သူ့မယား

ဇော်ဂျီ

His Spouse

By

Zaw Gyi

Translated by U Win Pe (Mya Zin)

 

sound.gif (2534 bytes)

စျေးသည်မ မဖော့သည် ကိုဆင်၏ မယားဖြစ်သည်၊၊

မဖော့သည် မြို့သို့တက်၍ ကုန်စိမ်း ရောင်းလေ့ရှိုရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်၊၊ အရောင်းရတွင်လျှင် စောစော ပြန်လာတတ်၍၊ အရောင်းရထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်၊၊ ပြည်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်၊၊

1

Ma Paw, the wife of Ko Hsin, worked in the market. Each morning she walked a mile to town with greens on a tray. If business was brisk she returned early, otherwise only when the sun had declined. Whenever she reached the bamboo bridge that crossed the stream beside the village on her return, thoughts of her husband and children arose in her mind.

sound.gif (2534 bytes) မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်၊၊ ဆံပင်သည် နီကြန့်ကြန့် ဖြစ်၍ တစ်ထွာ သာသာလောက် ရှည်သည်၊၊ သွား အတန်ငယ် ခေါသည်၊၊ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ၊၊ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်၊၊ အို ထိုင်စားသမားသက်သက်လည်း မဟုတ်ပါပေ၊၊ အိမ်မှာ ထမင်းအိုး တည်ရသည်၊၊ သားငယ် သမီးငယ်များကို ထိန်းရသည်၊၊ ကိုဆင်သည် ငယ်စဉ်က သာမဏေဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတန်ငယ် ခေါက်မိသည်၊၊ စိတ်ထား သဘောထား ကောင်းသည်၊၊ ရယ်ရယ်မောမော နေတတ်သည်၊၊ အလှူမင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်၊၊ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ၊၊ ဆံပင် ကောင်းသည်၊၊ နှုတ်ခမ်းမွှေး ရေးရေး ရှိသည်၊၊ ရင်အုပ် ကျဉ်းသည်၊၊ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်၊၊ She was tall with reddish hair and slightly protruding teeth, but it could not be said that she was ugly. Her husband Ko Hsin was a man of leisure who sat and ate at home. It was not wholly true that he did nothing. He had to cook the rice and look after the children. Ko Hsin had been a novice in the Buddhist Monastic Order for nine years and had some learning. He was good-natured, fond of laughter and was the prime mover at charities and weddings. He was not as tall as his wife, was small-chested, had a fine crop of hair and a thin strip of moustache. he was tattooed to his knees.
sound.gif (2534 bytes) သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် စျေးရောင်းလည်း ထွက်သည်၊၊ ကိုဆင်ကိုလည်း ပြုစုရှာသည်၊၊ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် စျေးရောင်းသာ ထွက်နိုင် ရှာတော့သည်၊၊ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန် မောပန်းလာတတ်သည်၊၊ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်၊၊ သို့ရာတွင် မဖော့သည် ညည်းသည်မရှိ၊၊ When they were married and after they had a son, Ma Paw kept shop and ministered to Ko Hsin's needs. When the second son was born she could only keep shop. After the birth of their daughter Ma Paw often became very tired. Once when she was pitiable. But she did not complain.
sound.gif (2534 bytes) အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာသြဘာစကား ပြောပုံကို ညည်းလာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန် ခန့်တယ်၊၊ ညည်းယောက်ျား ပညာပြည့်ပါပေတယ်အေ့ ဟု မဖော့ သူငယ်ချင်းမတစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်၊၊ ထိုအခါ မဖော့သည် အလွန် အားရသည်၊၊ သူ၏ စိတ်ထဲတွင် ကျက်သရေအပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာထင်လာသည်၊၊ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ်အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်တောင်း စသည်တို့ကို ကူသယ်ပေး၏၊၊ ထိုအခါ မဖော့သည် အားရပြန်သည်၊၊ မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရပေတယ် ဟု တွေးမိသည်၊၊ She was heartened when one of her friends told her, "You should listen to your husband deliver Minglar Awba speech at a wedding in the village. Magnificent. He is a learned man." She was heartened when her fourteen year old son sometimes met her at the bamboo bridge and relieved her of her try and basket. At these times her thoughts turned in gratitude to her husband. 
sound.gif (2534 bytes) တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရေမူးသမားတစ်ယောက် ရောက် လာ၍ အိမ်ရှေ့ကပြင်၌ စကားပြော နေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင် ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်၊၊ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်၊၊ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်၊၊ မထီမဲ့မြင် ပြုလိုသော မျက်လုံးတို့သည် ချာကနဲ လှည့်သွားပြီးနောက်၊ ယိမ်းထိုးသွားကြသော ခြေတို့နှင့်အတူ ယိုင်ယိမ်းကာ ပါသွားကြသည်၊၊ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် မောင်မင်းကြီးသားမရှိလျှင် ဒုက္ခအဖြစ်ပဲ ဟု တွေးမိပြန်သည်၊၊ Once when she and her children were talking on the open veranda of their house a tipsy drinker of toddy appeared on the road and made insulting eyes at them. The mother and children ran into the house in fear. Ko Hsin hurriedly appeared from within the house and stood with arms akimbo on the platform. The drunkard's eyes turned and whirled, leading away his tottering feet. Ma Paw was thankful. Were it not for my man we would have suffered great indignities, she thought.
sound.gif (2534 bytes) မဖော့သည် ယခု သုံးဆယ့် ခုနှစ်နှစ်အတွင်းသို့ ဝင်ပြီ၊၊ ကိုဆင်သည် မဖော့ထက် ခြောက် နှစ်မျှကြီးသည်၊၊ Ma Paw was now in her thirty-seventh year. Ko Hsin was six years older.
sound.gif (2534 bytes) ကိုဆင်သည် ဤအသက်အရွယ်ထိ မည်သည့်အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးးချေ၊၊ ထမီနား ခိုစားသည် ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် အလို ဝေသန္တာရာမင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ ဟု ရယ်သလို မောသလိုနဲ့ ပြန်ခေျလေ့ရှိသည်၊၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ဖြစ်တာ မနာလိုတိုရှည် မဖြစ်ကြနှင့်လေ ဟု နောက်ထပ် ဆက်လိုက်သေးသည်၊၊ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်၊၊ နာပင် နာငြားသော်လည်း နာရမှန်းမသိ၊၊ စကားနိုင်လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်၊၊

