sound.gif (2534 bytes)

[]
    သည်လိုနဲ့ ဆွမ်းသိမ်းပွဲ နီးလာပြီ ပြောပါတော့။ တကယ်ဆိုရင် သူများတွေက ဆိုင်းသံမောင်းသံတွေနဲ့ တချိန်းချိန်း တိုက်ကြပြုကြ၊ စတော် တိုက်ကြ၊ လမိုင်း တ်ကြ၊ ဆိုကြ ငိုကြနဲ့ နောက်နောက်နောက်နောက် ဖြစ်နေချိန်မှာ ဘောဂချောင်သာဒွန်းတို့ ဘာမှ မလုပ်သေးဘူး။ သူများတွေ လုပ်ကြကိုင်ကြတာလဲ ကြည့်ဦးလေ။ လက်ခုပ်ချောင်က သေရိဝဝါဏိဇ ရွဲကုန်သည ဇာတ်တဲ့။ ရွှေမန်းဦးတင်မောင်ရဲ့ ရွဲကုန်သည်ကို တိပ်ခွေနဲ့ဖွင့်ပြီး ရှေ့ကလူက သရုပ်ဆောင်ကြမှာတဲ့။ ဒန်ဖလားကို ရွှေရောင်စက္ကကပ်သူက ကပ်လို့။

[4]
Finally the time for the Hsunthein Pwe drew near. Thadun and his friends had not actually done a thing while other people were busy practicing in the orchestra, beating drums,  making offerings to the spirits of the agriculture and of theatrical performances, and rehearsing their singing and lamenting. Let's take a look at what the other people were doing. Hand Clap Corner was going to put on "Theiriwawaniza the Glass Ball Seller"  to a soundtrack. In the background they were going to play Shway Man U Tin Maung's tape and have people lip-synch and perform in the front. They had a person covering aluminum cups with gold paper for the play.
sound.gif (2534 bytes)

    အလိုလေးချောင်က ကိသာဂေါတမ တိပ်ခွေဇာတ်လမ်း တဲ့။ အဝတ်အစားတွေ မြို့တက်ငှားလို့ တဲ့။ ကိသာဂေါတမီလုပ်တဲ့ မိန်းကလေးကလည်း မာန်ပါလိုက်တာတဲ့။ မြိုမနဲ့မင်းလမ်းကတော့ ချမ်းသာတဲ့လူ များတော့ တတ်လည်းတတ်နိုင်တာကိုး။ ယိမ်းတွေနဲ့တဲ့။ တစ်ခန်းရပ် ပြဇာတ် ကလေးနဲ့တဲ့။ ဘောဂချောင်က သာဒွန်းတို့ကတော့ အေးအေးပဲ။ တစ်ခန်းရပ် လုပ်မယ့် သာဒွန်းလည်း ကဖို့ နှစ်ရက်ပဲ လိုတာတောင် သူ့ဇာတ်ကို မပြောသေးဘူး။ သူနဲ့တွဲဖက် သရုပ်ဆောင်ရမယ့် လေးယောက်ကလည်း အခုထက်ထိ ဘာလုပ်ရမယ် မသိသေးဘူး။ တကယ်ဆိုရင် တိုက်ဖို့ကောင်းပြီ။ တိုက်သားကျဖို့ ကောင်းပြီ။ နောက်ခံတီးဝိုင်းက ဘာတီးမယ်၊ ဘယ်သူက ဘယ်လို ထွက်မယ်၊ ဘယ်သူက ဘာပြောမယ်ဆိုတာလည်း အခုချိန်လောက် ဆိုရင် သိဖို့ကောင်းပြီ။

Alo Lay Corner was going to perform the play, "Kitha Gawdami," also to a tape. They went to the city to rent costumes. It was said that the woman who was to perform Kithagawdami was very haughty. Of course the people from the Central and King's Road could afford anything. They were doing choral dancing and a small one-act play. But Thadun  remained unworried. Thadun hadn't even told anyone the name of the play he was to put on in two days. The four men he was performing with didn't know what they were going to do. Actually, they should've been rehearsing. It should've been well rehearsed by that point. They should've known what the orchestra would play in the background, who would appear on stage and who was going to say what.
sound.gif (2534 bytes)

    သာဒွန်းကတော့ အေးအေးပဲ။ လူကြီးတွေကတော့ ခေါင်းပူလှပြီ။ သာဒွန်းရှာခိုင်းတဲ့ မင်းညီမင်းသားများ ဝတ်တဲ့ အဝတ်အစားလေး မရှိမယ့် ရှိမယ့် ငှား။ သင်္ကန်းဟောင်းလေး တစ်ထည် ကျောင်းကတောင်းပြီး လာပို့ထားတာတောင် တစ်ခန်းရပ်က မလှုပ်သေးတော့ သာဒွန်းတို့ လေးယောက်ကို ခေါ်ရတော့တာပေါ့။ သာဒွန်းတို့ ရောက်လာတော့ လူကြီးတွေကလည်း ဒေါကန်သူက ကန်နေကြပြီ။

But Thadun wasn't worried. The three old people, on the other hand, were quite worried. They had rented a costume for Thadun with the little money they had and borrowed a monk's robe from a monastery, but even then Thadun hadn't done anything, so they summoned Thadun. Some of them had started to get angry by the time Thadun and his friends arrived.

 

Back Next