းကိုပဲ သယ်သွားနိုင်တော့ တယ်။

When the King of Dagon heard that his son had paid a visit to the princess without having his magic cane with him, he was filled with dismay. He knew all too well that it was the fatal day for his son, so he seized the cane and struck it on the ground, once, twice and thrice. Ngamoyeik woke up with a start but was greatly refreshed by his sleep. He at once remembered that the prince was in his body, so he hastened to bring Min-Nanda out of his mouth. But the poor prince was already lifeless, and Ngamoyeik could only make his way to the king, carrying the dead body of his son.

ရှင်မွေးလွန်းလဲ မင်းနန္ဒာပြန်အလာကို ရက်အတော်ကြာ စောင့်ပေမယ့် အချည်းနှီးပါပဲ။ ကြောက်စရာ မုန်တိုင်းထဲမှာပါသွားပြီလို့ စဉ်းစားမိတာနဲ့ ပါးပေါ်မှာ မျက်ရည်တွေက စီးကျလာရောတဲ့။ ဒါနဲ့ သလွန်တော်ပေါ်မှာ လှည်းချလိုက်တာနဲ့ သေဆုံးသွားသတဲ့။

For days Shin-Mway-Loon waited for Min-Nanda's return but in vain. When she realized that he must have perished in the dreadful storm, the tears streamed down her cheeks and she threw herself down on her couch and died.

ချစ်သူနှစ်ဦးကို တစ်နေ့တည်း တစ်ချိန်တည်း မီးသင်္ဂြုင်္ ိဟ်မိရက်ဖြစ်သွားသတဲ့။ တိမ်စင်တဲ့ကောင်းကင်ကြီးကလဲ ပြာလို့။ ပင်လယ်ကြီးကလဲ ငြိမ်လို့။ ပရိသတ်ကြီးကတော့ မင်းသားလေးမီးသင်္ဂြုင်္ ိဟ်ရာ မီးပုံက မီးခိုးတန်းနဲ့ ပင်လယ်တစ်ဘက်ကမ်း မင်းသမီးလေးရဲ့မီးပုံက မီးခိုးတန်းနှစ်ခုကို စောင့်ကြည့် လို့။ မီးခိုးတန်းနှစ်ခုဟာ တရွေ့ရွေ့နဲ့ ကောင်းကင်ကိုတက်သွားပြီး ကောင်းကင်ဘုံမှာ ရောယှက်သွားကြရောတဲ့။ ဒီလိုနဲ့ ကွယ်လွန်ပြီးတဲ့နောက်မှာ ချစ်သူနှစ်ဦးဟာ ပေါင်းစည်းကြရတာပေါ့။

So it happened that two lovers were cremated on the same day and at the same time. There was not a cloud in the blue sky, and the sea was as calm as a lake as the crowds of people watched two columns of smoke, one rising from the funeral pyre of their prince, and the other from that of the princess on the opposite shore of the sea. Slowly the two columns of smoke ascended skywards, and mingled together high in the heavens. Thus the two lovers were united even in death.