မလိုသူတို့သည် စကား အတင်စီးခံကြရသဖြင့် သာ၍ မလိုစိတ် ပေါ်ပေါက်လာကြသည်၊၊ အခွင့်ရတိုင်း မေးငေါ့ြကသည်၊၊ မဲ့ရွဲ့ကြသည်၊၊ ထိုသို့ မေးအငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏စိတ်တွင် ပေါ်လာကြသည်၊၊

Ko Hsin, for all his years, had never really worked. When people said of him that he supported himself by clutching the hem of a skirt he would reply jokingly: "Even Wethandaya lived on what Maddi could get for him." He would add: "I am able to live in leisure as I live now because of my past meritorious deeds. Don't be jealous." Though he said this, in his heart he was hurt. But the pain was almost forgotten in the pride of his brilliant repartee. Because of his replies the others frowned on him or thrust their chins at him in decision. In time these acts of his neighbors stirred up the old pain in his heart and spurred him to action.
sound.gif (2534 bytes) ထို့ကြောင့် ကိုဆင်သည် အကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်၊၊ ဝါးစျေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေသည်၊၊ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်၊၊ ထွန်သွားထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်၊၊ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်၊၊ S0 Ko Hsin borrowed money from a cousin and entered the bamboo business. He lost heavily. The next rains he went down to the fields to plough. He returned home with blood dripping from his foot where he had run in the plough-share. It took fifteen days for the wound to heal.
sound.gif (2534 bytes)

အနာကျက်သောနေ့တွင် ကိုဆင်၏ အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ၊၊ အသားအနာသည် ကောင်စွာ ကျက်ပေ၏၊၊ သို့ရာတွင် စိတ် အနာကား ယဥ်းစပြုလာပြီ၊၊

2

He was forty-three on the day he got well. The wound of the flesh had healed but the wound of the heart had swollen.

