"ဟဲ့ကောင်၊ တစ်ရွာလုံး ကြည့်မယ့် ပွဲနော်။ မင်း ပေါ့ပေါ့ဆဆေတာ့ သဘောမထားနဲ့ ငါ့ကောင်ရ။ မင်းအစွမ်းတော့ ငါသိပါတယ်။ ဒါပေမယ့် မင်းသမီးလည်းမပါဘဲ လူငါးယောက်နဲ့ကမယ့်ဇာတ် ရှိလို့လား" |
"You know it's going to be a play for everyone in the village to see, don't you? Don't think about it carelessly. I know your skills. Are you really thinking of having just the five people perform without any women? | |
"ရပါတယ်ဗျာ။ ဆွမ်းသိမ်းပွဲဆိုတော့ ဘာသာရေးနဲ့ပတ်သက်ရမှာကိုး ဗျ။ ဒါလည်း စဉ်းစားရသေးတယ်။ ဘောဂချောင်က ဆင်းရဲပေမယ့် သာဒွန်း ဖြစ်အောင် လုပ်နိုင်ပါတယ်" |
"Please don't worry. Of course a Hsunthein Pwe is a religious occasion. I've thought about that, too. Riches Corner may be poor, but I can handle it." | |
"ကောင်းပါ့ မောင်ရာ၊ ဒါထက် အဝတ်အစားကကော" |
"Well, fine. But what about costumes?" | |
"မလိုဘူး။ မင်းညီမင်းသား အဝတ်အစားတစ်စုံနဲ့ သင်္ကန်းဟောင်း တစ်ထည်ပဲ လိုတယ်" |
"We won't need any. We'll only need an old monk's robe and a prince's costume." | |
"ဟေ" |
"Hmmm" | |
"ဘကြီးတို့ စိတ်အေးအေးသာ ထားပါဗျာ။ ကျွန်တော် ရှာခိုင်းတာသာ ရှာပေးပါ" |
"Please don't worry. Just find what I ask you to." | |
"ဒါလောက် ဖြစ်ပါတယ်။ ကျန်တဲ့သုံးယောက်က ဘာဝတ်မှာတုန်း။ ဇာတ်က ဘာဇာတ်တုန်း" |
"That much we can do. What will the other three wear? Which play will you put on?" | |
"နာမည် မပြောနဲ့ဦး။ တစ်ခန်းရပ်လို့ပဲ ပြောထား။ ကပ်ပြီးမှ ကြေညာမယ်။ ကျန်တဲ့သုံးယောက်ကလည်း ဘာမှ ဝတ်စရာမလိုဘူး။ ရတယ်" |
"Don't announce the name yet. Let's just say it's a one-act play. I'll announce it only when the time is near. The other three don't need any costumes." | |
ဘောဂချောင်က လူကြီးသုံးယောက်ကတော့ နားကိုမလည်နိုင်တော့ပါဘူး။ လူငါးယောက်နဲ့ကမယ့် တစ်ခန်းရပ် တဲ့။ အဝတ်အစား မလိုဘူး တဲ့။ အမျိုးသမီး မလိုဘူး တဲ့။ ဘာဇာတ်လည်း ဆိုတာလည်း မပြောနိုင်ဘူး တဲ့။ လျှို့ဝှက်တောင် ထားရဦးမတဲ့။ ဘာပဲဖြစ်ဖြစ်လေ။ ဆွမ်းသိမ်းပွဲမှာ "ဘောဂချောင် သာဒွန်း" ရဲ့ တစ်ခန်းရပ်ပြဇာတ် တင်နိုင် ပြီးတာပဲ။ သည်လိုပဲ သဘောထားရတော့တာပေါ့လေ။ |
The three old people from Riches Corner just couldn't understand. He said he'd put on a one-act play with five people. He said he didn't need any costumes. He said he didn't need any women. He said he couldn't say which play he'd put on. He said he'd keep it a secret. Anyway, at the Hsunthein Pwe it would be fine to say that it was Thadun from Riche's corner one-act play. In the end that's how they agreed to it. |