"ကိုင်း မင်းတို့ဖြစ်မလား သာဒွန်း" |
"Well, Thadun, do you think you can do it?" | |
သာဒွန်းကလည်း သူ့သူငယ်ချင်း လေးယောက်ကို လှမ်းကြည့်တယ်။ သူငယ်ချင်းလေးယောက်ကလည်း သာဒွန်းပြီးရင် ပြီးတာပဲဆိုတော့ သာဒွန်းကိုပဲ ပြန်ကြည့်ကြတယ်။ အမှန်တော့ ကိုယ့်ချောင်အကြောင်းတော့ ကိုယ်သိတယ်။ အမည်ကသာ ဘောဂချောင်၊ ဆင်းရဲလိုက်ကြတာ တာတေလံလို့။ ဘယ်အိမ်မှ တံခါးရှိတာ မဟုတ်ဘူး။ ဘယ်အိမ်ကမှ နွားတစ်ရှဉ်း ကျွဲတစ်စီး ပိုင်တာ မဟုတ်ဘူး။ ဟင်းရွက်ကလေး ခူးလိုက်၊ ကောက်သင်းလေး ကောက်၊ စပါးလေးရိတ်နဲ့ ဝမ်းတစ်ထွာ ရှာရတဲ့ချောင်မှာ တခမ်းတနား တင်ဆက်ရမယ့် ထိုးဇာတ် ဘယ်လို စီစဉ်မလဲ။ သာဒွန်း စဉ်းစားတယ်။ ခဏနေတော့မှ---- |
Thadun glanced at his four friends. His four friends looked back at Thadun because it was all up to him. Actually all of them knew about their Corner. Only its name contained "Riches" they understood it was very poor. Not every house had a door. Not every household owned cattle or oxen. How were they going to put on a one-act play in a Corner where people led a hand-to-mouth existence reaping paddy, gleaning through odds and ends, and picking leaves? Thadun thought it over. After a moment, he said, | |
"ရတယ်ဗျာ၊ ကျုပ် လုပ်မယ်" |
"We can do it. I'll do it." |
|
"ဟေ" |
"Hmmmm" | |
လူကြီးသုံးယောက်ကတော့ ဝမ်းသာကြတာပေါ့။ ဆရာတော်ကိုလည်း လေးစား၊ သူကြီးကိုလည်း ကြောက်လို့သာ ယူရတဲ့ တာဝန်။ ပခုံးပြောင်းပေး ရတော့မယ်ဆိုတော့ ဝမ်းသာတာပေါ့။ |
The three village old people were very happy. They were happy to be able to finally transfer the responsibility they had to take out of reverence for the great monk and fear of the village chief, onto someone else's shoulders. |