sound.gif (2534 bytes) မဖော့သည် ခါတိုင်းကဲ့သို့ စျေးသို့ တက်သွား၏၊၊ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်၊၊ သားအလတ်နှင့် သမီးထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင်အောက်၌ ကစားကြသည်၊၊ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည် အဖန် သောက်သည်၊၊ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာကို ထမ်း၍ ထွက်သွားသည်၊၊ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တဖက်ကမ်းသို့ လှေဖြင့် ကူးသည်၊၊ မျက်နှာချင်းဆိုင်အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်၊၊ Ma Paw had set off to market as usual, the elder son had gone on to the monastery-school. The other two children were playing beneath the tamarind tree in front of the house. As Ko Hsin sat on the veranda drinking a pot of tea he saw the carpenter father of six from a neighbor's house set out with his box of tools. The man from next door crossed the stream to cut dhani on the other bank. Even the old man from the opposite house whittled a piece of wood to make a puddle-stick.
sound.gif (2534 bytes) လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီး တစ်ခွက် ငှဲ့သောက်ခါ၊ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်၊၊ သို့ရာတွင် အိမ်နီးနားချင်းတို့က တလှုပ်လှုပ် တရွရွ အလုပ်သွားကြ အလုပ်လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်၊ ထမင်းအိုးတည်ရမည်ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်၊၊ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်၊၊ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်၊၊ ထိုမျက်နှာတို့ကိုကား မမြင်ရ၊၊ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်းကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်၊၊ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပုဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်၊၊ သူ ဝမ်းနည်းလာ၏၊၊ ရှက်လာ၏။ သည်ဘဝနှင့် သူမနေချင်၊၊ သူ ရုန်းထွက်ချင်သည်၊၊ သူတွေးသည်မှာ ရဟန်းဝတ်ရလျှင် ကောင်းမည်၊၊ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရသော့မည် မဟုတ်၊၊ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက်ပြုနိုင်မည်၊၊ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ်ရကြမည်၊၊ သူ ကျွတ်ချိန်တန်ြပီ၊၊ သူဘုရားဆုပန်မည်၊၊ သူ ရဟန်းဝတ်တော့မည်၊၊ သူ့အတွေးကား ဤသို့ပေတည်း၊၊ At first Ko Hsin was filled with a sense of ease and pleasure as he drank cup after cup of tea and watched his children at play. But when his neighbors began to stir to work his pleasure faded and remembered that he had yet to get the pot of rice on the fire. He suddenly recalled the taunts of his neighbors and the procession of his past passed before his eyes. His foppishness since leaving the monastery, his marriage to Ma Paw, his business failure, his hurt foot. He became sad and ashamed. He desired to break out of his way of life. He thought it would be good to become a monk. Then he would not have to cook rice. He would be able to turn his eyes towards Nibban. His wife and children would gain merit by him. He felt certain that the time for his release from the sorrows of samsara was at hand. He would pray for the Buddha-hood. He would endeavor first to become a Buddhist monk, a Celibate. Thus did he think.
