"စိန်မောင်ကကော" |
"What about Sein Maung?" | |
"ဒီကောင်လည်း မကောင်းပါဘူး ဘကြီးရာ။ သူက အရိုးပေါ်အရေတင်မို့လို့ သူနာလုပ်ပါ ဆိုတာကို သူ့ကို နှိမ်တာတဲ့။ ငါ မင်းသား လုပ်မယ် တဲ့။ ကျွန်တော်ကလည်း ကျွန်တော့်ဇာတ်ပဲ ကျွန်တော် မင်းသား လုပ်မှာပေါ့။ ဒီကောင်တွေ လူပါးကိုဝတယ်" |
"He was no good, either. He's just bone covered with skin, so I told him to play the Sick Man, but he said playing a sick man would be degrading. He said he'd be the Prince. It was my play, so of course I play the leading role. Those other guys were trying to be clever." | |
"အေး ကောင်းကွာ။ အခု အဲဒီကောင်တွေကော" |
"I see. Where are they now?" | |
"မရှိတော့ဘူး။ ဘယ်နေရာ သွားမူးနေကြသလဲ မသိဘူး။ ကျွန်တော် ရှာတာလည်း မတွေ့ဘူး" |
"They're not around anymore. I don't know where they went to get drunk. I couldn't find them when I looked." | |
အဲဒီညက သာဒွန်းကတော့ မင်းညီမင်းသား အဝတ်အစားနဲ့၊ မျက်နှာချေနဲ့။ လူကြီးတွေကလည်း မျက်စောင်းတခဲခဲ အံတကြိတ်ကြိတ်နဲ့။ နိမိတ်လေးအင် ဗုဒ္ဓဝင်ဇာတ်မှာ သူအို သူနာ သူသေ ရဟန်း လုပ်မယ့်လူ မရှိတော့ သာဒွန်းလည်း ဘာတတ်နိုင်မှာတုန်း။ ဆဲလည်း ခံရုံပေါ့။ သာဒွန်းကတော့ သူအို သူနာ သူသေ သူရဟန်း လုပ်မယ့် သူ့သူငယ်ချင်း လေးယောက်ကို မျှော်တုန်း။ |
That night, what could Thadun do with just the costume, makeup, and the three old people biting their nails and glancing nervously, when they didn't have an Old Man, a Sick Man, a Dead Man and a Monk to put on the play with anymore? Let people swear at him. He couldn't help it. Thadun was still waiting for his friends to play all those roles. | |
[၆] |
[6] It's been a while since then. Even though it happened back in the days of the village chiefs, when the subject is relevant, the villagers in Fig Tree Creek still talk about it. They still enjoy making an example out of the story. |