"အင်းဗျာ။ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး" |
"You're right. I don't know what we should do anymore." |
|
"နေပါဦးဗျာ၊ သာဒွန်း မေးကြည့်ပါဦး" |
"Wait a minute, let's try asking Thadun." |
|
လူကြီးတွေက တာဝန်သာ ယူလာတာ၊ ဘောဂချောင်က တင်ဆက် ရမယ့် တစ်ခန်းရပ်ပြဇာတ်ကို ဘယ်လိုမှ စဉ်းစားလို့မရဘူး။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ နောက်ဆုံးတော့ ချောင်ထဲက အမြဲမူးနေတဲ့ သာဒွန်းကို ဆရာတင်ဖို့ လုပ်ရတော့တယ်။ သာဒွန်းက ဟိုစပ်စပ် ဒီစပ်စပ်တော့ ပါတယ်။ စည်းလေးဝါးလေး နည်းနည်းပါးပါး နားလည်တယ်။ ဒိုးလေး စခွန့်လေး တီးတတ်တယ်။ သီချင်းလည်း ဆိုတတ်တယ် ဆိုပေမယ့် နှဲက စီရှပ်ဆိုရင် သူက ငါးပေါက်အောက်ပြန် လောက်နဲ့ အော်ချင်အော်နေတဲ့ ကောင်ပေမယ့် ဘောဂချောင်မှာတော့ သူလည်း တေးသံရှင် "ဘောဂချောင် သာဒွန်း" ပေါ့လေ။ |
The three old people couldn't think of any play which Riches Corner had the responsibility to present. They didn't know what to do. Finally they got Thadun, who was always drunk in town, to be their leader. Thadun was meddlesome. He knew a little about drums and gongs. He could play the solo and double-headed drums. One could say he sang, but if the oboe was playing C sharp, he would be screaming, not singing, five notes lower. Even though he was like that, in Riches Corner, he was "Our Thadun, the Singer." |
|
"ဒီကောင်လုပ်ရင်တော့ ဖြစ်မယ် ထင်တာပဲဗျာ။ မေးကြည့်တာပေါ" |
"I think he can make it work. Let's ask him." |
|
[၃] သာဒွန်းနဲ့ သူ့သူငယ်ချင်း လေးယောက်က သူတို့ရှေ့က လူကြီးသုံးယောက်ကို အံ့သြတကြီး ကြည့်နေကြတယ်။ သူတို့တစ်သက် ချောင်က လူကြီးတွေက သည်လိုယုံယုံကြည်ကြည် တာဝန်ပေးတာမျိုး မရှိခဲ့ဖူးဘူး။ သူတို့ကို အားကိုးတယ်လို့လည်း တစ်ခါမှ ပြောဖူးတာ မဟုတ်ဘူး။ မင်းတို့မရှိရင် ချောင်က ဘယ်လိုမှကို နလံထူမှာ မဟုတ်ဘူး။ ဘောဂ ချောင်ရဲ့ ဂုဏ်သိက္ခာကို မင်းတို့ ထိန်းသိမ်းရမယ် ဆိုတာမျိုးကိုလည်း သူတို့ မကြားဖူးဘူး။ ဒါပေမယ့် ကနေ့တော့ လူကြီးသုံးယောက်က ခေါ်တယ်ဆိုလို့ လာကြတော့ တကယ့်ကို တာဝန်ပေးနေပြီ။ တာဝန်ကလည်း ကြည့်ဦး။ တစ်ရွာလုံးက ကြည့်မယ့်ပွဲ တဲ့။ ဆွမ်းသိမ်းပွဲ တဲ့။ ချောင်ငါးခုစလုံးက တစ်ချောင်တစ်မျိုး အသုံးတော်ခံကြမှာ တဲ့။ ကိုယ့်ချောင်ကညံ့ရင် ကိုယ်ခံ တဲ့။ ပြဇာတ်၊ ထိုးဇာတ်၊ တစ်ခန်းရပ်၊ အော်ပရာ။ ကြိုက်ရာတစ်ခုခု လုပ်တဲ့။ ဘယ်သူမှ မစွက်ဖက်စေရ တဲ့။ ဘယ်သူကမှ မင်းတို့ကို သြဇာမပေးစေရဘူး တဲ့။ ဘောဂချောင်မှာရှိတဲ့ ပစ္စည်းပစ္စယ ကြိုက်တဲ့ထဲက ကြိုက်တဲ့အိမ်က ယူသုံးခွင့်ပြုသတဲ့။ ဒါပေမယ့် ဆွမ်းသိမ်းပွဲမှာတော့ ဘောဂချောင်က တာဝန်ယူ တင်ဆက်မဲ့ အခန်းတစ်ခန်းတော့ ပါကိုပါမတဲ့။ |
[3]
Thadun and his four friends looked on in surprise at the three old people before them. In their entire lifetimes they had never been entrusted with this kind of responsibility by village elders. It wasn't that no one had that ever relied upon them. It wasn't that the Corner couldn't survive without them. They had never been told they had to maintain the dignity of Riches Corner. But that day the village elders called them, they went and were given a real responsibility. They were told to think about their responsibility, that it was a play the entire village would see, that it would be a Hsunthein Pwe, that every Corner had to bear a different responsibility, that they would suffer if Riches Corner's performance was bad. Put on whatever singing, one-act play or fantasy piece you like. Don't let anyone interfere. Don't let anybody influence you. You can make use of anything from any home in Riches Corner. But Riches corner has to play a part in this Hsunthein Pwe.
|