sound.gif (2534 bytes) ဪ ထမင်းအိုးတည်စရာ ရှိပါသေး၏တကား၊၊ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်၊၊ သူ့ သားနှင့် သမီးတို့ ငိုကြလိမ့်မည်၊၊ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏၊၊ ထိုအချိန်၌ မြို့စျေးတွင် စျေးရောင်းနေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်၊၊ အလေးချိန် ပို၍စီးလျှင် အမြတ်ငွေ ပို၍ ရစရာရှိသည်၊၊ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်၊၊ But he remembered again that he must prepare the rice or he would have nothing to eat and that the children would cry. He arose and entered the kitchen. Meanwhile in the market, Ma Paw was adding water to her greens to make them heavier whereby she might earn more. With that more she earned she intended to buy some nice cheroots for her husband.
sound.gif (2534 bytes) ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်၊၊ ကျက်သောအခါ ကလေးများကို ခေါ်၍ မနေ့ညနေက ချန်ထားသော ဟင်းနှင့် စားကြသည်၊၊ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်၊၊ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲ ချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်၊၊ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်၊၊ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူမြင်ရမည်၊၊ မဖော့သည် စာမတတ်၊၊ တရားမတတ်၊၊ သေလျှင် မဖော့ အပါယ်ကျတော့မည်၊၊ မဖော့ကို သူ သနားလှသည်၊၊ မဖော့ကို သူ တရားပြမည်၊၊ Ko Hsin was skilled at preparing cooked rice. He called the children and gave them the rice with the remains of yesterday's curry. When the children had gone back to their play he sat with his feet dangling from the veranda and returned to his thoughts. When he became a Buddhist monk he would come with his begging bowl to Ma Paw's house every morning and get chance to meet Ma Paw and the children. Ma Paw was illiterate and ignorant of the law. When she died she would pass to the lower worlds. For this he pitied her. He wanted to open her eyes to the law.
sound.gif (2534 bytes) ထိုသို့ တွေး၍ ကောင်းနေတုန်း၊ သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်၊၊ ညီမငယ်က အကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အကို ငိုသည်၊၊ တဖန် အကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်၊၊ The quarrel of his children returned him to realities. The sister had scratched the brother's face; in retaliation he had pulled her hair. Now both were crying.
sound.gif (2534 bytes) နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊၊ အိမ်ထဲကို လာခဲ့ကြ၊၊ နင်က သည်မှာထိုင်၊ နင်က ဟိုမှာထိုင်၊၊ မထကြနဲ့ ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်၊၊ ကလေးတို့သည် မျက်ရည်သုတ်၍ တတိုင်စီမှာ ထိုင်ကြသည်၊၊ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်၊၊ ကောက်၍ မရတော့ချေ၊၊ အတန်ကြာသောအခါ ကလေးတို့ကို ကြည့်လိုက်သည်၊၊ ကလေးတို့သည် ငိုက်နေကြသည်၊၊ ကိုဆင်သည် သမ်းချင်လာသည်၊၊ Ko Hsin called the children into the house and made them sit in different corners. He then try to return to his reverie but could not pick up the chain of thought. He glanced at his children and saw their heads nodding into sleep. He felt a yawn rise in him.
sound.gif (2534 bytes) ဘယ်ကိုမှ ထမသွားကြနဲ့၊၊ ထိုင်မှာသာ ထိုင်နေကြရမယ် ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်၊၊ ကိုဆင် မျက်စိမှိတ်သည်နှင့် တပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်၊၊ တယောက်၏ မျက်နှာကို တယောက် ကြည့်သည်၊၊ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်၊၊ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်၊၊ "Don't move," he commended the children and laid himself down for a nap. The moment his eyes were closed the children opened theirs. They threw speaking glances at each other at their father. They agree to run down to play as soon as he fell asleep.
sound.gif (2534 bytes) မည်မျှ ကြာသွားသည် မသိ၊၊ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်၊၊ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်းဖြစ်သည်၊၊ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့၍

