ဘာပဲဖြစ်ဖြစ် နှစ်စဉ်လုပ်နေကျဆွမ်းသိမ်းပွဲကြီး၊ ဒီနှစ်လည်း စည်ကားချင်တော့ တစ်ရွာလုံး ပါရတော့တာကိုး။ တစ်ချောင် သုံးယောက်ကျနဲ့ အစည်းအဝေး တက်တော့ ဘောဂချောင်က လူကြီး သုံးယောက်လည်း ပါတယ်။ ထုံးစံအတိုင်းပေါ့။ သူကြီးက ဆွမ်းသိမ်းပွဲ အစီအစဉ်တွေ နှစ်စဉ်နှစ်တိုင်း လိုပဲ စည်စည်ကားကားဖြစ်ချင်တဲ့အကြောင်း၊ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်းတွေနဲ့ မနှစ်က စီစဉ်သွားတာ တော်တော်လေး အဆင်ပြေတဲ့အကြောင်း၊ သည်နှစ်တော့ တစ်ချောင်တစ်မျိုး တာဝန်ယူပြီး ကြည့်ချင်ပွဲလေး လုပ်ရင် ပိုများ သင့်မြတ်မလားလို့ ထင်ကြောင်း၊ ရွာကလည်း ခေါင်တော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ကလေး လုပ်ပါမှ ရွာသူရွာသားတွေ ကြည့်ကြရမှာဖြစ်ကြောင်း အမိန့်ရှိတော့ သင့်မြတ်ပါတယ် ဘုရားပေါ့၊ ကတိပေးကြတယ်။ ဆွမ်းသိမ်းပွဲတွေကလည်း မိုးလေဝသကင်းမှဆိုတော့ လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်တော့ လွယ်လွယ်ပဲ ကတိပေးလိုက်ကြတယ်။ |
That year, as in every other year, everybody wanted the Hsunthein Pwe to be well attended, so the whole village had to get involved. Three people from each corner had to attend the meeting with the monk, including three from Riches Corner. As had been the custom every year, the village headman talked about how he wanted the ceremony to be as well attended as in previous years, about how last year's drums had worked out fairly well, about how he thought that more people might come if each corner took on a different responsibility and put on a pwe open to all who wanted to come, and about how the villagers would be able to see the plays only if each corner put on its own as the village is remote from other places. They all made promises quite easily since the festival would take place only when the weather will be favorable. | |
ဒါပေမယ့် အစည်းအဝေးပြီးလို့ အိမ်ပြန်ကြတော့ စိတ်ညစ်သွားတာ ဘောဂချောင်က လူကြီး သုံးယောက်ပဲ။ |
But after the meeting was over, the three old people from Riches Corner went home unhappy. | |
ကိုင်း ဘယ့်နှယ်လုပ်မတုန်း။ တစ်ချောင်တစ်မျိုးနဲ့ တာဝန်ယူပြီး ဇာတ်လမ်းကလေးတွေ သွင်းရမတဲ့၊၊ |
"Well, how are we going to do it? He said each corner should take part of the responsibility and contribute one small play each." | |
ဆိုတော့ ကျန်တဲ့နှစ်ယောက်ကလည်း ဘာမှပြန်မပြောနိုင်ဘူး။ ကိုယ့်ချောင်အကြောင်း ကိုယ်သိတာကိုး။ ထိုးဇာတ်ကလေး နေနေသာသာ ထမင်းစားဖို့ ဖတ်သီဖတ်သီ ရှာနေရတဲ့ချောင်။ ပြေးကြည့်မှ တစ်ချောင်လုံး လူတစ်ရာ မပြည့်တဲ့ချောင်။ အဖိုးကြီး အဖွားကြီးတွေ၊ ကလေးတွေ၊ မိန်းမ ကလေးတွေ နုတ်လိုက်ရင် ယောက်ကျားသားဆိုလို့ ရှိလှရင် သုံးဆယ်ပေါ့။ အဲသည်အထဲမှာ လူငယ်ဆိုလို့ လေးငါးဆယ်ယောက်လောက် ရှိတယ်။ ကျန်တဲ့ ယောက်ကျားသားတွေကလည်း ကိုယ့်အသက်အရွယ်နဲ့ မျက်နှာချေ အဖွေးသား လိမ်းပြီး ဘယ့်နှယ်လုပ် ဇာတ်စင်ပေါ် တက်မတုန်း။ ကိုင်း တက်ပါပြီတဲ့။ ဘာကကြမှာတုန်း။ |
The other two could make no response. Each one knew about their Corner, which had to cope with the fantasy of putting on a play when they had to work hard to eat and didn't have a population of even a hundred people. Not counting the old men, old women, children and girls, there would be about thirty men at most. Among them, there are less than ten young men who would put on makeup and go on stage to perform in a play? Well, suppose they were on stage. What dance would they perform? |