|
[၁]
အခု ပြောမယ့် အကြောင်းအရာက သူကြီးခေတ်က ဖြစ်ခဲ့တာလေးပါ။ တချို့က
အခု မနေ့တစ်နေ့က ဖြစ်တယ်လို့ ထင်မှာစိုးလို့ ပြောရတာ။ သိပ်ထူးထူးဆန်းဆန်းကြီးတော့လည်း
မဟုတ်ဘူး။ လူငါးယောက်နဲ့ ကခဲ့တဲ့ တစ်ခန်းရပ်ပြဇာတ်လေး တစ်ပုဒ်အကြောင်း
ဆိုပါတော့။
|
[1]
This is a story about a small incident which happened during the days of the village
chiefs. I should set the record straight because I fear some people will think that it
happened just recently. It isn't a story about anything very out of the ordinary. It's
just about five people who performed a small one-act play.
|
|
[၂]
သဖန်းချောင်းဘုန်းကြီးက ရွာဆွမ်းသိမ်းပွဲအတွက်
အစည်းအဝေး ခေါ်တယ်။ သွားကြရတော့တာပေါ့။ တစ်နယ်လုံးက
ကြည်ညိုတဲ့ ဆရာတော်ကြီးကိုး။
သဖန်းချောင်းက မြို ့မဟုတ်တော့ ရွာထဲက အပိုင်းအပိုင်း လေးတွေ၊ အစုလေးတွေကို ရပ်ကွက်လို့
မခေါ်တော့ဘူး။ အစု တဲ့၊ ချောင် တဲ့၊ ထားပါတော့လေ ချောင်ပဲ။ သဖန်းချောင်းမှာ
ချောင်ငါးခု ရှိတယ်။ လက်ခုပ်ချောင်တဲ့၊ အလိုလေး ချောင်တဲ့၊ ဘောဂချောင်တဲ့၊ မြို
့မတဲ့၊ မင်းလမ်းတဲ့၊ မြို့မနဲ့
မင်းလမ်းက နည်းနည်းအလယ်ကျပြီး ပိုက်ဆံရှိတဲ့လူ ပေါတဲ့
အစုတွေပါ။ လက်ခုပ်ချောင်၊ အလိုလေးချောင်၊ ဘောဂချောင်တွေကတော့ ဆင်းဆင်းရဲရဲ
လက်လုပ်လက်စားများတယ်
ပြောပါတော့။
|
[2]
A monk from Fig Tree Creek invited some men to a meeting about a Hsunthein Pwe, the
ceremony and festival to donate food to monks. Of course they had to go. The monk was
revered all throughout the region. Since Fig Tree
Creek isn't a town, little parts of
the village aren't called neighborhoods anymore. These little parts were called Corners.
There were five in Fig Tree Creek--Hand Clap Corner, Alo Lay Corner, Riches Corner,
Central Corner, and King's Road Corner. Central and
King's Road are corners located more in the middle of
town and where you found rich people. Alo Lay, Hand Clap and Riches Corners were extremely
poor and people led a hand-to-mouth existence.
|