ကည့်စမ်း ဟဲ့ကောင်လေး ဆင်းခဲ့၊၊ မြန်မြန် ဆင်းခဲ့၊၊ လိမ့်ကျရင် မခက်ပါလား၊၊ ညီမလေး ဘယ်မှာလဲ

ဟိုကမ်းနားမှာ

အကျိုးနည်းကုန်ပါပြီတော်၊၊ ကိုဆင် ရှင်ဒီလိုပဲ ကလေးတွေကို ပစ်ထားရသလား၊၊ တယ်တော်တဲ့ အဖေပါလားရှင်၊၊

ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်၊၊ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ၊၊

Ko Hsin awoke to Ma Paw's voice calling to her son in the tamarind tree.

"Get down from there at once, you'll fall. Where is your sister?"

"At the steam side," the boy replied.

"Woe betide us," Ma Paw cried. "Ko Hsin, do you leave your children unattended like that? A good father you are!"

The daughter appeared with muddy hands and the boy climbed down from the tree. 

sound.gif (2534 bytes) ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏၊၊ ကလေးတို့သည် အမေကို ကွယ်နေကြသည်၊၊ ရော့ ကိုဆင် ဆေးပေါ့လိပ် ဟု မဖေါ့သည် ပြောပေးပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံးခေါ်သွားသည်၊၊ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ကြည့်သည်၊၊ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်၊၊ ထို့နောက် မိမိဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျွေးသည်၊၊ ထို့နောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်၊၊ ခါးကို ရှေ့သို့ ကုန်းလိုက်သည်၊၊ ထိုအခါ တစ်ထွာသာသာရှည်သာ ဆံပင်တို့သည် ရှေ့သို့ ဖါးလျားကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်၊၊ အမေ့ကျောကို တတောင်နဲ့ ကြိတ်စမ်း ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တတောင်ဖြင့် ကြိတ်နေသည်၊၊ ကျောသည် တတောင်အောက်တွင် ယိုင်ယိမ်းနေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲ အခြောက်ခံနေရသည်နှင့် တူလှလေသည်၊၊ Ko Hsin looked daggers at his children. They hid behind the mother. "Here's cheroots for you," said Ma Paw and thrusting them on him she headed children into the kitchen. Ko Hsin's eyes followed them. Ma Paw washed her daughter's hands and gave the children pea-cakes to eat. Then. sitting down Ma Paw spread her legs on the floor, untied her hair, bent forward and let the hair hang above her legs. "Message my back with your elbows," she told her son. He did so while keeping his cake between his teeth. The quaking of the back under the pressure of the elbows and the swing of the spreading hair as her head swayed made Ma Paw appear as though possessed by the devil.
sound.gif (2534 bytes) ကိုဆင်သည် မဖော့ကို မြင်၏၊၊ သက်ပြင်းကြီးချ၍ ငါ သင်္ကန်းဝတ်မှ ဖြစ်မယ် ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်၊၊ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး၊၊ နှစ်သစ်ကူးချိန်ရောက်မှ ပြောဝံ့၍၊ သူ့အကြံ အထမြောက်သွားသည်၊၊ Ko Hsin looked and heaved a deep sign of disgust. I must adorn the yellow robes, he thought.

However he did not dare to tell his wife till the year had turned.

sound.gif (2534 bytes)

ပြောစဉ်က တစ်လလောက် သင်္ကန်းဝတ်လိုကြောင်း ပြော၍ သင်္ကန်းဝတ်သည်၊၊ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ၊၊ ကိုဆင် လူမထွက်သေးချေ၊၊ ကလေးများကို ကြည့်ဖော်ရှုဖော် အဖြစ်ဖြင့် လာရောက်နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ၏ သမီးများကို အောက်မေ့လှပြီ၊၊ သူ ရွာသို့ ပြန်ချင်ပြီ၊၊ တစ်နေ့သောအခါ ဒွေးလေးက ဦးပဉ္စင်း ဘယ်တော့ လူထွက်မှာလဲ ဟု မေးသည်၊၊ ဦးပဉ္စင်းသည် အမေးကို မဖြေ၊ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွတ်၍ တရား ဟောလေတော့သည်၊၊ ဒွေးလေး ခက်ပြီ၊၊ ဒွေးလေးနားသို့ ထိုတရားတော် မဝင်၊ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်၊၊ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် ဟေ့ ရှင်ဖော့၊ ငါပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံမနေချင်ဘူး ဟု မဖော့ကို ကြိမ်းသည်၊၊ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ၊၊ တစ်ခါနှစ်ခါ လျှောက်ကြည့်ပါ၏၊ တရားအဟောသာ ခံခဲ့ရသည်၊၊ ဝါလည်း ဝင်လုပြီ၊ ဒွေးလေးကလည်း နားပူလှပြီ၊၊

ကြံရာမရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်၊၊ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါးရယ်ကြသည်၊၊

3

It was now three months though Ko Hsin had said that he would wear the robes for only a month. Ma Paw's aunt who had come over to help look after the children began to yearn for her own in her village.

"When will the Upazin returned to lay life? she had asked the monk one day.

The monk had not replied. Instead he had quoted sacred verses extolling the life of a monk. The sacred verses did not enter the aunt's ears. Only anger arose in her because she felt that she was being kept here unfairly. When the monk had departed she called Ma Paw to her, "Ma Paw, I want to go back. Tell your Upazin to cast off the robes. I cannot stay no longer as a servant in your house," she threatened. Ma Paw too wanted her husband to return home. She had alluded the matter once or twice only to have been turned back with sermons. Now Waso was near when the monks would go into retreat for three months. And here the aunt was nagging her.

