စက်ဝဋ်ချမ်းသာ
ရှူရှူ ရဲရဲ၊ မီးခဲ တမူ၊
ချက်စူ မျက်ကောင်း၊ နားတောင်း နှင်းနိုး၊
မြွေဆိပ်ချိုးကို၊ ခါးကြိုး ဆောက်လုံး၊
ပန်းကုံး စတေ၊ ဤအခွေ ဟု၊ သွပ်နေ မုဆိုး
တင့်စနိုးလျက်၊ အကျိုး မဖြစ်၊ ဆင်းရဲ နစ်၍၊
အပြစ်သာမျှ၊ အဆင်း စသည်၊
ပဉ္စကာမာ၊ ဤခြင်းရာကား၊
တန်ဆာ ဆင်ရုပ်၊ သူရူးနုပ်နှင့်၊
စက်ဆုပ် ဘေးဒဏ်၊ ဖြစ်ကြဟန်လျှင်၊
တသွန် ခင်းကျင်း၊ ဆိုနှုန်း ထွင်းလျက်၊
အခြင်း အတ၊ နည်းနာ ချ၍၊
ဝဋ်မှ ကွာမှု၊ ဤသို့ ရှုလျက်၊
တစ်ခု ကိုယ်ရှောင်၊ လွတ်လွယ်အောင်ကို၊
အမောင် ကြံရေး ယူလဿေး။
ရှင်မဟာသီလဝံသ ( )
ပါရမီခန်းပျို့
EVIL PLEASURES
Hot ember seems
a ruby to embellish the ear;
the serpent seems a belt of gilded flowers.
Consider the sensual pleasures_
unrewarding, faulty, uncomfortable_
as digusting; and recalling the folly
of the idiot, strive methodically
to escape from their evil grip.
Shin Maha Thilawuntha ( )