Not knowing what to do Ma Paw conferred with her bosom friend. After some talk they burst into laughter.

sound.gif (2534 bytes)

ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်၊၊ မန်ကျည်းပင်ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်၊၊ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ် ကြော်လှော်နေသည်၊၊ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါး လူးသည်၊၊ ခြေအထိ လူးသည်၊၊ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်၊၊ သူ့တကိုယ်လုံး မွှေးကြိုင်နေသည်၊၊ ဆံထုံးကို သေသပ်စွာ ထုံးသည်၊၊ ဆံစု သုံးချောင်းမျှ ရောပေါင်းထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်၊၊ မျက်ခုံးကို ကော့နေအောင် ဆွဲသည်၊၊ နဖူးက မရှိမဲ့ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်း သိမ်းဆွဲထားသည်၊၊ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်၊၊ အင်္ကျီအဖြူ ပါးပါး အသစ်နှင့် ပန်းပွင့်အနီရိုက် သရက်ထည် ထဘီအသစ်တို့ကို ဝတ်သည်၊၊ ကလေးနှစ်ယောက်ကိုကည်း ဝတ်ကောင်းစားလှ ဆင်ထားသည်၊၊ အိမ်ထဲတွင် အချို့ အိမ်ထောင် ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးထားသည်၊၊ အိမ်ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်၊၊

4

The morning was gold with sunlight. Doves cooed in the tamarind tree. Ma Paw did not go to market. Instead, she fried and cooked at home. then she bath and made herself fragrant with thanakha down to her toes. She smeared it lightly on her face. She gathered her features. The meager hair on her forehead was collected into a "pigeon's wing." She penciled her eye-brows in a wide sweep and made red her lips by chewing betel. She put on a jacket of fine white cloth and a new skirt of printed red flowers. The children too were dressed in clean cloths and the household things were packed. A bullock cart waited in readiness in the yards.

sound.gif (2534 bytes) ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏၊၊ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်၊၊ လျှောက်လာရင်း ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ ဟု တွေး၍ စိတ်လေးလာသည်၊၊ အိမ်နားသို့ ရောက်လာ၏၊၊ လှည်းကို မြင်သည်၊၊ အိမ်တွင်းသို့ ဝင်၏၊၊ အထုပ်အပိုးတို့ကို မြင်သည်၊၊ ဒွေးလေးက ပင့်ရာ၊ အိမ်ခေါင်းရင်း၌ ခင်းဆပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်သည်၊၊ မဖော့ကိုကား မမြင်ရသေးချေ၊၊ At ten o'clock the monk appeared accompanied by his eldest son who was in his monastery school. As he approached he thought with apprehension, they will ask me again to forsake the life of a monk. He drew near the house and saw the cart. He entered the house saw the packed household things. He sat on the mat the aunt had rolled out for him in the place of reverence in the house and searched in vain for Ma Paw.
sound.gif (2534 bytes) အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်၊၊ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်၊၊ ငုံ့လျှက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်၊၊ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏၊၊ မဖော့ ဖြီးပုံ၊ လိမ်းပုံ၊ ဝတ်ဆင်ပုံတို့ကို မြင်သည်၊၊ တဖန် ထပ်၍ တစ်ချက် ကြည့်ပြန်သည်၊၊ ထူးခြားလှပါကလား ဟု တွေးမိလာသည်၊၊ မဖော့သည် စားဖိုဆောင်သို့ ပြန်သွားသည်၊၊ ဆွမ်းစားရင်း မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့် ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်၊၊ ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ၊ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်၊၊ After some time Ma Paw appeared with a tray of food. With sad eyes and movements she offered the food. The monk took a quick glance at her. He noticed how dressed up she was. He took another glance but Ma Paw went back to the kitchen. The monk was puzzled by Ma Paw's behavior but his thoughts were occupied in steeling himself to refuse the request to return to lay life, which he knew Ma Paw would surely make.
sound.gif (2534 bytes) ဆွမ်းကိစ္စ ပြီးပေပြီ၊၊ အချိုပွဲကို မဖော့ ယူလာပြန်သည်၊၊ ဦးပဉ္စင်းသည် မဖော့ကို တချက် ကြည့်လိုက်ပြန်သည်၊၊ အလို နဖူးမှာ ခိုတောင်များ ချလို့ပါလား ဟု အံ့သြလာသည်၊၊ အချိုပွဲကို သိမ်းသွားပြန်သည်၊၊ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်း နေရာတွင် ခပ်ကျုံကျုံ ထိုင်သည်၊၊ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တပြိုင်နက် မဖော့သည် ဒွေးလေး လှည်းဆရာကြီး မလာသေးဘူးလား ဟု လှမ်းမေးလိုက်သည်၊၊ ဦးပဉ္စင်း တရားမဟောနိုင်၊ လှည်းဆီသို့ လှမ်းကြည့်လိုက်သည်၊၊

ဦးပဉ္စင်းသည် တရားစကားကို စရမည့်အစား မဖော့တို့ ဘာများ လုပ်ကြမှာတုန်း ဟု မေးသည်၊၊ 

The meal was over. Ma Paw reappeared with a few tray of sweetened cakes. As the monk again took a glance at her he noticed the "pigeon's wing" on her forehead. What did it mean? he wondered. Ma Paw reappeared again and took away the tray. Then she came back and sat reverently at a distance. As the monk made to preach the sermon Ma Paw spoke to her aunt:

"Aunt, hasn't the cart-man arrived yet?"

The monk unable to begin his sermon, looked toward the waiting cart.

"Ma Paw, what's going on here?" he asked.

sound.gif (2534 bytes) ္ထဦပဉ္စင်းကြီးကို အလုံးစုံ လျှောက်ပါရစေ ဘုရား ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်၊၊ ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ၊ ဒွေးလေးပြန်ရင် တပည့်တော်မမှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်၊၊ သိပ်ဒုက္ခရောက် ပါလိမ့်မယ်၊၊ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်ယောက် ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား၊၊ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊၊ ဟဲ့ သားလေး ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့၊၊ "I will reveal all to the Upazin," Ma Paw addressed the monk without raising her head. "Aunt want to return to her village. If she returns, I will be unable to keep shop and look after the children at the same time. That is why I beg permission of the Upazin to allow me and two children to go live with aunt in her village. The eldest son will be left in the Upazin's care."
sound.gif (2534 bytes) မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်းသည်၊၊ ဦးပဉ္စင်းကြီးသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်၊၊ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ  She turned to her eldest son, "Son, stay behind with Upazin," she said and wiped away a tear from her downcast face. The monk remained silently thoughtful.
sound.gif (2534 bytes) ဦးပဉ္စင်းကြီးလဲ တသက်လုံး ရဟန်းဘဝနှင့် နေပါ၊၊ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်၊၊ ဦးပဉ္စင်းကြီးရဲ့ ဘဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ၊၊ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်၊၊ တပည့်တော်မမှာလည်း သားသမီးနှစ်ယောက် ရှိနေသေးတော့ တရွာတကျေးမှာ အားကိုးအားထားတွေ့ရင် လက်ခံလိုပါတယ်၊၊ ဟဲ့ ဖိုးနီ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်၊၊ ဒါကြောင့်မို့ အခုကစပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်၊၊ နောင်အခါ စကား အရှုပ်အထွေးဖြစ်ပြီး ရုံးကို မရောက်ပါစေနဲ့ ဘုရား ဟု မဖော့က လျှောက်သည်၊၊  Ma Paw continued, "The Upazin may continue to be a monk through out his life if that is his wish. His humble lay woman will try to make a living somehow. The Upazin's world and her are different worlds; there is a vast gap between them. Henceforth there can only be the relationship of monk and lay devotee between them. Since she still has two children, if she can find someone to accept him. This is why she wishes to make things clear now so that complications may not arise later.
sound.gif (2534 bytes) ဟင် ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်၊၊ မဖော့သည် ခေါင်းကို မမော့တမော့၊ မျက်နှာကို မဖော့တဖော် ထားသည်၊၊ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလိုပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်၊၊  The monk uttered a cry of amazement. Ma Paw raise her eyes slightly. The monk's hands fluttered about his robes. He looked at Ma Paw.
sound.gif (2534 bytes) မဖော့သည် အားတက်လာ၍ ဦးပဉ္စင်းကြီးဘုရား ယခုလို လျှောက်ထားရတာဟာ နှစ်ဘက် အကျိုးကိုကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်၊၊ ဦးပဉ္စင်းကြီးလည်း တရားကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်၊၊ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက Ma Paw continued: " This is said for the benefit of both. The Upazin will be able to follow the law in freedom, and his humble devotee will be able, should she find someone....."
sound.gif (2534 bytes) ဟာ နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ၊ ငါ လူထွက်ပါတော့မယ်ဟာ ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏၊၊ "There are too many toddy drunkards in your aunt's village," the monk said. "I will return to the lay life."
  မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း၊၊

ဇော်ဂျီ

၁၉၃၇

Ma Paw became Ko Hsin's wife again.

Zaw Gyi

1937

Translated by U Win Pe (Mya Zin)